Wednesday, January 16, 2013

လက်နက်ကြီး ပစ်ခတ်မှုအသံများကြောင့် ဖားကန့်စာသင်ကျောင်းများပိတ်လိုက်ရ

Posted by drmyochit Wednesday, January 16, 2013, under | No comments


ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေ တပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်းနဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေဘက်ကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီ ခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့် အထက် တန်းကျောင်း ကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိ ရပါတယ်။

ဖားကန့်အထက်တန်းကျာင်းဟာ ဗျူဟာကုန်းအနီးမှာ ရှိတဲ့ အတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေ ကျောင်းသူ၊ကျောင်း သားတွေ လုံခြုံရေးအတွက် စိုးရိမ်ပြီး ပိတ်လိုက် တာလို့ လက်ရှိအခြေအနေတွေနဲ့ ပတ် သက်ပြီး ဖားကန့်မြို့ နယ် NLD ပါတီက ဦးဟန်မြင့်က RFA ကို အခုလိုပြောပါတယ်။

" မနက်ကလက်နက်ကြီးသံတွေ ကြားလို့ စာသင်ကျောင်းေ တွကို နေ့လည်ကပဲပိတ်လိုက်ပါတယ်၊ ဗျူဟာ ကုန်းနဲ့ လည်း နီးတယ်လေ၊ ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာစားနိုင်သောက်နိုင်အောင် ကျွန်တော် တို့ ကတော့ ငြိမ်းချမ်းရေး အမြန်ရချင်တယ်"

အစိုးရတပ်တွေ အခြေစိုက်တဲ့ ဖားကန့်ဗျူဟာကုန်းနဲ့ မျောက်ဖြူရွာတွေကနေ ဖားကန့်မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက် ဘက် ၁ မိုင်ကနေ ၄ မိုင်အကွာအဝေးမှာရှိတဲ့ ကေအိုင်အေ တပ်တွေ အခြေစိုက်ရာ လမောင် ကုန်း၊ မှော်မောင်းလျန်၊ ဆိုင်းဂျာဘွမ်၊ ဗလခ၊ မှော်မောင်းကုန်းစတဲ့ ရွာတွေဘက်မှာ အပြန် အလှန် ပစ်ခတ်တိုက်ခိုက်သံအချို့ကို ဒီကနေ့မနက်ပိုင်း မှာ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

(By -RFA)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်