Wednesday, January 16, 2013

မသိကြတာလား၊ မသိဟန်ဆောင်ကြတာလား လို့ မေးလိုက်ချင်ပါသည်

Posted by drmyochit Wednesday, January 16, 2013, under | No comments

မကြားချင်၊ မသိချင်မှ အဆုံး ဖြစ်နေသည့် အကြမ်းဖက်မှုများကို မျက်ကွယ်ပြုကာ ကချင်ပြည်နယ် တည် ငြိမ် အေးချမ်းရေးအတွက် မျက်စိမှိတ်ဆွေးနွေးကြသည့် အစည်းအဝေးအများစုတွင် ပြည်တွင်းမှ အစိုး ရ ကို ဆန့် ကျင် ပုတ်ခတ်ဖို့ ဦးတည်သူများမှ ဦးဆောင် ဆွေးနွေးလျှင် ဆွေးနွေး၊ မဆွေးနွေးပါ က ကေအိုင် အိုမှ တစ်ဖက် လှည့် တာဝန်ပေးထားသည့် သူများသာ ဆွေးနွေးကြသည်မို့ မိုင်းထောင် သည် လည်း မပါ၊ တံ တားချိုး သည်လည်း မပါ၊ ရထားလမ်းများ ဖျက်ဆီးသည်လည်း မပါတော့ပေ။ ထိုမျှသာမက ဆက်ကြေး ကောက်ခြင်း၊ လူ သစ် အဓမ္မစု ခြင်းများအတွက် အဖြေမည်သို့ ရှာမည်ဆိုသည့် ကိစ္စအားလည်း ဆွေးနွေး ခြင်း မရှိကြ။ မျက်စိ မှိတ်ပြီး ဆွေးနွေးသည့်အတွက် အဖြေမရခြင်းသည်ကား မသိကြ၍ မဟုတ်၊ မသိ ဟန် ဆောင်နေကြခြင်းကြောင့် သာ ဖြစ်သည်။


၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်အတွင်း ကချင်အရေးနှင့် ပတ် သက် ၍ အေးချမ်းမြန်မာ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆလိုင်း အိုက်ဇက်ခင်၊ Kachin Peace Network မှ ဦး မရန်ကျော် ထွန်း တို့အပါအ၀င် လူ ၁၀၀ ကျော်ခန့်တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ကချင်ပြည်နယ် အတွင်း စစ်ပွဲများေ ကြာင့် ငြိမ်းချမ်းစေလိုသည့် အတွက် ပြုလုပ်သော အဆို ပါဆွေးနွေးပွဲတွင် ငြိမ်း ချမ်းရေးေ ဖ်ာဆောင်ရေးနှင့် ပတ်သက်၍ ဦးမရန်ဂျော်ဂွန်းမှ ကေအိုင်အို အနေဖြင့် ငြိမ်းချမ်းရေး မဆွေးနွေး ခင် ကတည်း က ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံ၍ တိုင်ပင်ဆွေးနွေးမှု မရှိကြောင်း၊ ယခု စစ်ပွဲများသည် ကေအိုင်ေ အနှင့် တပ်မတော် စစ်ပွဲ မဟုတ်တော့ ဘဲ ကချင်-ဗမာ စစ်ပွဲ အသွင်ဆောင်လာနိုင်သဖြင့် ကချင် လူထု အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လို ကြောင်း၊ ကေအိုင်အေ အဖွဲ့အနေဖြင့် ငြိမ်ချမ်းရေး ယူခြင်း သည် ပါ တီထောင်ရန်၊ စီးပွားရေး လုပ်ရန် မဟုတ်ကြောင်း၊ မိမိမှာလည်း ပြည်သူတစ်ဦးသာ ဖြစ်၍ ပြည်သူ့ ဘက်မှ ပြောကြားခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုနောက်တွင်မှ အေးချမ်းမြန်မာ လူမှုဖွံ့ဖြိုးမှ ဒါရိုက်တာမှ ကချင် လူထုသည် အစိုးရ၏ စီမံအုပ်ချုပ်မှုေ အာက် တွင် ရှိနေသကဲ့သို့ ကေအိုင်အိုအဖွဲ့၏ စီမံ အုပ်ချုပ်မှုအောက်တွင်လည်း ရှိနေသဖြင့် ၄င်းကိစ္စအား ပြည်သူများ နားလည်ရန်လိုကြောင်း၊ ထို့ကြောင့် အားလုံးပူးပေါင်း ပါဝင်ဖို့လိုသည်ဟု ပြောခဲ့သည်။
ထိုအစည်းအဝေးတွင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဦးမရန်ဂျော်ဂွန်းမှ ၄င်းအနေဖြင့် ငြိမ်း ချမ်းရေး ကိစ္စများအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တွေ့ ခွင့် မရကြောင်း ဖြေကြားခဲ့သည်။

အမေးအဖြေများ ပြီးနောက် လက်ရှိအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ဖြစ်ပေါ်လာအောင် လူထုအနေဖြင့် မည်သို့ ပါဝင်ဆောင်ရွက်နိုင်ပါမည်လဲ၊ လူထုအသံကို နိုင်ငံတကာနှင့် အစိုးရ၊လွှတ်တော်တို့မှ ကြားအောင် မည် သို့ဆောင်ရွက်ကြမလဲ ဆိုသည့် မေးခွန်း ၂ခုကို အဖွဲ့လိုက် ဆွေးနွေးကြပြီး ကြေငြာချက် ထုတ်ပြန် ခဲ့ သည်။

ထို့နောက်တွင်တော့ သဘောထား ထုတ်ပြန်ချက်ထုတ်ပြန်ရာ နိုင်ငံတော် အစိုးရအနေဖြင့် တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်းပြီး ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်၊ လွှတ်တော်တွင်း ဆွေးနွေးရန် ၊နိုင်ငံတ ကာမှ ၀ိုင်းတွန်းအားပေးရန် ဟူ၍ ဖော်ထုတ်ခဲ့ကြသည်။

