Wednesday, January 16, 2013

ကေအိုင်အေမှ လူသစ်စုပြီး ထွက်ပြေးသူများအား ပစ်သတ်

Posted by drmyochit Wednesday, January 16, 2013, under | No comments

ဝိုင်းမော် ဇန်န၀ါရီလ ၁၆ ရက်

ဝိုင်းမော်မြို့ ရှငေါ့ရွာအနီးမှ ရွှေမှော်တွင် လုပ်ကိုင်နေသောသူများကို ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကေအိုင်အေမှ လူ တစ်စုမှ လက်နက်ကိုယ်စီနှင့် ရောက်လာပြီး ရွှေလုပ်သား ၃၀ ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသော သူတစ်ချို့မှ ပြန်လည်ထွက်ပြေးမှုများ ရှိခဲ့သည့်အတွက် ကေအိုင်အေက လိုက်လံ ပစ်သတ် ခဲ့ပြီး သေဆုံးသူများကို မေခမြစ်အတွင်းသို့ ပစ်ချခဲ့ကြောင်း ထွက်ပြေး လွတ်မြောက် လာသူ တစ်ဦးမှဆိုသည်။


ဇန်န၀ါရီလ ၁၄ ရက်နေ့ နေ့လည်တွင် ရှငေါရွာအနီး မေခမြစ်အတွင်းမှ သေနတ်ဒဏ်ရာနှင့် သေဆုံးနေ သော အလောင်း ၇ လောင်းကို ဆယ်ယူရရှိသည်ဟု ရှငေါရွာသားတစ်ဦးမှ ပြောဆိုခဲ့သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့ နေ့လည် ၂ နာရီတွင်လည်း ၀ိုင်းမော်မြို့နယ် မန်ဒေါရွာအနီး ချောင်းဆုံရွှေမှော် မှလည်း ရွှေလုပ်သား ၂၀ ကိုလည်း ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ကေအိုင်အေ မှ ကချင်ပြည်နယ် အတွင်း လုပ်ကိုင်နေသော တိုင်းရင်းသားလူမျိုးကို ဖမ်းဆီးတာ လူသစ် အဖြစ်စုဆောင်းနေ တာ ၃၀၀၀ ကျော်ရှိနေပြီး အမျိုး သမီးငယ်များ ၂၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ကချင်နေ့စဉ်သတင်းမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်