Wednesday, January 16, 2013

လွှတ်တော်အမတ်များ ဖတ်မိစေဖို့

Posted by drmyochit Wednesday, January 16, 2013, under , | No comments

၁၅-၁-၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ပြည်ထောင်စုလွှတ်တော် သတင်းဖော်ပြချက်(၁)
နေပြည်တော် ဇန်နဝါရီ ၁၄
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့တွင် ကျင်း ပရာ ရှေး ဦး စွာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ နယူးဒေ လီမြို့၌ ကျင်းပသည့် နှစ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်း အမှတ် မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးတက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း သည့် သဝဏ်လွှာကိုတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ အာမေးနီးယားသမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ရေးကိစ္စ နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စား လှယ် (၃) ဦး တို့က ဆွေးနွေးကြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က မြန်မာနိုင်ငံအနေဖြင့် ပြည် ပနိုင်ငံများတွင် မြန်မာသံရုံး(၃၃)ရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံး (၃)ရုံး နှင့် မြန်မာေ ကာင်စစ်ဝန်ချုပ်ရုံး (၄) ရုံး စုစုပေါင်း ဖွင့်လှစ်ထား ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ရုံးများ၌ သံအမတ်ကြီးများ၊ အမြဲ တမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များကို တာဝန်ပေးစေလွှတ် ခန့်အပ်ထားကြောင်း၊ ယင်းနိုင်ငံများမှတစ်ဆင့်လည်း ဥရောကော်မရှင်နှင့် ဥရောပယူနီယံ အပါအဝင် နိုင်ငံနှင့် အဖွဲ့ အစည်း (၃၈) ခုကို ဌာနေရုံး သွားရောက်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ပူးတွဲ၍ တာဝန် ထမ်းဆောင်စေလျက်ရှိကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် လွှတ်တော်၏ သဘောထားကို ရယူရာ သဘောမတူသူ မရှိသည့်အတွက် အာမေးနီးယး သမ္မ တ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ရန် နိုင်ငံတော်သမ္မတ၏ တင်ပြချက်ကို လွှတ်တော် က အတည်ပြုသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ၏ သဘောထား မှတ်ချက်များအပေါ် ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို မဲခွဲ ဆုံးဖြတ် ၍ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် အတိုင်း အတည်ပြုသည်။

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ် လျဉ်း ၍ နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်များအပေါ် ဆွေးနွေးကြသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကျမ်း နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့သည့် သဘောထား မှတ်ချက်များမှာ “ဥပဒေ ကြမ်း ပုဒ်မ(၂)၊ ပုဒ်မခွဲ(က) နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၁ ၌ နိုင်ငံတော်သမ္မတသည် မိမိရွေး ချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကို လည်းေ ကာင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေး အပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောာင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘော တူ ညီချက် ရယူရမည်ဟု ပြဋ္ဌာန်းထားပါသည်။ လွှတ်တော်၏ ပြင်ဆင်ပြဋ္ဌာန်းလိုချက်သည် ဖွဲ့စည်း ပုံ အခြေခံဥပဒေအား ဆန့်ကျင်လျက်ရှိရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ (၂၂) ခုတွင် ဖွဲ့စည်းပုံ ဥပဒေအား မဆန့်ကျင်သော ပြဋ္ဌာန်းချက် သာလျှင် အတည် ဖြစ်သည် ဟုပုဒ်မ ၄၄၆ တွင် ပြဋ္ဌာန်းပြီးဖြစ်ရာ ဆန့်ကျင်ပြဋ္ဌာန်းလျှင် အလိုအလျောက်ပျက်ပြယ်မည် ဖြစ်ပါကြောင်း။

ဥပဒေကျမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)နှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂ နှင့် ၃၂၃တို့၏ ပြဋ္ဌာန်းချက်များတွင် ပါရှိသော ခုံရုံး၏ လုပ်ငန်း တာဝန်များအား စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖြည့်စွက်သည့် ပုဒ်မခွဲ(ဈ) ပါ ဖော်ပြချက် သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်ခြင်း မရှိသည့်အပြင် ထိုသို့ ဖြည့်စွက်ပြဋ္ဌာန်းပါက နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အမြင့်ဆုံးတရားရုံးဖြစ်သည့် ထိုခုံရုံး၏ လွတ်လပ်စွာတရား စီရင်ရေး ဆုံးဖြတ် ခွင့်ကို ထိခိုက်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တရားစီရင်ရေးကဏ္ဍအား ဝင်ရောက်စွက်ဖက် မှုဖြစ်လာ ပါမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ တရားစီရင်ရေး မူကိုလည်း ဆန့်ကျင်နေပါသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက် အား ဆန့်ကျင်လျက်ရှိရာ ဒီမိုကရေစီအနှစ်သာရ ပီပြင်စေရေး အထူးစောင့်ထိန်းရမည့် အချက်ဖြစ်သဖြင့် ဖြည့် စွက်ပြဋ္ဌာန်းရန် မသင့်ကြောင်း တွေ့ရှိရပါကြောင်း။

ဥပဒေကျမ်း၏ ပုဒ်မ ၃ နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပုဒ်မ ၂၃ နှင့် ၂၄ကို ပြင်ဆင်အစားထိုး ပါက အပြီးအပြတ် အတည်ဖြစ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ)ပါ တရားရုံးတစ်ရုံးက တင်သွင်းသော အကြောင်း ကိစ္စအပေါ် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တစ်ခုနှင့်သာ သက်ဆိုင်စေ မည် ဖြစ်ပါသည်။ ကျန် အကြောင်း ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက် များ သည် အပြီးအပြတ်ဖြစ်မည် မဟုတ်သဖြင့် အယူခံပြင်ဆင် တက်ရောက်နိုင်ခွင့်ရှိသော ဆုံးဖြတ်ချက် အဖြစ် သို့ သက်ရောက်စေပါသည်။ ယင်းပြင်ဆင်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၄ ပါပြဋ္ဌန်း ချက် ဖြစ်ေ သာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ် သည် ဆိုသည့် ပြဋ္ဌာန်းချက်အား ဆန့်ကျင် သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ ပျက်ပြယ်မည်သာ ဖြစ်ပါကြောင်း။

ဥပဒေကြမ်း၏ ပုဒ်မ ၄ နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၂၅ မှာ ခုံရုံး ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် များသို့လည်ကောင်း၊ သက် ဆိုင်ရာ နေရာ ဒေသအသီးသီးသို့ လည်းကောင်း အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းချက်ဖြစ်ပါသည်။ ပုဒ်မ ၂၅ ၏ အနှစ်သာရမှာ ခုံရုံး၏ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှုအပေါ် အငြင်းပွားမှု မရှိစေရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ပြဋ္ဌာန်းထားခြင်းမရှိပါက ခုံရုံး၏ အကျိုးသက်ရောက်မှုအပေါ် အငြင်း ပွားခြင်း ၊ အဓိပ္ပာယ်ဖွင့်ဆိုရခြင်းများ ရှိလာနိုင်သဖြင့် မူလဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၂၅ ကို ပယ်ဖျက်၍ မရကြောင်း တွေ့ရှိရ ပါကြောင်း” ဟူ၍ ဖြစ်သည်။

