Thursday, March 21, 2013

ဓါးခုတ်ခံ ပေါက်တောက လယ်သမား လက်တစ်ဘက် ဖြတ်ခံရသည့် အပြင် အချုပ်ခန်းထဲရောက်

Posted by drmyochit Thursday, March 21, 2013, under | No comments

ရခိုင်ပြည်နယ် ပေါက်တော ရဲတပ်ဖွဲ့က ဓါးခုတ် ခံရပြီး လက်ပါ ဖြတ်ပ စ်ခဲ့ရသော လယ်သမား တစ်ဦးနှင့် တစ်ခြား ၅ ဦးတို့ကို ဖမ်းဆီး ချုပ်နှောင် ထားပြီး ဓါးဖြင့် ခုတ်သူ များကိုမူ တစ်စုံ တစ်ရာ အရေးယူခြင်း မရှိကြောင်း သတင်း ရရှိသည်။

ဓါးခုတ်ခံရသူများကိုသာ ရဲအဖွဲ့က ဖမ်း ဆီးပြီး ဓါးဖြင့် ခုတ် သူများကို အရေးမယူခြင်းမှာ ၎င်းဓါး ခုတ် သူများမှာ ယခင် စစ်ထောက် လှမ်းရေး များ၏ ဒေါက်တိုင်များ ဖြစ်သလို လက်ရှိ မြို့နယ် အဆင့် တာဝန်ရှိ သူများနှင့် ပေါက်တော ရဲတပ်ဖွဲ့အား ငွေများ ပေးကမ်းနိုင်၍ ဖြစ်ကြောင်း ပေါက်တောမြို့ပေါ်မှ အမည် မဖေါ် လိုသူ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ သူတို့က လက်ခံ မရတဲ့ အပြင် ဒဏ်ရာရတဲ့ သူတွေကို ဆေးရုံမှာ အတွင်း လူနာ အဖြစ် ဆေးကုသခွင့် မရဘူး။ တစ်ယောက် က ညာဘက် လက် ဖြတ်ပစ်ရတယ်။ တစ်ယောက်ကလည်း လက်မှာ ဒဏ်ရာ လေးငါး ချက် ရထားပါတယ်။ ဓါးနဲ့ ခုတ်တဲ့ အဖွဲ့က ဒေသအတွင်းက ခရိုနီတွေဆိုတော့ ရဲရော၊ ဆရာဝန်တွေ ရော အကုန် လုံး ပေးကမ်း ထားနိုင်တယ်။ ဒါကြောင့် သူတို့က ဘာမှ အရေးယူ မခံရဘူး။ ကျနော်တို့ ဒေသမှာ အခု အချိန် ထိ တရား ဥပဒေစိုးမိုးမူ လုံးဝ မရှိဘူး ဆိုတာကို ဒီပြဿနာက မီးမောင်း ထိုး ပြနေပါတယ်” ဟု သူက ဆိုသည်။

အချုပ်ခန်းထဲရှိ သူတို့ (၆) ဦးထဲတွင် ဦးချောင်းနားအောင်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ညာဖက် လက်မောင်း ဖြစ်ပစ်ရသူမှာ ဦးသိန်းအောင်ကျော် ဖြစ်သည်။ တစ်ခြား ဒဏ်ရာရသူ တစ်ဦးမှာ ဦးမောင် ညွှန့် စိန် ဖြစ်ကြောင်း သိရသည်။

ဓါးခုတ် မူသည် လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။
ဓါးခုတ် မူ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး သူက ယခုလို ဆက် ပြောပြသည်။

