သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ သြစတြေးလျနိုင်ငံကို ရောက်ရှိနေစဉ်မှာပဲ ဆစ်ဒနီမြို့က မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေနဲ့ နာရီဝက်ကျော်ကြာ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။
ကချင်၊ ကရင်၊ မွန်တိုင်းရင်းသား၊ ABSDF ကျောင်းသားကိုယ်းစားလှယ်များနှင့် မြန်မာဝန်ကြီးများ ဆွေးနွေးကြစဉ် (Credit: ABC)
အသံ နားဆင်ရန်
(Credit: ABC)
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်ကြတဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ တရားမဝင် မူး ယစ်ဆေး ဝါး တိုက်ဖျက်ရေး ဝန်ကြီး ဦးအုန်းမြင့်နဲ့ သ မ္မ တ ပြော ရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲ ထွဋ် တို့က ကချင်၊ ကရင်၊ မွန် နဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့တွေ သြစတြေးလျနိုင်ငံ ဘုရင်ခံချုပ်ရဲ့ အိမ်တော်မှာ နေ့လည်စာ သုံးဆောင်တုန်း ဆန္ဒပြ သူတွေက ဘုရင်ခံချုပ်ရဲ့ အိမ်တော်ရှေ့မှာ ဆန္ဒပြကြတာကို သမ္မတက သတိပြုမိရာက ခုလို ဆွေးနွေး မှုတွေ လုပ်ဖို့ ပြောလိုက်တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ကချင်ဒေသမှာ တိုက်ခိုက်မှုတွေ မလုပ်ဖို့သမ္မတက သုံးကြိမ်ပြောခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေသေးတဲ့ ကိစ္စတွေအကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း၊ နိုင်ငံရေးအကျဉ်းသား ကိစ္စတွေအကြောင်း အဓိကထား ဆွေးနွေးခဲ့ပါတယ်။
ကချင်ဒေသမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ချဲ့ကားပြောဆိုတာတွေရှိတယ်လို့ ဝန်ကြီးတွေ ကပြောခဲ့ပြီး ကချင်ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေးစောင့်ကြည်သူတွေရဲ့ အစီရင်ခံ စာတွေ၊ ဒေသခံတွေရဲ့ ပြောပြချက်တွေကို အခြေခံပြီး ပြောဆိုတာလို့ တုန့်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား ကိစ္စမှာတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုမှုအခက်ခဲတွေကြောင့်လည်း လွှတ်ပေးနိုင်ဖို့ ကော်မတီဖွဲ့ပြီး အဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေးမှုတွေ လုပ်နေတဲ့အကြောင်း မြန်မာ ကိုယ်စား လှယ်တွေက ပြောပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေသိရအောင် ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာဖို့ပြောလိုက်ပြီး အခက်အခဲရှိရင်ပြေလည်အောင် ဆောင်ရွက်ပေးမယ်လို့လည်း ကတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိမရှိဆိုတာကိုလည်း ဆွေးနွေးပွဲကို တက်ရောက် ခဲ့သူတွေ ကို မေးမြန်း ထားပါတယ်။ အသံဖိုင်မှာ နားဆင်ကြပါဦး။
သမ္မတဦးသိန်းစိန် ဒီနေ့ မြန်မာနိုင်ငံပြန်လာမယ်
သမ္မတဦးသိန်းစိန်ရဲ့ သြစတြေးလျနိုင်ငံ တတိယမြောက်နေ့မှာ ဆစ်ဒနီမြို့ကို ရောက်ရှိခဲ့ပြီး နယူး ဆောက်တ် ဝေးလ်ပြည်နယ် ဘုရင်ခံနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတနဲ့ အဖွဲ့ဟာ ဆစ်ဒနီမြို့ ဆိပ်ကမ်း တလျောက် ကို သင်္ဘောနဲ့ လှည့်ပတ်ကြည့်ရှုပြီး သာယာတဲ့ ရှုခင်းသာတွေကို ကြည့်ရှုခွင့်ရခဲ့ပါတယ်။
ညနေပိုင်းမှာတော့ စီးပွားရှင်တွေနဲ့ တွေ့ဆုံပြီး စီးပွားရှင်တွေနဲ့ ညနေစာ စားသောက်ခဲ့ပါတယ်။ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ သြစတြေးလျနိုင်ငံက ရုပ်မြင်သံကြားဌာန အေဘီစီရဲ့ ဥက္ကဌနဲ့ တွေ့ဆုံခဲ့ ပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက ရုပ်မြင်သံကြားဌာနနဲ့ ပူးပေါင်း၊ ကူညီ ဆောင်ရွက် တိုးတက်ရေး ကိစ္စတွေ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နေ့လည်ပိုင်းမှာတော့ ဆစ်ဒနီမြို့ နိုင်ငံခြားရေး ဌာနခွဲမှာ သမ္မတ ဦးသိန်း စိန် ရဲ့ လာရောက်လည်ပတ်မှုကို လူပေါင်း ၁၀၀ ကျော်က ဆန့်ကျင် ဆန္ဒပြ ခဲ့ကြပါ တယ်။
ညနေပိုင်းမှာတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ပါဝင်ပြီး ဝန်ကြီးများဖြစ်တဲ့ ဦးခင်ရီ၊ ဦးအုန်းမြင့်နဲ့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်တို့က သြစတြေးလျနိုင်ငံက တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ABSDF ကျောင်းသားများအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ သမ္မတနဲ့ မြန်မာ ကိုယ်စား လှယ် အဖွဲ့ဟာ ဆစ်ဒနီမြို့က ထွက်ခွာပြီး မြန်မာနိုင်ငံကို ပြန် လာမှာ ဖြစ်ပါတယ်။
radioaustralia ၏ ၂၀-၃-၂-၁၃ ရက်နေ့ သတင်း
From: http://www.radioaustralia.net.au/burmese/2013-03-20/1104310
radioaustralia ၏ ၂၀-၃-၂-၁၃ ရက်နေ့ သတင်း
From: http://www.radioaustralia.net.au/burmese/2013-03-20/1104310
0 comments:
Post a Comment