Wednesday, January 16, 2013

၂၀၁၅ ရွေးကောက်ပွဲဝင်ရေးထက် အခြေခံဥပဒေပြင်ဆင်ရေးဦးစားပေးမည်ဟု လူ့ဘောင်သစ် ပါတီပြောကြား

Posted by drmyochit Wednesday, January 16, 2013, under | No comments

ရန်ကုန်၊ ဇန်န၀ါရီ - ၁၅

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်ရန်ထက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်နိုင်ရေးကို အလေးထားဆောင်ရွက်မည်ဟု ယနေ့နံနက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပါတီမှ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ဟု ပါတီက ပြောကြားထားသော်လည်း နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင် မည်ဆိုခြင်းမှာ ပါတီကို လူထုကြားထဲတွင် ပြန်လည်ရပ်တည်နိုင်ရန်သာဖြစ်ကြောင်း ပါတီ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးဇော်ဇော်ထွန်းက ပြောကြားခဲ့သည်။ ပါတီက ခြောက်လ အတွင်း ပြန်လည်မှတ်ပုံတင်မည် ဖြစ်သည်။

"ကျွန်တော်တို့ပါတီ ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးဆိုတာထက် ၂၀၁၅ မှာ ဘာဖြစ်လာမလဲဆိုတာ ပြောဖို့ ခက်နေပါတယ်။ ဒီမတိုင်ခင်မှာ ၂၀၀၈ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေး အတွက် ဆွေးနွေးရေးတွေ ဒါတွေကိုလည်း လုပ်ရဦးမှာဆိုတော့ ၂၀၁၅ က ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရမယ့်ကာလဖြစ်ပါတယ်" ဟု ယင်းကဆိုသည်။

လွှတ်တော်ထဲတွင် အခြေခံဥပဒေကို ပြင်ဆင်ရန်မှာ ဖြစ်နိုင်ခြေအနည်းဆုံးဟု ပါဦအနေနှင့် ယုံကြည် ကြောင်း ပါ တီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ဆိုသည်။

လွှတ်တော်ပြင်ပမှ အခြေခံဥပဒေကို ပြင်ဆည်မည်ဆိုပါက တိုင်းရင်းသားအင်အားစုများ၊ အပစ် အခတ် ရပ်စဲရေး ကို ဆွေးနွေးပြီးသော၊ ဆွေးနွေးနေဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NLD အပါအ၀င် နိုင်ငံရေး ပါတီများ၊ ပညာရှင်များ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံး တစ်စုမကျန် ပါဝင်ပြင် ဆင်နိုင်ရန် လိုကြောင်း ၎င်းကပြောသည်။ ထိုအချက်ကို အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးစဉ် ပြောကြား ခဲ့ကြောင်းလည်း ဦးငွေလင်းက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ နောက်ပိုင်း၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ပါတီ ဖျက်သိမ်း ခံခဲ့ရကာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအခြေစိုက်ခဲ့သော ပါတီဖြစ်သည်။

ဓာတ်ပုံ- အောင်သူရ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်