Thursday, March 21, 2013

ပါတီပွဲတွင် အမျိုးသမီးများ၏ ဘရာစီယာချိတ် ဖြုတ်မှုဖြင့် အသက် ၂၂ နှစ်အရွယ် ကျောင်းသားတစ်ဦး စုံစမ်းစစ်ဆေးမေးမြန်းခံနေရ

Posted by drmyochit Thursday, March 21, 2013, under | No comments


လူနောက် လူပြောင် ကျောင်းသား ဥက္ကဌ တစ်ဦး သည် တက္ကသိုလ် ပါတီပွဲ တစ်ခုတွင် အမျိုး သမီး များ၏ ဘရာစီယာ ချိတ်များကို ဖြုတ်နေသည့် ဗွီဒီယို ဖိုင်များ တွေ့ရှိ ပြီးနောက် တာဝန် ရှိသူများ၏ စုံစမ်း စစ်ဆေးမှု ကို ခံယူ နေရသည်။ နစ်ဆွင်း အမည် ရှိ အသက် ၂၂ နှစ် အရွယ် ပါးစစ်က် တက္က သိုလ် ကျောင်း သား ဥက္ကဌသည် လာမည့် တက္က သိုလ် ရွေးကောက်ပွဲတွင်လည်း ဥက္ကဌ နေရာ အတွက် ပြန်လည် အရွေးခံ ရမည့် သူဖြစ်သည်။ ၎င်းသည် ပါတီတွင် ကခုန်နေသည့် ကျောင်းသူ တစ်ဦး၏ နောက်မှ နေ၍ ဘရာစီယာ ချိတ် ကို ဖြုတ် ခဲ့သဖြင့် အဆိုပါ ကျောင်းသူ ရင်ဘက် ဟောင်းလောင်း ဖြစ်သွားသည့် ဗွီဒီယို များပေါ်တွင် ထွက်လာ ခဲ့ပြီးနောက် ၎င်းကို ရဲတပ်ဖွဲ့မှ ခေါ်ယူ စစ်ဆးခဲ့ဖြင်း ဖြစ်သည်။ 

နစ်ဆွင်းနှင့် ၎င်း၏ သူငယ်ချင်း များသည် သြစတြီးယား နိုင်ငံဟု ယုံကြည် ရသည့် နိုင်ငံတစ်ခုတွင် နှင်းလျော စီးရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက သွားရောက်ခဲ့ပြီး ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဘရာစီယာ ချိတ်က အဖြတ် ခံလိုက် ရသော အမျိုး သမီး ငယ်သည် လစ်ဟာ သွားသော ရင်သားကို ကာကွယ် ရန် မိမိလက်ကို အသုံးပြု ကာကွယ် လိုက်ရသည့် ပုံများသည် နစ်ဆွင်း ကျောင်းသား ဥက္ကဌ အဖြစ် ပြန်လည် အရွေး မခံရမီ ရက်ပိုင်း အလိုတွင် အင်တာ နက်တွင် ပျံ့နှံ့ လာခြင်း ဖြစ်သည်။ ယင်း ဖြစ်ရပ် ဖြစ်ပွားပြီးနောက် နစ်ဆွင်းက အမျိုးသမီး၏ ကျောဘက်တွင် အားရပါးရ ရယ်မောနေသည်ကိုလည်း စက္ကန့်  ၉၀ ကြာယင်း ဗွီဒီယိုဖိုင်ထဲတွင် ပါရှိသည်။ အဆိုပါ ဗွီဒီယို ဖိုင်ကို နစ်ဆွင်း၏ ပြိုင်ဘက်များက အင်တာနက်ပေါ် သို့ လွင့်တင်ခဲ့ခြင်း ဖြစ်ပြီး တစ်ပတ်အတွင်း ကြည့်ရှုသူ ငါးထောင်ကျော်သွားခဲ့သည်ဟု ဆိုသည်။ 

ယင်းဗွီဒီယို ဖိုင်သည် ၀ါးဝစ် ကျောင်းအတွင်း ကြီးမားသည့် ပြဿနာတစ်ခု မဖြစ်ခဲ့သော်လည်း ဆွင်း၏ ပြိုင် ဘက် ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်များက ယင်းဗွီဒီယိုကို အသုံးပြုပြီး မဲဆွယ်မှုများ ပြုလုပ်ခဲ့ သဖြင့် ကာယ ကံရှင် အမျိုးသမီးငယ်အတွက် ပိုမို အရှက်ရဖွယ် ဖြစ်ခဲ့သည်။ “အမျိုးသမီး တွေကို ဒီလို မလေးမစား လုပ်တဲ့ ယဉ်ကျေးမှုကို ၀ါးဝစ် ကျောင်းသား သမဂ္ဂ အသိုင်းအ၀ိုင်းက လက်မခံပါဘူး” ဟု ယင်းဗွီဒီယို ဖိုင်နဲ့ တွဲ ဖက်ပြီး အင်တာနက် လွင့်တင်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် ၀ါးဝစ် တက္ကသိုလ် တာဝန်ရှိသူ များကလည်း ကျောင်း သား သမဂ္ဂ အရေးကိစ္စများသာ ဖြစ်သဖြင့် ကျောင်းအနေဖြင့် ဆွင်း အပေါ် အရေုးယူသွားရန် မရှိကြောင်း ပြာ သွားခဲ့သည်။

From: Myanmr Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်