ထိုဖော်ထုတ်ချက်အပြည့်အစုံ တွင် တစ်ဖက်သက် အစိုးရကိုသာ အပစ်ရပ်ရေး၊ငြိမ်းချမ်းရေး ဆွေးနွေးေ ရး တို့ ပြောကြသည်။ ဗန်းမော်ခရိုင်လူထု ကိုယ်စား ဆို၍ ထုတ်ပြန်ကြသည်မှာ လူတွေ့ဆွေးနွေးရန် အကြိမ် များစွာ ပြောကြားခဲ့သည့် အစိုးရအဖွဲ့ကိုလည်းကောင်း၊ ကေအိုင်အေမှ ဗိုလ်ချုပ် ဂွမ်မော် မလာသည့် အတွက် ပျက်ပြား ခဲ့သည့် ငြိမ်းချမ်းရေး အစည်းအဝေးကို ကျင်းပခဲ့သည့် တာဝန်ရှိသူများကိုလည်းကောင်း၊ တံ တားချိုး၊ မိုင်းခွဲမှုများကြောင့် ဒေသခံတို့ ဒုက္ခရောက်ရခြင်းကိုလည်းကောင်း မျက်ကွယ်ပြုရာ၊ မသိ ဟန်ဆောင် ရာ ရောက်ပေသည်။

ထာဝရငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး ကပဲ စတင်နိုင်မယ်ဆိုတာကို နိုင်ငံတကာလည်း အသိ ပင် ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး အလင်းဝင်ပြီး တစ်ဖွဲ့ထဲကျန်တာကြောင့် ထိုအ ဖွဲ့ များ ကဲ့သို့ ဖြစ်စေလိုကြောင်း အမေရိကန်ရဲ့ သဘောထားကိုလည်း ထုတ်ပြန်ပြီး ဖြစ်သည်။ ဒါ့အပြင် ငြိမ်း ချမ်းရေး ဆွေးနွေးစေမှုအတွက် တပ်မတော်မှ ဗိုလ်ချုပ်ကြီး အဆင့်ထိ လာရောက်ဆွေးနွေးစေ ခဲ့သော် လည်း ကေအိုင်အေမှ တစ်ယောက်မှ တက်ရောက်ခဲ့ခြင်း မရှိဘူး။ ယခုလို အခြေအနေမျိုးမှာ KI0/KIA အား အပစ်ရပ်ပါ၊ ထာဝရငြိမ်းချမ်းရေး ချက်ချင်းဆောင်ရွက်ပါဆိုတဲ့ တိုက်တွန်းချက်တွေ ဘာကြောင့် မတိုက် တွန်း ရဲကြပါသလဲ။ ဘာကြောင့် အစိုးရကိုသာ အပြစ်ပုံချ၍ ကေအိုင်အေနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များ မပြုလုပ် ရဲကြပါသလဲ။

ဗန်းမော်သားတွေ ပါဝင်တဲ့ အစည်းအဝေးမှာ မြစ်ကြီးနား- ဗန်းမော်ကားလမ်း ၁၁၄ မိုင်ကို ၅ နာရီနှင့် သွားနိုင် အောင် သွားနိုင်အောင် ဖောက်ထားတဲ့လမ်း၊ ဆောက်ထားခဲ့တဲ့ တံတားတွေချိုး၊ လမ်းတွေ ဖျက်၊ လုံခြုံရေး ယူသူများကို ပစ်ခတ်သည့်အတွက် ပြည်သူများ သွားလာရေး ခက်ခဲစေအောင် ပြုလုပ်ခဲ့သူတွေက ဘယ် သူ တွေလဲ ဆိုတာ ကန့်ကွက်ရှုတ်ချဖို့ တကယ် မသိခဲ့ကြတာလား၊ မသိဟန်ဆောင်ခဲ့ကြတာလား။

ကချင်ပြည်နယ် ဆိုသည်မှာ ဂျိမ်းဖော၊ လော်ဝေါ်၊ မရူလူမျိုး) ၊ ရဝမ်လူမျိုး၊ လာချိဒ်၊ လီဆူးနှင့် ဇိုင်ဝါး စတဲ့ ကချင် တိုင်းရင်းသားတွေ စုပြီး နေထိုင်တဲ့ ပြည်နယ် တစ်ခု ဖြစ်သည်။ ထိုတိုင်းရင်းသားများ စုစည်း ညီညွှတ် စွာ ဖြင့် ရွေးကောက်တင်မြှောက်သော အစိုးရအဖွဲ့မှ ခေါင်းဆောင်များဖြင့် ကချင်ပြည်နယ် ငြိမ်း ချမ်းရေးကို တည် ဆောက်နိုင်မည် ဖြစ်သည်။ ထို့အပြင် ယနေ့ ကေအိုင်အေ၏ အကြမ်းဖက် မိုင်းထောင်၊ဗုံးခွဲ လုပ်ရပ်များကို မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကပင် သိရှိနေသည့် အချိန်တွင် ထိုပျက်စီးမှု များကြောင့် ဒုက္ခကို အနီးကပ် ခံစားရသည့် ဗန်းမော်သားတို့မှ မသိဟန်ဆောင်ကာ တစ်ဖက်သတ်ကြေငြာ ချက်များ ထုတ်ပြန်ခြင်းအားKIO/KIA မှ တစ်ဖက်လှည့် ပြောခိုင်းသည့်အတိုင်း လူစု၍ သဘောထား ထုတ်ပြန်သည်ဟု သာ ထင်မြင်မိပါ တော့သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်