မိတ္ထီလာ မြို့တွင် ယမန်နေ့က စတင်ကာ ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များကြောင့် ရန်မျိုးအောင် ရပ် ကွက် ရှိ စာသင်တိုက် တစ်တိုက်တွင် ထွက်ပြေး တိမ်းရှောင် လာသူ (၆ဝဝ)ကျော် ရောက်ရှိ ခိုလှုံ နေကြောင်း မိတ္ထီလာ မြို့သို့ ရောက်ရှိနေသော မြန်မာ့ခေတ် သတင်းထောက်မှသတင်းပေးပို့သည်။
အဆိုပါမြို့ရှိ ပဋိပက္ခများကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရေးအတွက် ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား၊ ရွှေညဝါဆရာတော်နှင့် ဦးဇင်းဝီရသူတို့သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ သာသနာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့နှင့် ယနေ့မနက်(၈)နာရီခန့်က မိတ္ထီလာခရိုင် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ရုံးတွင်ဆွေးနွေး ခဲ့ပြီးနောက် ဆရာတော် များဦးဆောင်သော အဖွဲ့သည် မြို့တွင်းသို့ လှည့်လှည်ကာလူထုအား ဖျောင်းဖျစည်းရုံး မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ စည်းရုံးနေစဉ်အချိန်မှာပင် မနက်(၉)နာရီအချိန်ခန့်ကနှစ်ထပ်အိမ်တစ်လုံးနှင့် တိုက်အိမ် တစ်လုံးတို့ အားမီးရှို့မှုများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပြီး လုံခြုံရေးများမှာလည်း ပဋိ ပက္ခဖြစ်ပွား နေသော နေရာ အနီးတွင် ရှိနေသော်လည်း လူအုပ်အတွင်းသို့ဝင်ရောက်ကာ ထိရောက်စွာ ထိန်းသိမ်း နိုင်ခြင်း မပြုလုပ်နိုင်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ လူ(၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် အာဏာပိုင်များဘက်မှ လူ(၁ဝဝ)ကျော်အား လုံခြုံ ရာနေရာသို့ ပို့ဆောင်ပေးခဲ့ရပြီး ယနေ့မနက် (၁၁)နာရီအချိန်အထိ ပဋိပက္ခဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပဲ နေရာအချို့တွင်လည်း မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ် ပွားနေ ဆဲဖြစ် ကြောင်း သိရသည်။
မြန်မာ့ခေတ်
The Myanma Age
Time in Rangoon

0 comments:
Post a Comment