Wednesday, January 16, 2013

ကေအိုင်အေ တပ်မဟာ (၄)မှ ဗိုလ်ကြီး ရမ်ဆိုင်း နှင့်အဖွဲ့ တပ်မတော် စစ်ကြောင်းသို့ လက်နက်/ ခဲယမ်း များ နှင့်အတူ ၁၄- ၁- ၂၀၁၃ ရက် နေ့တွင် အလင်း ဝင်ရောက်

Posted by drmyochit Wednesday, January 16, 2013, under , | No comments


ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများသည် မိမိတို့၏ အဖျက် အမှောင့် လုပ်ငန်း များကို သိရှိ နားလည် အမြင်မှန် ရရှိပြီး ၎င်းတို့၏ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကာ အေးချမ်းစွာ နေထိုင်နိုင်ရန် အတွက် နည်းအမျိုး မျိုးဖြင့် ကြိုးပမ်းလျက် ရှိရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါ ရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ အချိန် ခန့်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ လှုပ်ရှား စစ်ကြောင်းမှ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် ကွတ်ခိုင် မြို့နယ်၊ မုံးဟောင် ကျေးရွာ အနီး၌ ကေအိုင်အေ တပ်မဟာ (၄)မှ ဗိုလ်ကြီး အဆင့်ရှိ ရမ်ဆိုင်း ခေါင်းဆောင် ၍ အဖွဲ့ဝင် ၇ ဦးမှ လှုပ်ရှား စစ်ကြောင်းသို့ လာရောက် ဆက်သွယ်ပြီး ၎င်းတို့ နှင့်အတူ အမ်- ၂၅ သေနတ် ၁ လက်၊ ကေအို အမျိုးအစား သေနတ် ၃ လက်၊ အမ်-၂၂ ခေါက်ဒင် သေနတ် ၁ လက်၊ အမ်-၂၅ ဖြင့်ပစ်ခတ် ရသည့် ဗုံးသီး ၃ လုံးတို့ နှင့်အတူ အလင်းဝင် ရောက်ခဲ့သည်။

ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့အတွင်း အဓမ္မ လူသစ် စုဆောင်း ခံရမှုကြောင့် လည်းကောင်း၊ ခေါင်းဆောင်နှင့် ငယ်သားများ အကြား တင်းကျပ်သည့် အုပ်ချုပ်မှု များကြောင့် လည်းကောင်း၊ ရိက္ခာနှင့် လစာ ရရှိခြင်း မရှိ၍ လည်းကောင်း၊ အဓမ္မ စုဆောင်း ခံရသူ တပ်ဖွဲ့ဝင် အများစုမှာ စိတ်ဓာတ် ကျဆင်း လျက် ရှိပြီး ထပ်မံ၍လည်း အစုလိုက် အပြုံလိုက် အလင်း ဝင်ရောက်ရန် ရှိနေကြကြောင်း သတင်း ရရှိ သည်။

(မြ၀တီ မှ ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်