Wednesday, January 16, 2013

KIA တပ်မဟာ(၁)မှ အမျိုးသမီး ၇ ဦး တပ်မတော်သို့ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် KIA တပ်မဟာ (၁)မှ အမျိုးသမီး ၇ ဦးသည် နီးစပ်ရာ တပ်စခန်း သို့ လာရောက် ပူးပေါင်းကာ လက် နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ ကြောင်း သိရ သည်။

၎င်းတို့၏ ပြောပြချက်အရ KIA အတွင်း အမျိုးသမီးများသည် တန်းတူ ညီမျှသော အခွင့်အရေး များ မရ ရှိခြင်း၊ အနိုင်ကျင့် ခံရခြင်းများ ကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် KIA ခေါင်းဆောင်များ အနေဖြင့် အမျိုး သမီးငယ် များအား ၄င်းတို့ စိတ်ကြိုက် ရွေးချယ်ပြီး ၄င်းတို့၏ အနားတွင် အဖျော်ဖြေခံ ကာမ ကျေးကျွန်း များအဖြစ် ထားရှိကာ ကျန် ကလေးမိခင်များ၊ တစ်ခုလပ် မုဆိုးမ များအား တိုက်ပွဲ ဖြစ်ပွားရာ ရှေ့တန်း စစ် မျက်နှာ များသို့ စေလွှတ်ကာ အသေခံ တိုက်ခိုက်စေခြင်း များကြောင့် ဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့် အဆို ပါ လုပ်ရပ်များကို မခံမရပ်နိုင်၍ ယခုလို လာရောက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသမီး ၇ ဦးတွင် လည်း အပျို စင် တစ်ဦးမှ မပါရှိဘဲ ကလေးအမေ၊ တစ်ခုလပ် မုဆိုးမများသာ ဖြစ်ပါကြောင်း ရင်ဖွင့် ပြောကြား ကြသည်။

၎င်းတို့နှင့် အတူ အမ်(၂၂) ၂ လက်၊ ၄င်းကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၆ ခု။ အမ်(၂၁) ၁ လက်၊ ၄င်း ကျည် ၄၀ တောင့်၊ ကျည်အိမ် ၃ ခု၊ တရုတ် လက်ပစ်ဗုံး ၃ လုံး၊ လမ်းလျှောက် စကားပြောစက် ၁ လုံး တို့ ပါ ရှိကြောင်း သိရှိရသည်။


(စင်္ကာပူဖီးမှ ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်