Wednesday, January 16, 2013

ELEVEN မီဒီယာက ၎င်းအား အင်တာနက်အက်ကာအဖွဲ့မှ တိုက်ခိုက်သွားသဖြင့် ELEVEN MEDIA က နိုင်ငံ့ ၀န်ထမ်း များအား အသရေဖျက် မှုကျူး လွန်ပြန်

Posted by drmyochit Wednesday, January 16, 2013, under | No comments


မီဒီယာလော ကတွင် မီဒီယာ သမားချင်း လည်းမတဲ့ ၊ ဌာန ဆိုင်ရာနဲ့လဲ အဆင်မပြေ ၊ သွားဆက်ဆံမိသူ မည်သူနှင့် မဆို အဆင် မပြေမှု များလွန်း သဖြင့် ဆူးလှည်းကြီးဟု သတင်းကြီးသော ELEVEN MEDIA ၏ အင်တာနက်စာ မျက်နှာ များအား RED ARMY TEAM ဟု အမည်ပေးထားသော အင်တာနက် ဟက်ကာ များက တိုက်ခိုက် သွားသဖြင့် ၄င်းတို့၏ အင်တာနက်စာမျက်နှာများ 15-1-2013 နေ့လည်ပိုင်းမှစ၍ ၀င်ရောက် ဖတ်ရှု၍ မရတော့ကြောင်း သိရှိရပါသည်။ ထိုသို့တိုက်ခိုက်မှုသည် မည်သူမည်ဝါက တိုက်ခိုက်သည်ကို မသိရှိ ရသော်လည်း နိုင်ငံ့ ၀န်ထမ်းများအား အသရေ ပျက်စေလိုသော ရည်ရွယ် ချက်ဖြင့် နိုင်ငံ့ဝန် ထမ်းများက တိုက်ခိုက်ထား သယောင် အများ ပြည်သူမှ အထင်မှားစေရန် တမင်ရည်ရွယ်၍ အောက်ပါ အတိုင်း စွပ်စွဲရေး သားခဲ့ပြန်ပါသည် ။ 

"သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊အရာရှိကြီးများ အနေဖြင့် မိမိလက်အောက်ရှိ အရာရှိ ငယ်များ၊ ၀န်ထမ်း များ၏ ဥပဒေမဲ့ ကျူးလွန် မှုများကို သတိပေး ထိန်းသိမ်း တားဆီးရန် လိုအပ်မည်ဖြစ် ပါသည်။ ထိုသို့ မဟုတ်ပါက ယင်းအဖွဲ့အစည်းများ အနေဖြင့် ထိုသို့လုပ်ဆောင်မှုများအတွက် နိုင်ငံတ ကာတွင် အရှက် သိက္ခာ ကျဆင်းစရာများ ဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးအပ်ပါသည်။" သို့ဖြစ်ပါ၍ ဤသို့ မည်သည့် အထောက် အထား တစ်စုံ တရာ မရှိပဲ နိုင်ငံ ၀န်ထမ်း များအား အကြည်ညို ပျက်စေ လိုသောရည် ရွယ်ချက်ဖြင့် တမင် စွပ်စွဲဖေါ်ပြခဲ့သော ELEVEN MEDIA အား အသရေဖျက်မှုဖြင့် တာဝန်ရှိ သူများက အမြန်အရေးယူဆောင်ရွက်သင့်ပါကြောင်း 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်