Wednesday, January 16, 2013

ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်

Posted by drmyochit Wednesday, January 16, 2013, under | No comments

ရန်ကုန်၊ဇန်န၀ါရီ-၁၄
လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ အအေးလွန်ကဲမှု ထပ်မံကြုံတွေ့ရမည်ဖြစ်ပြီး မပြင်း ထန်နိုင်၍ များစွာ စိုးရိမ်ရန် မလိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

ဇန်န၀ါရီ လကုန်ပိုင်းနှင့် ဖေဖော်ဝါရီလတွင် အအေးလွန်ကဲမှုဖြစ်စဉ် နောက်တစ်ကြိမ်ကြုံတွေ့ရနိုင်ကြောင်း မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကလည်းပြောသည်။ အိမ်နီးချင်းနိုင်ငံများတွင် စံချိန်တင် အေးနေခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ဇန်န၀ါရီ ၉ ရက်မှစကာ အအေးလွန်ကဲခဲ့ပြီး ဒေသအချို့တွင် ထူးထူးကဲကဲ အေးခဲ့သည်။

ဇန်န၀ါရီ ၁၁ ရက်မှာ တစ်နိုင်ငံလုံးတွင် အအေးဆုံးရက်ဖြစ်ခဲ့ပြီး ဇန်န၀ါရီ ၁၈၊ ၁၉ ရက်အထိ အေးနိုင်သေးကြောင်း ၎င်းတို့က ခန့်မှန်းသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်