Thursday, March 21, 2013

မယားကြီးရှိလျက်နှင့် သမီးဖြစ်သူကိုခိုးယူပေါင်းသင်းခဲ့သူအား အဖေကသတ်ပစ်

Posted by drmyochit Thursday, March 21, 2013, under | No comments

နေပြည်တော်၊ မတ် ၂၁

၁၅-၃-၂၀၁၃ရက်နေ့ ၁၆၃၀ အချိန် စာဘူးတောင်းကျေးရွာ အုပ် ချုပ်ရေး မှူးမှ ကျောက်ပုံ ကမ်းနားအနီး ငမိုးရိပ်ချောင်းအတွင်း အမည် မသိ အမျိုးသား အလောင်း ၁ လောင်း တွေ့ရှိကြောင်း အကြောင်းကြား ခဲ့သဖြင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေး ခဲ့ရာ ၀ဲရင်အုံ၊ ယာရင်အုံ၊ ၀ဲနံကြား၊ ၀ဲလက်ပြင်တို့တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံး နေကြောင်း သိရှိရ သဖြင့် လှည်းကူးရဲစခန်း(ပ)၁၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
 
အမှုမှ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သတ်သူအား ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ လှည်းကူးမြို့နယ်၊ စာဗူးတောင်းကျေးရွာတွင် ယခင်က နေထိုင် ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က မြ၀တီမြို့သို့ပြောင်းရွှေ့သွားသည့် အေးကို ဆိုသူသည် ၁၂-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင်ရောက်ရှိလာခဲ့ကြောင်း၊ ၁၃-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင် အေးကို ၏ သမီး ကစ်ကစ်နှင့် အမည်မသိအမျိုးသားတစ်ဦးတို့ ထပ်မံရောက်ရှိလာခဲ့ကြောင်းနှင့် ၁၄-၃-၂၀၁၃ ရက်နေ့ တွင် အေးကိုနှင့် အမည်မသိအမျိုးသားတို့မှာ ပြန်လည်ပျောက်ဆုံးသွားကြောင်း သတင်း ရရှိခဲ့ သည်။ 

သတင်းအရ ၁၈-၃-၂၀၁၃ရက်နေ့တွင် အေးကို၏ဖခင် ဦးမောင်အုန်း၊ ဇနီးဖြစ်သူ စန်းစန်းနွဲ့၊ သမီးဖြစ် သူ ကစ်ကစ်၊ ခယ်မဖြစ်သူ မိုးမိုးတို့အား စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ဓါတ်ပုံအား ပြသမေးမြန်းခဲ့ရာ ကစ်ကစ်အား မဲဆောက်မြို့သို့ခိုးယူသွားသည့် မြ၀တီမြို့နေ မျိုးဇော်ဦးဆိုသူဖြစ်ကြောင်းနှင့် မျိုးဇော်ဦးမှာ မယားကြီးရှိသူဖြစ်ကြောင်း၊ အေးကိုမှာလည်း နေအိမ်တွင် မရှိကြောင်း သိရှိရသည်။ 

၁၇၅၀ အချိန် မသင်္ကာဖွယ်ရှိသူ အေးကိုမှာ ရဲစခန်း၌ လာရောက်အဖမ်းခဲ့သဖြင့် စစ်ဆေးရာ အေးကိုသည် ၎င်း၏ သမီးအား မယားကြီးရှိလျက်နှင့် ခိုးယူပေါင်းသင်းခဲ့သည့် မျိုးဇော်ဦးအပေါ် မကျေမနပ်ဖြစ်ကာ ၎င်း၏ ဇာ တိဖြစ်သော လှည်းကူးမြို့နယ်၊ စာဗူးတောင်းရွာသို့ မင်္ဂလာကိစ္စဆွေးနွေးရန် အကြောင်းပြ၍ ခေါ်ခဲ့ပြီး လှည်း ကူး သို့ရောက်သောအခါ လူပြတ်သည့် ငမိုးရိပ်ချောင်းအနီးသို့ ခေါ်ဆောင်ကာ သတ်ပစ်ခဲ့၍ အလောင်း အား ချောင်းအတွင်းမျောခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် သက်သေခံ ပစ္စည်းများ သိမ်း ဆည်းကာ ထိုက်သင့်သည့်ပြစ်ဒဏ်ရရှိရေး ရဲတပ်ဖွဲ့မှဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သ တင်း ရရှိသည်။


ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်