Wednesday, January 16, 2013

ကေအိုင်အေမှ တရုတ်နှင့်ပေါင်းပြီး မြန်မာ့ သယံဇာတများကို ကိုယ်ကျိုးအတွက် ထုတ်ယူရောင်းစားနေကြောင်းသိရှိရ

မိုးကောင်းမြို့နယ် ရွှေအင်းရွာမှ ရွာသား များသည် အိမ်ဆောက် လုပ်ရန် အတွက် သစ်များ ခုတ်နေစဉ် ကေအိုင်အေ အဖွဲ့ရောက်လာပြီး အခွန်ငွေကောက်ခံ သွားကြောင်း သိရှိရသည်။ ၎င်းတို့ကောက်ခံ သွားသော ငွေပမာဏမှာ သစ်ဖြတ်စက် တစ်လုံးလျှင် ၅သောင်း ကောက် ခံခဲ့ကြောင်း ရွာသားများ အနေဖြင့် မိမိတို့ နေထိုင်ရန် ဆောက်လုပ်မှုအတွက် အခွန် ပေးဆောင်နေရသော်လည်း ကေအိုင်အေများ အနေဖြင့် တရုတ်သို့ သစ်ကားကြီးငယ်များဖြင့် ထုတ်ယူရောင်းစားနေကြောင်းသိရှိရပါသည်။

ကေအိုင်အေမှ တရုတ်နှင့် ပူးပေါင်းပြီး တရုတ်နိုင်ငံသားများနှင့်အတူ သစ်များကို ခုတ်ယူပြီး တရုတ်နိုင်ငံသို့ ကားအစီး ၅၀ ကျော်ကို ထုတ်ယူရောင်းစားနေကြောင်း စစ်အသုံးစရိတ် ကာမိစေရေးအတွက် သစ်များ ထုတ်ယူရောင်း စားနေသဖြင့် ကချင်ဒေသတွင် တောင်ကတုံး များဖြစ်နေကြောင်း သစ်ထုတ်ယူ ရောင်းစား နေခြင်းအပြင် မြေအောက် သယံဇာတများကို ကိုယ်ကျိုး အတွက် ထုတ်ယူရောင်း စားနေပြီး ကချင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးခြင်းမရှိဘဲ ၎င်းတို့အာဏာ တည်မြဲရေးအတွက် လက်နက် များ ၀ယ်ယူပြီး ကချင်လူမျိုးတွေကို အနိုင်ကျင့်နေသည်ဟု မိုးကောင်းမြို့မှ ကချင်တစ်ဦးက ပြောကြား ခဲ့သည်။

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်