Thursday, March 21, 2013

ဘရာဇီးဘောလုံး အကျော်အမော်က သူ၏ချစ်သူကို သတ်ဖြတ်ခဲ့ပြီး ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာ ပိုင်းဖြတ်ကာ ခွေးကျွေးခဲ့ သည်ဟု ၀န်ခံခဲ့

Posted by drmyochit Thursday, March 21, 2013, under | 1 comment



ဘရာဇီး နာမည်ကျော် ဘောလုံး သမားတစ်ဦးက သူ၏ ချစ်သူဟောင်းမျာ သတ်ဖြတ်ခံ ခဲ့ရပြီး ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာ  ပိုင်းဖြတ်ကာ ခွေးကျွေးခြင်းကို ခံခဲ့ရသည်ဟု ၀န်ခံ ပြောကြားခဲ့သည်။ လာမည့် ၂၀၁၄ ကမ္ဘာ့ ဘောလုံးပြိုင်ပွဲတွင် ဘရာဇီး လက်ရွေးစင် ဘောလုံး အဓိက ဂိုးသမား တစ်ဦး ဖြစ်လာဖွယ် ရှိသည့် အသက် ၂၈ နှစ် အရွယ် ဘရူနို ဖာနန်ဒက် ဒီဆွာ ဇာမှာ ကလေး စရိတ် မပေးလို သည့် အတွက် သူ၏ ချစ်သူကို သတ်ဖြတ် ခဲ့သည်ဟု စွပ်စွဲ ခံထား ရသူ ဖြစ်သည်။

 ယခင် ဖလာမင်ဂို ကစားသမားဟောင်းက ယခင်က ၎င်းအသက် ၂၅ နှစ်အရွယ်တွင် ဖြစ်ပျက်ခဲ့သည်ဟု စွပ်စွဲချက် မှန်သမျှကို ပယ်ချခဲ့သော်လည်း မနေ့က တရားရုံး ကြားနာရာတွင် သူ၏ အချစ်ဆုံး သူငယ် ချင်းဖြစ်သူ လူဝစ် ဟင်းနရစ် ရိုမာအိုက သူ၏ ချစ်သူဟောင်းကို သတ်ဖြတ်ရန် တစ်စုံ တစ်ယောက်ကို ပိုက်ဆံပေး ခိုင်းစေခဲ့သည်ဟု ၀န်ခံခဲ့သည်။

 ၎င်းက တရားရုံးတော်တွင် ၀န်ခံ ပြောကြားရာတွင် သူ့အနေဖြင့် ချစ်သူဟောင်းကို သတ်ဖြတ်ရန် ခိုင်းစေ ခဲ့ခြင်း မရှိသော်လည်း ယင်းသတ်ဖြတ်မှုကို လက်ခံခဲ့သည်ဟု ဆိုသည်။ ဂိုးသမား ဘရူနိုမှာ မစ္စ ဆာမူဒီယို သတ်ဖြတ် ခံရ မှုတွင် သူ၏ ဇနီးသည် ဒရဲနီ၊ အခြားသော ချစ်သူဟောင်း တစ်ဦးဒ၊ ညီအစ်ကို ၀မ်းကွဲတစ်ဦး နှင့် ရဲဟောင်း တစ်ဦး ဖြစ်သူမှာ မားကို့စ်ဆန်းတိုတို့ အပါအ၀င် လူ ၈ ဦးက ၀ိုင်းဝန်း သတ်ဖြတ်ရာတွင် စီစဉ်ပေး ခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။ 

ဘရူနိုမှာ သူ၏ ချစ်သူဟောင်းကို ယင်းလူစုက နှိပ်စက် ညှဉ်းပန်းနေမှုကို ထိုင်ကြည့်နေခဲ့ပြီး သူမကို တစ်စ စီ ခုတ်ထစ် ဖြတ်တောက်ရာတွင်လည်း ကူညီခဲ့သည်ဟု စွပ်စွဲ ခံထားရသည်။ လူသေလောင်း အစိတ်အပိုင်း အချို့ ကို ဘရူနိုင်၏ အိမ်မွေးခွေးကို ကျွေးခဲ့ပြီး ကျန် အစိတ်အပိုင်းကို ကွန်ကရစ်သွင်းလောင်း မြှုပ်နှံခဲ့ သည်ဟု ဆိုသည်။ တရားရုံး၏ အစောပိုင်း ဆုံးဖြတ်ချက်အရ ဘရူနို၏ သူငယ်ချင်း ရိုမာအိုမှာ ပြစ်မှု ထင်ရှား သဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး ဖြစ်ကာ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ရဲဝန်ထမ်းဟောင်း ဆန်းတို့စ်မှာ လာမည့်လတွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည်။ 

ဘရူနိုကို လူသတ်မှုဖြင့် မဖမ်းဆီးမီက အီတလီ ထိပ်သီး ဘောလုံး ကလပ် အသင်း တစ်သင်း ဖြစ်သည့်  အေစီ မီလန် အသင်းက စတာလန်ပေါင် သန်းပေါင်းများစွာဖြင့် ခေါ်ယူ၇န် စီစဉ်ခဲ့သေးသည်။ ဘရာဇီး နိုင်ငံ အရှေ့ တောင်ပိုင်း ကွန်တာဂန်မြို့ရှိ တရားရုံး တစ်ရုံးတွင် ဘရူနို ထွက်ဆိုရာတွင် သူ၏ ညီအစ်ကို တစ်ဝမ်း ကွဲ တောစပ်သူ ဂျော့ရိုဆာမှာ လူသတ်မှုတွင် မျက်မြင်သက်သေ ဖြစ်ကြောင်းနှင့် ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည် ကို ၎င်းပြန်လည် ပြန်လည် ပြောပြခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ 

၎င်းထွက်ဆိုရာတွင် မစ္စဆာမူဒီယို ပြန်ပေးဆွဲ ခံရပြီးနောက် ရိုမာအိုက သူမကို ဘယ်လို ဟော်ရီဇွန်တီရှိ လူသတ် သမား ဆန်းတို့စ် စောင့်ဆိုင်းနေရာ နေအိမ်သို့  ခေါ်ဆောင်သွားခဲ့သည့်ဟု ဆိုသည်။ သူက ထွက်ဆို ရာတွင် “သူမ၏  လက်နှစ်ဖက်ကို ကြိုးတုပ်ချည်နှောင်၍ လည်ပင်းတွင် ပြန်လည် ချည်နှောင် ထား ခဲ့ကြောင်း” ကို သူ၏ ညီအစ်ကို ၀မ်းကွဲက ပြန်လည် ပြောပြသဖြင့် သိရှိခဲ့ရသည်။ ဘရူနို၏ တရား ရင်ဆိုင် မှုမှာ ပြီးခဲ့သည့် တစ်ပတ် တနင်္လာနေ့က စတင်ခဲ့ပြီး စနေနေ့က ပြီးဆုံးခဲ့သည်။ ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ထောင်ဒဏ် ၄၁ နှစ် အနည်းဆုံး ကျခံရဖွယ် ရှိကြောင်း သိရှိ ရသည်။

New From: Myanmr Daily News






1 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်