Thursday, March 21, 2013

ဂျာနယ်တိုက်မှာ အလုပ်လုပ်ရင်း မင်းသမီးဖြစ်လာတဲ့ မိုးပြည့်ပြည့်မောင်

Posted by drmyochit Thursday, March 21, 2013, under | No comments


အခုအချိန်မှာ ရုပ်ရှင် သရုပ်ဆောင် မိုးပြည့်ပြည့်မောင် ဆိုတာ တချိန်က အနုပညာကို ၀ါသနာပါတာ တစ်ခုက လွဲပြီး အမေရယ်၊ မောင်လေး နှစ်ယောက်ရယ် အတွက် အလုပ်မလုပ်လို့ မဖြစ်တဲ့ ဘ၀တစ်ခုကနေ ထိုးဖောက် ၀င်ရောက် လာခဲ့ တာပါ။ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ အားကိုးရာမဲ့ပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် ကြိုးစား ခဲ့ရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အေးအေး ဆေးဆေး နေတတ်တဲ့ အမေဖြစ်သူနဲ့ ငယ်ရွယ် နုနယ်တဲ့ လူမမယ်လေး မောင်လေး နှစ်ယောက် ရှေ့မှာ မားမား မတ်မတ် ရပ်တည် နိုင်ဖို့ အတွက် အလုပ် တစ်ခုကို မဖြစ်မနေ ၀င်လုပ်ဖို့ ဆုံးဖြတ်ရင်း ရွှေပြည်တန် ဂျာနယ်တိုက်မှာ ၀င်လုပ်ခဲ့တာပါ။

ဆယ်တန်း အောင်ကာစ မိန်းကလေး တစ်ယောက်အနေနဲ့ လုပ်ငန်း သဘောသဘာဝတွေ၊ ပေါင်းသင်း ဆံရေး နယ်ပယ်တွေမှာ ကျင်လယ်မှု မရှိခဲ့ပေမယ့် ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့ခွင့်ရခဲ့တာကတော့ မိုးပြည့်ပြည့်မောင် အတွက် ကံကောင်းခြင်း တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဂျာနယ် တိုက်မှာ လုပ်ကိုင်ရင်း တက္ကသိုလ် တက်ဖို့ ကြိုးစားရပါတယ်။ ကိုယ့်ရဲ့ အလုပ်မှာလည်း တက်နိုင်သမျှ အမှားနည်းအောင် ဂရုစိုက်ပြီး ဘ၀အတွက် ရှင်သန်အောင် လုပ်ကိုင် ခဲ့ရပါတယ်။ မင်းသမီး ဖြစ်ဖို့ကတော့ ဘယ်လိုမှ အကောင်အထည် ပေါ်မှာ မဟုတ်ဘူးလို့ ယူဆထားပေမယ့် သူမရင်ထကြ ၀ါသနာကို အထက်က လူကြီးတွေက နားလည်ခဲ့ရာကနေ စတင်ဖြစ်ခဲ့တာပါ။

ရွှေပြည်တန် ဂျာနယ်တိုက်က သိပ္ပံမောင်ဝနှစ်(၁၀၀)ပြည့် ကားကို ရိုက်တော့ ၀ါသနာပါတဲ့ ၀ါသနာပါတဲ့ တပည့်မလေး မိုးပြည့်ပြည့်မောင်ကို ဆရာသမားတွေက မင်းသမီး တစ်ယောက်အနေနဲ့ နှစ်ခန်း၊ သုံးခန်း ၀င်ရောက် သရုပ်ဆောင်စေခဲ့ရာမှာ သူမဘ၀ဟာ တစ်ဆစ်ချိုး ပြောင်းလဲ လာခဲ့တာပါ။ အချိန်နဲ့ ကြိုးစားမှုကို အရင်းတည်ပြီး အနုပညာ တွေ ပေးဆပ်ခဲ့ရတာမျိုး ရှိပေမယ့် ၀ါသနာက ရှိနေတော့ ပင်ပန်းတယ်လို့တောင် မထင်မှတ်ခဲ့ပါဘူး။ ရိုးရိုးကျင့်ကျင့်၊ မြင့်မြင့်ကြံ ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင် ပြုပြီး ဘ၀မြင့်အောင် ကြိုးစားခဲ့ပါတယ်လို့ ဆိုလာတာက ရုပ်ရှင် သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ပဲ ဖြစ်ပါတော့တယ်။

News From: Myanmr Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်