Wednesday, January 16, 2013

တရုတ်ကုန်သည်တွေက လုပ်ပိုင်ခွင့် ပေးမှ သစ်ထုတ်လုပ်ခွင့်ပေးသည့် ကေအိုင်အေ

ဇန်န၀ါရီလ ၁၆ ရက်

ကချင်ပြည်နယ်ဟာ ကျွန်းသစ် များနဲ့ အခြားသော သယံ ဇာတပစ္စည်းများစွာ ထွက်ရှိသော ပြည်နယ် တစ်ခုဖြစ် သည်။ ထွက်ရှိသည့် သယံဇာတ ပစ္စည်းတွေကို တိုင်းရင်းသားများမှ အစိုးရ၏ ခွင့်ပြုချက်ဖြင့် အခွန်ဆောင်ပြီး ထုတ်ယူသုံးစွဲ စီးပွားရေး လုပ်ဆောင်ရမှာ ဖြစ်ပါသည်။ ဒါပေမယ့် အခုတော့ ကေအိုင်အေမှ တရုတ် ကုန်သည်တွေ၏ အမိန့်ရမှ သစ်ထုတ် ယူခွင့်ပြုမည်ဆိုတာ မဖြစ်သင့်ပါ။ အစိုးရ ခွင့်ပြုချက် မရလို့ ထုတ်ခွင့် မပြုဘူး ဆိုရင် လက်ခံပါသည်။ ထုတ် ယူပြီးသည့် သစ် တွေကို သယ်ဆောင် ပါက ကေအိုင်အေ မှ ကားတစ်စီးကို (၂)သောင်းနှုန်း ကောက်ခံနေပါသည်။

တရုတ်တွေ၏ ခွင့်ပြုချက်မရဘဲ သစ်ထုတ်ယူခဲ့ပါက ကေအိုင်အေ၏ လူသစ်အဖြစ် စုဆောင်းခြင်း ခံရ မည်ဖြစ်ကြောင်း အမိန့် ထုတ်ထား ပါသည်။ ကေအိုင်အေ ကြွေးကြော်ထားတာ ကချင်ပြည်နယ်ကို ကချင်တွေ သာ အုပ်ချုပ်ရမည် ဗမာတွေ အုပ်ချုပ်တာလည်း လက်မခံ မည်သူ့လူမျိုးမှ လက်မခံဆိုပြီး အခုတော့ စီးပွားရေးကို လုပ်ဆောင်ကာ တရုတ်ဆီက ခွင့်ပြု ချက်ယူရမည်ဆိုတော့ ကချင်ပြည်နယ်ကို ကေအိုင်အေမှ တရုတ်တွေ အုပ်ချုပ်ခိုင်းနေလား၊ တရုတ်ရဲ့ သြဇာခံလားဆိုတာ မသိနိုင်တော့ပါဟု သစ်လုပ်ငန်း လုပ်ဆောင်နေသည့် သူတစ်ဦးက ပြောဆိုခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်