Wednesday, January 16, 2013

ထန်ကျောက် စိမ်းမှော်ရှိ ဗမာနေအိမ် များအား ကေအိုင်အေ က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ၅ တန်း ကျောင်းသူ ကလေးမလေးအား မုဒိမ်းကျင့်မှုဖြစ်ပွား


ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် KIAတပ်မဟာ(၂)တပ်ရင်း(၄ )သောင်း ကျန်းသူ များက က ထန်ကျောက် စိမ်းမှော်ရှိ ဗမာနေအိမ် များအား လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ပြီး ရွာအတွင်း သို့ ၀င်ရောက်ကာ လက်နက် ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ် ခဲ့ပါသည်။ ထိုသို့ ပစ်ခတ် မှုကြောင့် ကိုမင်းကိုအောင်ဆိုသူ သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။

KIAသောင်း ကျန်းသူများကထန်ကျောက်စိမ်းမှော် အနီးရှိမြန်မာ့မျိုးချစ်တပ်မတော်တပ်စခန်း အား တိုက်ခိုက် ရမည့် အစားအပြစ်မဲ့ကျောက်စိမ်းတူးဗမာ ပြည်သူများနေထိုင်ရာ ကထန်ရွာအား ပစ်မှတ် ထားတိုက်ခိုက် ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။ “မနက် ၅ နာရီမှာလက်နက်ကြီးသံ နှစ်ချက်ကြား တာနဲ့ အိမ် အောက်ဝင်ပုန်းဖို့ကြိုးစားတာဘဲ၊ဒီသူတောင်းစားတွေက ရွာထဲမှာ ဘယ်အ ချိန်ကတည်းက ရောက်နေမှန်းတောင်မသိဘူး၊ ကြောက်ပြီး ပြေးတဲ့သူကပြေး၊ကတုတ် ကျင်းထဲ ၀င်သူက ၀င်တာဘဲ၊ KIAက ပြေးတဲ့ သူအကုန် ဗမာပဲဆိုပြီးလိုက်ပစ်တာဘဲ။ အိမ်ထဲလည်း ၀င်ပြီး ကျော်စိမ်းတုံးတွေ၊ ပိုက်ဆံ တွေ၊ရွှေငွေ လက်ဝတ်ရတနာတွေ၊ ဖုန်းတွေ လိုချင်တာတွေအားလုံး ရိုက်ဖွင့်ပြီး၊ယူသွားတာဘဲ။ ဘာမှမတတ်နိုင်ဘူး။ဒါနဲ့ ရွာရှေ့ က ဒေါ်ကြီးပု သမီး ၅တန်းကျောင်းသူ ကလေးကို လည်းဒီကောင်တွေ ထဲက၃ယောက်မုဒိန်း ကျင့်သွား သေး တယ် ၊ကလေးမလေးလဲ အင်္ဂါပြဲ ပြီးသွေးတွေ အရမ်းဆင်းနေတော့ ချက်ချင်း ပဲဆေးရုံ ပို့ လိုက် ကြတယ်” ဟု ရွာသူကြီးဦးကိုကိုဂျီးက ပြောသည်။

(စင်္ကာပူဖီးမှ ကူးယူဖော်ပြပါသည်)

Myanamr Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်