Thursday, March 21, 2013

အနှစ် ၂၀ ကြာ သုံးစွဲခဲ့သည့် FEC ကို ပြန်ရုပ်သိမ်းတော့မည်

Posted by drmyochit Thursday, March 21, 2013, under | No comments


၁၉၉၃ ခုနှစ် ကစပြီး နှစ်ပေါင်း ၂၀ ကြာ အမေရိကန် ဒေါ်လာ အစား သတ်မှတ် သုံးစွဲ နေတဲ့ FEC တွေကို ပြန်လည် ရုပ်သိမ်းဖို့ ပြည်ထောင် စုလွှတ်တော် အစည်း အဝေးမှာ သေဘာ တူညီ ခဲ့ပါတယ်။

မတ် ၂၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ကနေ အခုလို အတည်ပြု လိုက်တာ လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဒီအတွက် အသုံးပြု နေတဲ့ FEC တွေကို ဈေး ကွက် ပေါက်ဈေး အတိုင်း လဲပေး သွားမှာ ဖြစ်တယ်လို့လည်း သူက အခုလို ပြောပါတယ်။

“FEC တွေ ထုတ်ပြီး သုံးစွဲနေတာလည်း နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ အခုလည်း တြခားနိုင်ငံက ပညာရှင် တွေနဲ့ တိုင်ပင်ပြီးတော့ ဒေါ်လာငွေနဲ့ မြန်မာငွေကို ဈေးကွက်ပေါက်ဈေး အရ တိုက်ရိုက် လဲလှယ် သုံးစွဲ ခွင့်ပြု ထားပြီ ဆိုတာ ရှင်းပြပီးတော့ သ၀ဏ်လွှာပါအေကြာင်းအရာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ သေဘာ တူညီချက် ရယူတာပါ။ ဖျက်သိမ်းပြီးတော့ ပြန်လည် ရွေးနုတ် ယူမယ့် ကြေညာချက် ဆိုတော့ ပြန်လဲပေး မှာပေါ့လေ။ FEC ၁ ဒေါ်လာပေးတိုင်း အမေရိကန် ၁ ဒေါ်လာပြန်ပေး မယ်ပေါ့ သို့မဟုတ် မြန်မာငွေ ဈေးကွက် ပေါက်ဈေး အတိုင်း ပြန်ပေး မှာပေါ့။”

FEC တွေကို ၁၉၉၃ ခုနှစ်ကတည်းက စတင်ပြီးတော့ အေမရိကန်ဒေါ်လာ အစား ကြားခံ အြဖစ် အသုံးပြု လာတာ ဖြစ်ပြီးတော့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ရဲ့ အကြံပြုချက်နဲ့  ပြန်လည် ရုပ်သိမ်းဖို့ သမ္မတက ပြည်ထောင်စု လွှတ်တော်ရဲ့ သဘော တူညီ ချက်ကို တောင်းခံ ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့  ပြည်သူ လူထု အတွင်း လှည့်ပတ် သုံးစွဲနေတဲ့ FEC ပမာဏ ယူနစ် သန်း ၃၀ ကျော်ရှိပြီး အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော်နဲ့ ညီမျှတဲ့ အကြောင်း ဘဏ္ဍာရေးနဲ့ အခွန် ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

FEC တွေကို ပြည်တွင်းမှာ အမေရိကန် ဒေါ်လာ အစား လစာ တွေပေးတာ၊ ကုန်စည်နဲ့ ၀န်ဆောင်မှု အတွက် ပေးချေတာ စတဲ့ နေရာတွေမှာ အသုံးပြုခဲ့ပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်