Thursday, March 21, 2013

မတ်လ ၂၁ ရက် နံနက်ပိုင်း မိတ္ထီလာမြို့ အခြေအနေ

Posted by drmyochit Thursday, March 21, 2013, under | No comments

မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်မှ စတင်ဖြစ်ပွားနေသော ပဋိပက္ခ များကို ပြေငြိမ်း ရန် ရွှေည၀ါ ဆရာတော်နှင့် ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့မှ ကျောင်း သားခေါင်းဆောင် များက ယနေ့နံနက်ပိုင်း တွင် မိတ္ထီလာ မြို့အတွင်း ကားများဖြင့် လှည့် လည်ပြီး အသံချဲ့စက်များမှတစ်ဆင့် မြို့ခံပြည်သူလူ ထု ကို ပဋိ ပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် မေတ္တာရပ်ခံ၍ လှည့်လည် တ ရားဟောနေကြောင်း 7Day News သတင်း ထောက် က သတင်းပေးပို့သည်။

ထိုသို့ ရွှေည၀ါ ဆရာတော်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင် များက အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းနေ သလို လုံခြုံ ရေး တပ်ဖွဲ့ဝင် များနှင့် ဒေသ အာဏာပိုင် များက လည်း အခြေ အနေကို တည်ငြိမ်ရန် ကြိုး ပမ်းနေကြောင်း 7Day News သတင်း ထောက်က သတင်းပေးပို့သည်။ မတ်လ ၂၁ ရက် နံနက်ပိုင်း တွင် မိတ္ထီလာမြို့ရှိ ဈေးနှင့် ဈေးဆိုင်များ ပိတ်ထားကြောင်း သတင်းရရှိသည်။

ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ဈေးအရှေ့ပြင်ရပ်ရှိ "နယူးဝိန့်စိန်" ရွှေဆိုင်၌ ရွှေအရောင်းအ ၀ယ်ပြု လုပ်ရာ မှတစ်ဆင့် အချင်းများပြီး လာရောင်းသူ သုံးဦးအား ရွှေဆိုင်ရှင်၏ သမက်နှင့် လုပ်သားတို့က လက်သီးဖြင့်ထိုး၊ တုတ်နှင့်ရိုက်ရာ ရွှေလာရောင်းသူ ဒဏ်ရာရ၍ ဆေးရုံတင်ပို့ရကာ ၎င်း၏ ဇနီးက လက်ရောက် ကျူးလွန် မှုများကို ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ဆိုင်ရှင်သမက်နှင့် ဆိုင်လုပ်သားတို့ကို ဖမ်းဆီးအ မှုဖွင့် အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ထိုဖြစ်စဉ်ကို ကြားသိ ရသော ဒေသခံလူ ၂၀၀ ခန့်က ယမန်နေ့မွန်းလွဲ ၂ နာရီကျော်မှစတင်ကာ အဆိုပါရွှေဆိုင်နှင့် အနီးဝန်းကျ င်ရှိ ရွှေဆိုင်အချို့ကို စတင်ဖျက်ဆီးရာမှ ပဋိပက္ခမှာ ပိုမို ကြီးထွားလာသည်။ ထို့ကြောင့် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သည်။

အဆိုပါပဋိပက္ခကြောင့် ယမန်နေ့ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် မိတ္ထီလာဆေးရုံသို့ ဒဏ်ရာရရှိသော သံဃာ တစ် ပါးနှင့် အမျိုးသား ငါးဦး ရောက်ရှိလာကာ ဆေးဝါးကုသမှုခံယူနေပြီး ည ၈ နာရီ ၅၅ မိနစ်အချိန် တွင် ဆေးရုံ တက်ရောက် ကုသနေသော သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ် ရာ များဖြင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

From:7day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်