ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဟာ လာမယ့် သင်္ကြန်ကာလ မဏ္ဍပ် တည်ဆောက်မယ့် သူတွေ အနေနဲ့ ရေ ကစားမယ့် အမျိုး သမီးတွေရဲ့ ၀တ်စား ဆင်ယင်မှုဆိုင်ရာ ကိစ္စ အပါ အ၀င် စည်းကမ်း ချက် ၂၇ ချက် သတ်မှတ် ထားတယ်လို့ သတင်း ထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန် ကြေငြာ ထားပါတယ်။
အဲဒီ အချက်တွေ အထဲမှာ ဖွင့်ပွဲနေ့ ငွေ ဖလားမှာ အမွှေးနံ့သာ ထည့်ပြီး ရေကစားဖို့၊ မြန်မာ့ ယဉ်ကျေး မှုနဲ့ မအပ် စပ်တဲ့ အပြုအမူ၊ အပြော အဆို၊ ၀တ်စား ဆင်ယင်မှု၊ ခုန်ပေါက် အော်ဟစ် သီဆိုမှု မလုပ် ဖို့ ဒါကို မဏ္ဍပ် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ကွပ်ကဲဖို့၊ ရေပက် ခံလာ သူတွေကို လည်း ဟီရိဩတ္တပ္ပ ကင်းမဲ့တဲ့ အ၀တ် တွေနဲ့ ကပြ၊ သီဆိုတာနဲ့ ရေပက် ခံတာ မလုပ်အောင် မဏ္ဍပ် တာဝန် ခံတွေက ကြပ်မတ် ဖို့၊ မဏ္ဍပ်မှာ စီစီ တီဗွီ ကင်မရာတွေ တပ်ဆင်ထားပြီး နေ့စဉ် ည ၇ နာရီ ရောက်တာနဲ့ လုံခြုံရေး ဆပ်ကော် မတီကို တင်ပြဖို့ အချက် တွေ ပါဝင်ကြောင်း သိရ ပါတယ်။
စည်းကမ်း မလိုက်နာ တဲ့ သူတွေ ကို သက်ဆိုင် ရာက ခေါ်ယူ သတိ ပေးမှာဖြစ်ပြီး မလိုက် နာရင် မဏ္ဍပ်ကို ပိတ်သိမ်း မယ်လို့လည်း ထုတ်ပြန် ကြေညာထားပါတယ်။
DVB
Time in Rangoon


0 comments:
Post a Comment