Wednesday, January 16, 2013

နေရောင်ခြည်ဒဏ်ကြောင့်နေလောင်ဒဏ်ရာရသွားသောအရေပြားအတွက်လွယ်ကူသက်သာနည်းလမ်းများ

Posted by drmyochit Wednesday, January 16, 2013, under | No comments

လူတိုင်း ဟာနေရောင် ဒဏ်ကို မခံချင်ဘဲ အရိပ် ထဲမှာနေပြီး အလုပ် လုပ်လို သူတွေ များပါတယ်။ ဒါပေ မယ့် နေရောင်ခြည်အောက်မှာလဲ မလွဲ မရှောင်သာ သွားလာ လှုပ်ရှား ရတဲ့အ ခြေအနေ ကိုလည်းကြုံတွေ့ ရပါတယ်။ အဲဒီ အခါ မှာနေလောင်ဒဏ် ရာတွေ ရရှိပြီး အသား အရေ ညိုမောင်း သွားမှု လိုအလှ အပ ဆိုင်ရာ အပြင်မှဲ့ကင်ဆာ၊ အရေပြားကင်ဆာလိုမလိုလားအပ်တဲ့ အခြေအနေ မျိုးလည်းရနိုင်ပါတယ်။အခုဖော်ပြပေးမည့် နည်းလမ်းလေးတွေကအရေပြား ပျက်စီးမှုကိုသက်သာ စေပြီး အသား အရည်တောက်ပ မှုကို ပေးစွမ်းနိုင်ပါတယ်။

၁။ ကြက်ဥ အကာနဲ့ပျားရည်ကိုခေါက်ပြီးမျက်နှာဖုံး (mask)ပြုလုပ်ပေးခြင်း။ ဒီနည်း လမ်းဟာ ကြက်ဥ တစ်လုံး (အနှစ် မပါရပါ) ကိုခေါက် ပါမယ်။ ပြီးရင် ပျားရည် လက်ဖက် ရည်ဇွန်း တစ်ဇွန်း ထည့်ပါမယ်။ပြီးရင် မျက်နှာ တစ်ဝိုက် နဲ့လည်ပင်းကို ပါသုတ်လိမ်းပြီး ၁၅ မိနစ်လောက်ခြောက်အောင်ထားပါ။ပြီးရင် ခွာလိုက် တာနဲ့တောက်ပ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင် ပါတယ်။တစ်ပတ် ကိုနှစ်ကြိမ် လောက်ပြုလုပ် ပေးနိုင်ပါတယ်။

၂။ နွားနို့ နဲ့ပျားရည်။ ဒီနည်းလမ်းမှာတော့နွားနို့( နို့မှုန့်၊နို့ဆီများမသုံး ရပါ) စစ်စစ် မတ်ခွက်တစ် ဝက်( အကြမ်း ပန်းကန် လုံးနှစ် လုံးခန့်)ကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးမွှေပါမယ်။ပြီးရင် မျက်နှာပြင်ပေါ် ကို သုတ်လိမ်းပေးပါ။ဒီနည်း လမ်းကလဲ အသားအရေ ကိုပိုမိုဖြူ စင်စေပြီးနေလောင် ဒဏ်ရာတွေ ကိုသက်သာ စေပါတယ်။

၃။ ပျားရည်နဲ့ထောပတ်သီး။ ထောပတ်သီးကိုမွှေထားတာကသောက်စရာ လို့ပဲမထင်ပါနဲ့။အသားအရေ လှပကြည် စင်စေဖို့လဲသူကတာဝန်ယူ
ပါတယ်။ထောပတ်သီး ကိုမွှေထားတာ (Avocado Mash)ကိုပျားရည် တစ်ဇွန်းထည့်မွှေလိုက်ပါတယ်။ရလာတဲ့ အနှစ်ကိုမျက်နှာဖုံးပြု လုပ်ပေး မယ် ဆိုရင်တော့နေလောင် ဒဏ်နဲ့ အခြား အရေပြားပြဿ နာတွေဖြစ်တဲ့ အရေ ပြားအိုမင်းရင့်ရော်တာ၊အရေပြား တွန့်တာနဲ့အရေပြားပိုးဝင်ခြင်းတွေကို အထိုက် အလျောက် ကာကွယ်ပေးနိုင် ပါတယ်။ဒါပေမယ့်ထောပတ်သီးကလတ်ဆတ်ဖို့၊မွှေတဲ့လုပ်ငန်းစဉ်က သန့်ရှင်း ဖို့နဲ့ လက်တွေကို သန့်စင် ထားဖို့လို တာပေါ့နော်။

၎။ သရက်သီးနဲ့နွားနို့ ။ သရက်သီးအနှစ်ကိုမွှေထားရပါ မယ်။ပြီးရင်တော့ ယင်ကောင် မနားအောင် ဖုံးအုပ်ထား ဖို့တော့လိုတာပေါ့။ ပြီးရင်နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်မွှေပေးပြီး မျက်နှာပြင်ကို သုတ်လိမ်းပေးမယ်၊ ၁၅ မိနစ်လောက်ကြာရင်ဆေးကြောသန့်စင်ပေးမယ် ဆိုရင်တော့ မျက်နှာပြင် ကိုနေလောင်ဒဏ်ကြောင့်ညိုမည်းနေ ခြင်း၊တင်းတိပ်ထွက်ခြင်း၊အရေပြား ပိုးဝင်ခြင်းတွေ ကိုသက် သာစေပြီး အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း သရက်သီးရဲ့ ဓာတ်တိုး ဆန့်ကျင်အာနိ သင်တွေကြောင့် ကာကွယ်နိုင်ပါတယ်။

၅။ နောက်ဆုံးအနေနဲ့အကြံပေးလိုတာကတော့အပေါ်မှာဖော်ပြထားတဲ့မျက်နှာဖုံးတွေအသုံးပြုနေစဉ်မှာ မုန်လာ ဥနီဖျော်ရည်လေးသောက်သုံးပေး ဖို့ပါပဲ။သူ့ရြဲွ့ကယ်ဝတဲ့ဗီတာမင်အေ၊ Antioxidants တွေနဲ့ အခြား ဓာတ်သတ္ထုတွေပါဝင်မှုကြောင့်အသားအရေရဲ့ကျန်းမာရေးကိုအထောက်အကူပြုစေပါတယ်။

ငြိမ်းအေး
Ref: MedIndia
Health Updates Journal
Vol-2,No-3


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်