Thursday, March 21, 2013

ယေးလ်နှင့် ဟားဗတ်တက္ကသိုလ်ကျောင်းများ ကမ္ဘာ့ထိပ်တန်းအဆင့်တွင်ရှိနေ

Posted by drmyochit Thursday, March 21, 2013, under | No comments

အမေရိကန် ဥပဒေကျောင်းများထဲတွင် ယေးလ် တက္က သိုလ် ကလည်းကောင်း၊ ဆေးပညာ တက္က သိုလ် များထဲတွင် ဟားဗတ် တက္ကသိုလ် တို့က လည်း ကောင်း ကမ္ဘာ့ ထိပ်တန်း နံပါတ်ဝမ်း အဆင့် တွင် ရှိနေကြောင်း အမေရိကန် News & World Report မှ ထုတ်ဖော် ပြောကြားခဲ့သည်။

စီးပွားရေး ကျောင်းများထဲတွင် ဟားဗတ်နှင့် စတန်းဖို့ဒ် တက္ကသိုလ် တို့သည် ထိပ်တန်းတက္ကသိုလ်များအဖြစ် သတ်မှတ်ခြင်းခံရသည်။ နည်းပညာတွင် မက်ဆာ ချူးဆက် နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာ ပညာရပ် တွင် ဘာကလေ၊ စတန်းဖို့ဒ်နှင့် ကာလီဖိုးနီး ယားတက္ကသိုလ်တို့ ရရှိကြသည်။

Peabody ကောလိပ်နှင့် Vanderbilt တက္ကသိုလ်တို့ကို ပညာရေးတွင် ထိပ်တန်းအဖြစ်သတ်မှတ်ခံရသည်။

News & World Report မဂ္ဂဇင်းတွင် ထိုကျောင်းထွက်များသည် ကျောင်းပြီးပါက ဒေါ်လာ သိန်းချီပြီး ရနိုင် စွမ်းရှိ ကြောင်း၊ သို့သော် အများစုမှာ ကျောင်းတက်ရင်း ကြွေးပိကာ ဘဝပျက်သွားသူများလည်းရှိကြောင်း ဖော်ပြ ထား သည်။ ကျောင်းသားများအနေဖြင့် ရွေးချယ်မှုအရေးကြီးကြောင်း၊ ဘဝအတွက် အာမခံချက် ရှိသည့် ဘာသာရပ် များကိုရွေးချယ်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများအတွက်ပါ အဆင်ပြေနိုင် ကြောင်း ရေးသားထား သည်။

မည်သည့်ကျောင်းသို့တက်သည်ဖြစ်စေ စည်းကမ်းလိုက်နာနိုင်ရန် အရေးကြီးကြောင်း၊ ကျောင်းတစ် ခုခုတက် တော့မည်ဆိုလျှင် ပညာရှင်များနှင့် တိုင်ပင်သင့်ကြောင်း၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ် ရန်လည်း အရေးကြီးကြောင်း၊ မိမိနှင့် မလိုက်ဖက်သည့် ဘာသာရပ်များကို ရွေးချယ်ခြင်းကြောင့် ကြွေး တင်ပြီး ဒုက္ခရောက် ကာ ပန်းတိုင်မရောက်နိုင်ကြောင်း၊ ဝါသနာလည်းပါ၊ ဘဝအတွက် အာမခံ ချက်ရှိမည့် ဘာသာ ရပ်များကို ရွေးချယ်ရန် လိုအပ်ကြောင်း အကြံပြုရေးသားထားသည်။

From: မောက္ခနိုင်ငံတကာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်