Thursday, March 21, 2013

မိတ္ထီလာဖြစ်ရပ်မှန် အဆက်

Posted by drmyochit Thursday, March 21, 2013, under | No comments



ည(၁၂း၀၀)နာရီတွင် တစ်မြို့လုံး ပုံမှန်အနေအထား ပြန်ရောက်နေပြီး ကိုမင်းကိုနိုင် တို့အဖွဲ့လည်း ရန်ကုန်မှ (၁၁း၀၀)နာရီခန့်တွင် ထွက်လာပြီဖြစ်ကြောင်း ရွှေညဝါ ဆရာတော်လည်း မနက်ဖြန်မနက် (၄း၀၀) နာရီတွင် စစ်ကိုင်းမှ ထွက်လာမည် ဖြစ်ကြောင်း သိရပါသည်။

ဦးဝီရသူသည် လူအုပ်ကြီး ရွှေဆိုင်တိုက်များကို ဖျက်နေချိန်မှ စ၍ ဖုန်းဖြင့် အချိန်ပြည့် မေတ္တာ ရပ်ခံခဲ့ကြောင်း၊ သံဃာများကလည်း ဗလီဘက်ကူးမသွားအောင် စောင့်ရှောက်နေခဲ့ကြောင်း၊ လူအင် အားက များပြားလာခြင်း၊ ဘုန်းကြီးတစ်ပါး အသတ်ခံရသည့်သတင်း ကြားသည့်အချိန်မှ စ၍ ဦးဝီရသူ မန္တလေး မှ အမြန်ထွက်လာခဲ့ကြောင်း၊ ည(၈း၀၀)ခန့်တွင် ရောက်သော်လည်း အခင်းဖြစ်နေရာများကို သွားခွင့် မသာခဲ့ကြောင်း၊ တွေ့ရာလူများကို ကိုယ့်ရပ်ကွက်ထဲမှာပဲ နေပြီး ကိုယ့်အိုးကိုယ့်အိမ်ကိုပဲ စောင့်ရှောက် ဖို့၊ သူများရပ်ကွက်ထဲ ကျွံမသွားဖို့ လမ်းထွက်ပြီး လျှောက်မသွားဖို့၊ သြဝါဒပေး လျက်ရှိကြောင်း သိရသည်။

စစ်/ရဲ လုံခြုံရေးများ အမြဲတမ်း ကင်းလှည့်နေပြီး၊ မိတ္ထီလာသည် အဓိကရုဏ်းမီးများ ငြိမ်းစပြုနေပြီး ဖြစ်သော် လည်း တစ်ဖက်နှင့်တစ်ဖက် ကောလာဟလများကြောင့် တစ်မြို့လုံးမအိပ်ကြဘဲ ရရာလက်နက် ဆွဲ ကိုင်ကာ လမ်းထွက်စောင့်ကြည့် ရှိကြောင်း သိရပါသည်။

ယင်းတော်မှ ကုလား(၅၀၀)ကျော်ကားများဖြင့် ချီတက်လာ စည်းကုန်ကြီးမှ ရွာခံကုလားများနှင့် မြို့ထဲမှ ထွက်ပြေး လာသော ကုလားများ (တစ်ထောင်ကျော်) ခြေလျင်ချီတက်လာ သတင်းများကြောင့် မနက်(၁း၀၀) ခန့်မှာ တစ်ကြိမ်၊ (၂း၀၀)တစ်ကြိမ် တစ်မြို့လုံး သံချောင်းခေါက်ပြီး လူစုကြ အသင့်ပြင်ကြသော် လည်း လေးနာရီထိ ဘာမှ မထူး၍ လူခြုံရေးများ ရုတ်သိမ်းသွားကြသည်။ လုံခြုံရေးများ ရုတ်သိမ်းသွား သည်နှင့် မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ ကုလားများက ဗေဒါကန်ဘေး ဝက်လံပင်တောထဲမှ “ဗမာ ဆိုရင် သတ်ပစ်”သံပြိုင်ကြွေးကြော်ကြသည်။ ဂွဖြင့်ပစ်ကြသည်။ ဦးဇင်းတစ်ပါး ခေါင်းပေါက် သွား သည်။ သံဃာများ မကျေနပ်၍ ဗေဒါကန်ရပ်ကွက်ထဲ ချီတက်သွားကြသည်။ GTC-ကျောင်းသားများကို ကုလား များ တိုက်ခိုက်နိုင်၍ လုံခြုံရေး အမြန်ခေါ်ကြသည်။ သံဃာများနှင့် လူများတားဖို့ ပြင်ဆင်ကြသည်။