ထို့နောက်နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ သီပေါ မဲဆန္ဒနယ်မှ ဦးရဲထွန်းက ဆွေးနွေးရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အချက်တစ်ချက်ချင်း အလိုက် ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆွေးနွေးသည့်အခါ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဌာနစွဲ မထားဘဲ မှန်သည်ဟု မိမိထင်မြင် ယူဆထားသည့်အတိုင်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ နောက်တစ်ချက် အရေးတကြီးပြောလိုသည်မှာ မိမိဆွေးနွေးပြောဆိုချက် များသည် လက်ရှိ ဖွဲ့စည်းပုံဥပဒေကို ကြိုက်ခြင်း- မကြိုက်ခြင်း၊ ပြင်ဆင်လိုခြင်း- မပြင်ဆင်လိုခြင်းများနှင့် သက်ဆိုင်မှုမရှိဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးထားရှိသည့် နိုင်ငံရေး စနစ်တစ်ရပ်တွင် ရှိသင့်ရှိထိုက်၊ အလေးအနက် ထားသင့်ထားထိုက်သော မူဘောင်များဘက်မှ ရပ်တည်ပြီး ဆွေးနွေးသွားမည်ဖြစ်၍ မိမိသည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင် မပြောင်းလဲလို သည့်သူဟု မထင်မှတ်ကြရန် ဖြစ်ပါကြောင်း၊ မိမိတို့တစ်တွေ ဥပဒေများ ပြုကြသည့်အခါ ထိုဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်၍ မရဘူး ဆိုသည်ကို အားလုံးသိရှိ လက်ခံကြပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူ လူထု အကျိုး စီးပွားကို မဖော်ဆောင်နိုင်ခြင်း၊ ဆန့်ကျင်နေခြင်းကို တွေ့ရှိလာလျှင် ထိုမူလအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် ကိုသာ ပြင်ဆင်ရန် ကြိုးစားကြရ မည် ဖြစ်ပါကြောင်း၊ ထိုသို့ မကြိုးစားဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင် သည့် ဥပဒေများကို ဇွတ်အတင်း ရေးဆွဲပြဋ္ဌာန်းရန် သာ ကြိုးစားကြမည်ဆိုလျှင် နောင်အနာဂတ် ဥပဒေပြုရေးတွင် ထုံးစံတစ်ခုကဲ့သို့ ဖြစ်သွားပြီး မဖြေရှင်းနိုင်အောင် ရှုပ်ထွေးလှသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြဿနာများ တသီတတန်းကြီး ပေါ်ထွက်လာမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း၊ ထို အခါ အရည်အချင်းပြည့်ဝပြီး အဂတိတရားလေးပါးကင်းစင်သည့် လွတ်လပ်မှု အပြည့်အဝ ရှိသော ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း မရှိ၊ ခုံရုံး၏ဆုံးဖြတ် ချက်များကလည်း ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်လျှင် နောက်ဆုံးအဆုံးအဖြတ် မဖြစ်ရာ ဘယ်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို နာခံရမှန်းမသိ ဖြစ်ပြီး ပြဿနာများ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာပါလိမ့်မည် ဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအကျ ပြဋ္ဌာန်း ထားချက်များကို အဓိပ္ပာယ် အနည်းငယ် ကွဲလွဲအောင် ပြင်ဆင်ရေး သားလိုက်ခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်သည်ဟု ဆိုလိုခြင်း ပင် ဖြစ် ပါကြောင်း၊ ယခုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂၁ တွင် အတိအကျ ပြဋ္ဌာန်းထားသည့် ''နိုင်ငံတော် သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေး ချယ် ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး စု စုပေါင်း ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်''ဟု အတိအကျ ပြဋ္ဌာန်းထားခြင်းကြောင့် ထိုပြဋ္ဌာန်းချက်ကိုပြန်လည် ပြင်ဆင်ရေးသား ထားသည့်ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(က)သည် ဒီမို ကရေစီ ကျင့်စဉ်များနှင့် ပိုမိုညီညွတ်ပါသည်ဟု မှန်ကန်သည့် အကြောင်းပြစေ ကာမူ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ကို ဆန့်ကျင်နေသည့် အတွက် မိမိအနေဖြင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက် ကို မထောက်ခံနိုင်ပါကြောင်း၊ အကယ်၍သာ ဤပြင်ဆင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၁ ကို အစားထိုးပြင် ဆင် ပြဋ္ဌာန်းခြင်းလုပ်ခြင်း ဆိုပါက မိမိထောက်ခံမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ကိစ္စတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြဋ္ဌာန်းရာ ရောက်သည့်အတွက် သမ္မတ၏ သဘော ထား မှတ်ချက်ကသာ မှန်ကန်သည်ဟု ယူဆထောက်ခံအပ် ပါကြောင်း။


ဒေါက်တာဆိတ်ဖွား ပြုစုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်