“ အဲဒီ ငပြီ တက်ကျေးရွာမှာ ရွာသားတွေ ပိုင်ဆိုင်တဲ့ ဖွံ့ဖြိုးရေး တာတမံ ဆိုတာ ရှိတယ်။ အဲဒီ တာတမံကို ယခင် စစ်အစိုးရ လက်ထက်မှာ ပေါက်တောမှာ တာဝန်ကျခဲ့တဲ့ အမှတ် (၁၀) ထောက်လှမ်းရေး တပ်ဆွယ် မှုး တပ်ကြပ် စောလွင်နဲ့ ပေါက်တောမြို့နယ် တာဝန်ခံ ဥပဒေအရာရှိ ဦးစိန်ဝင်းတို့က ရွာသားတွေ လက်ထဲ က အတင်း သိမ်းယူပြီး ရယက ဥက္ကဌ ဦးကျော်စိန်လှ တစ်ဦး တည်းကို လုပ်ကိုင် စားသောက်စေ ခဲ့တယ်။ ဦးကျော်စိန်လှကို လုပ်ကိုင် စားသောက်စေခဲ့တယ် ဆိုပေမယ့် ရရှိလာတဲ့ အကျိုးအမြတ်တွေကို သူတို့ ခွဲဝေ ယူခဲ့ကြတယ်။ ဦးကျော်စိန်လှနဲ့ သူတို့ လုပ်ကိုင် စားသောက်လာတာ အချိန် ( ၁၀ ) နှစ်ကျော် ရှိလာပြီ ဖြစ်တယ်။ ဒါကို ဦးသိန်းစိန် သမ္မတ ဦးဆောင်တဲ့ အစိုးရသစ်တက်လာတော့ ကျေးရွာ သား ၃၀၀ လောက်က လက်မှတ် ရေးထိုးပြီး ၄င်းတာတမံကို ပြန်လည် ရလိုတယ်လို့ မြို့နယ်အုပ် ချုပ်ရေးမှူး က တဆင့် ပြည်နယ်လွှတ်တော်ထိ တိုင်ကြားပြီး တောင်းဆိုခဲ့ကြတယ်” ဟု ဆိုသည်။

ပေါက်တော မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုင်းမောင်လူ မှတဆင့် ပြည်နယ်လွှတ်တော်ထိ တင်ြ်ပ တောင်း ဆိုခဲ့ပြီး ပေါက်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် အကူညီဖြင့် တာတမံ ကို ပြန်လည် စစ်ဆေးကာ ပြည်နယ် အစိုးရမှ ၂၀၁၃ ဇန္န၀ါရီလ ၁၈ ရက်နေ့တွင် ကျေးရွာသားများကို ပြန် လည် လုပ်ကိုင် စားသောက်ရန် ခွင့်ပြုချက်ချပေးခဲ့သည်ဟု ဆိုသည်။

၎င်းအပြင် ပြည်နယ် အစိုးရမှ ၄င်းတာတမံအား ရေချို တာတမံ ဖြစ်အောင် ဆောင်ရွက်ရန် အဖွဲ့ဝင် ၁၆ ဦးပါ ၀င်သော ရေချိုချောင်း ဖြစ်မြောက်ရေး ကော်မတီ တစ်ခုကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ် လာသော ဦးချောင်းနားအောင် ဦးဆောင်ကာ ပြည်နယ် လွှတ်တော်၏ အမိန့်ဖြင့် တရားဝင် ဖွဲ့စည်းပေး ခဲ့သည်ဟု သိရသည်။

ဦးချောင်းနားအောင် အပါအဝင် ကော်မတီ ၆ ယောက်မှ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ခန့် အချိန် တွင် ၄င်းတာတမံအား သွားရောက် စစ်ဆေးနေစဉ် ဦးကျော်စိန်လှ မှ လာရောက် ရန်မူသဖြင့် အပြန် အလှန် ဓါးခုတ်မူ ဖြစ်ပွားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပေါက်တောမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက် ထွန်းအောင် အား မေးမြန်းရာ သူက ယခုလို ပြောသည်။

“ ဦးချောင်းနားအောင်တို့ လယ်သမား အဖွဲ့ (၆) ဦးကို ပေါက်တောရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်း ထားပါ တယ်။ ဦးသိန်းအောင်ကျော်မှာတော့ လက်ဖြတ်ပစ်ရပါတယ်။ မနက်ဖြန်မှာတော့ တရားရုံးချိန်း ရှိပါတယ်။ ဘယ် သူ လွန်တယ်။ ဘယ်သူမှားတယ်ဆိုတာကတော့ ကျနော် မပြောချင်ဘူး။ ဒါပေမယ့် မျှတမူ မရှိဘူးလို့ မြင်ပါ တယ်” ဟု ပြောသည်။

ပေါက်တော ရဲစခန်းသို့ ဆက်သွယ်ရာ တယ်လီဖုံးမှာ ဆက်သွယ်မူ အပြင်သို့ ရောက်ရှိနေသည်ဟု ဆိုသဖြင့် ဆက်သွယ် ၍ မရရှိခဲ့ပါ။

နိရဉ္စရာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်