(၆း၀၀)အချိန်တွင် မင်္ဂလာဇေယျုံရပ်ကွက်ကို ဗမာများက စတင်မီးရှို့ခဲ့ကြသည်။ မင်္ဂလာဇေယျုံ ရက်ကွက် သည် ကုလားရပ်ကွက်ဖြစ်ကြောင်း၊ အိမ်ခြေစိပ်ခြင်း၊ တဲအိမ်ငယ်များပြားခြင်းတို့ကြောင့် မီးများ ထိန်း မနိုင်ဖြစ်ခဲ့ သည်။ ကုလားများ အော်ဟစ်ကြိမ်းမောင်းခြင်း ရပ်သွားကြသည်။ (၆း၁၅)နာရီတွင် မီးညွှန့်များ ကျိုးသွား သည်။ မီးလောင်ချိန် (၁၅)မိနစ်ခန့် ကြခဲ့သည်။ (၆း၃၀)ခန့်တွင် ၄င်းရပ်ကွက်ထဲမှ မီးခိုးလုံးကြီးများ တက်လာသည်။ မီးသတ်ကား တစ်ဆင်းသာရောက်သေးသည်။ အော်ဟစ်ကြိမ်း မောင်းခဲ့သော ကုလား(၁၀၀-မှ ၁၅၀/၂၀၀ခ)ခန့် ပိတ်မိနေသည်။ (၆း၃၀)မိနစ်ခန့်တွင် မီးသတ်ကား တစ်စီး ထပ်ရောက် လာပြီး ကုလားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့မှ သတင်း ရသည်။ ကုလား တစ်ယောက် ထွက်ပြေးလာပြီး လူအုပ်ကြီးထဲမှာ လူအချို့ ဝိုင်းရိုက်သည်။ ကုလား တစ်ယောက် လဲကျသွား သည်။ လဲပြီးနောက်ပိုင်း ထပ်မရိုက်ကြတော့ ကြောင်း သိရသည်။ ခေါင်းထောင်ပြီး ကြည့်နေနိုင်သေးသည်။ ထွက်ပြေး လာစဉ် လက်နက်ဘာမျှ မပါဟု ဆိုသည်။

(၆း၃၀)မိနစ်ကျော်ကျော်တွင် ရွှေညဝါဆရာတော်ရောက်လာသည်။ (၇း၀၀)တွင် မင်းကိုနိုင် အဖွဲ့ရောက် လာသည်။ အားလုံး Dr-စန်းလှိုင်တိုက်မှာ နားကြသည်။

(၇း၀၀) နာရီတွင် မီးညွှန့်ကျိုးသွားသည်။ ပိတ်မိနေသော ကုလားများမှာ မောလဝီစာသင်ကျောင်းမှ အများ စုဖြစ်ပြီး လူငယ်လူရွယ်များ ဖြစ်ကြသည်။ အုပ်ချုပ်ရေးမှူးက ဝှက်ပေးထားပါလျက် “ဗမာဆို အလိုမရှိ၊ ဗမာမြင် ရင် သတ်ပစ်၊”အော်ဟစ် ကြိမ်းမောင်းရာမှ ပြည်သူများသိသွားခြင်းဖြစ်သည်။

ရွှေညဝါဆရာတော်၊ မစိုးရိမ်ဆရာတော်၊ မင်းကိုနိုင်တို့အဖွဲ့သည် မြို့လူထုနှင့် တွေ့ဆုံဖို့ ကြိုးစားနေကြပြီး၊ မြို့ထဲသို့ ကုလားများ မဝင်အောင် လုံခြုံရေး တာဝန်ယူပေးဖို့ စီစဉ်ပေးရန် မေတ္တာရပ်ခံနေသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်