Thursday, March 21, 2013

အိန္ဒိယတွင် မုဒိမ်းကျင့်ခံရမည်ကို ကြောက်စိတ်ဖြင့် ဗြိတိန်သူတစ်ဦး ဟိုတယ်ပေါ်မှ ခုန်ချ

Posted by drmyochit Thursday, March 21, 2013, under | No comments

မုဒိမ်းကျင့်ကြံ ခံရမည်ကို စိုးရိမ်ကြောက်ရွံ့စိတ်ဖြင့် အိန္ဒိယနိုင်ငံတွင် ဗြိတိန်သူ အမျိုးသမီးတစ်ဦး ဟို တယ်ပေါ်မှ ခုန်ချခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့က ဟိုတယ် ပြူတင်းပေါက်မှ ခုန်ဆင်းလာသော ဗြိတိသျှ ကမ္ဘာ လှည့် ခရီးသည် အမျိုးသမီး တစ်ဦးအား ဆေးရုံ တင်ပို့ခဲ့ရသည်။ နာမည်ကျော် တာ့ဂ်ျမဟာ သင်္ချိုင်း ဂူကြီး တည်ရှိရာ အဂ္ဂရာမြို့တွင် ဟိုတယ်တစ်လုံး၌ တည်းခိုနေသော အမျိုးသမီးသည် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက် မှု ခံရနိုင်သည့် အခြေအနေကို စိုးရိမ်ကာ ဟိုတယ်ပေါ်မှ ခုန်ချခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့ သည်။ 

မကြာသေး မီက ဆွစ်ဇာလန် ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် ဖြစ် စဉ်နောက်ပိုင်း အိန္ဒိယတွင် နိုင်ငံခြားသူ အမျိုးသမီးများအပေါ် မုဒိမ်းမှုနှင့် ပတ်သက်သည့် နာမည်ဆိုး ထပ်မံ ပေါ်ထွက် လာခြင်းလည်း ဖြစ်သည်။ အသက်(၃၀)ကျော် ရှိပြီး အမည်ဖော်မပြသည့် အမျိုးသမီးသည် ပထမထပ် ပြူတင်းပေါက်မှ ခုန်ချခဲ့သည့်နောက် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ အဂ္ဂရာ မာဟာလ် ဟိုတယ် တွင် တည်းခိုနေသော အမျိုးသမီးသည် အင်္ဂါနေ့ နံနက်အစောပိုင်းက ယခုလို ခုန်ချခဲ့ခြင်း ဖြစ်သည်။

(ဗြိတိန်အမျိုးသမီး ခုန်ချခဲ့သည့် အဂ္ဂရာမြို့ရှိ ဟိုတယ်)

"အမျိုးသမီးဟာ ထိတ်လန့်နေတယ်။ ဟိုတယ် ခန်းထဲကနေ ပြူတင်းပေါက်ဆီ ပြေးပြီး ခုန်ချလိုက်ပုံပဲ"ဟု အဂ္ဂရာ မြို့မှ ရဲအရာရှိ ပါဝမ်ကူမာက AFPသတင်းဌာနသို့ ပြောကြားခဲ့သည်။ အချို့သော သတင်းများက ရဲများ သည် ယခုအခါ ဟိုတယ် မန်နေဂျာကို ဖမ်းဆီးထားကြောင်း ဖော်ပြခဲ့သည်။ အမျိုးသမီးကို သွားရောက်မေးမြန်း ခဲ့သည့် ရဲအရာရှိက သူမသည် အစောပိုင်းက ဟိုတယ် မန်နေဂျာထံမှ စော်ကား ချဉ်းကပ်သည့် Messageတစ်ခုကို ငြင်းဆို တုံ့ပြန်ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် ဟိုတယ် မန်နေဂျာသည် အခြား သူ တစ်ဦးနှင့်အတူ မိမိ၏ အခန်းအား သော့ဖြင့် တံခါးလာဖွင့်ကြောင်း ထွက်ဆိုခဲ့သည်ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။ 

သွေးရူး သွေးတန်း ခုန်ချခဲ့သည့် အမျိုးသမီးသည် ခြေထောက်အရွတ် ထိခိုက်သွားသော်လည်း ပြင်းထန်မှု မရှိဟု ဆို သည်။ ရဲများက သူမသည် အလွန်ကြောက်လန့်နေပြီး အိန္ဒိယတွင် လည်ပတ်မည့် အစီအစဉ် ကိုပါ ဖျက်သိမ်းလိုက်ကြောင်း ပြောကြားခဲ့သည်။ ဟိုတယ်ဝန်ထမ်း တစ်ဦးကမူ မန်နေဂျာသည် သူမကို အစော ပိုင်း ရထားမီရန် သွားနှိုးမည်ဟု ပြောဆိုခဲ့ကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။ "ဘာတွေ ဖြစ်ကုန်လဲ သေချာမ သိဘူး။ အမျိုးသမီးကလည်း ဘယ်လိုတွေးမိလဲ မသိဘူး။ ပြူတင်းပေါက်ဖွင့်ပြီး ခုန်ချသွားတော့ တာပဲ"ဟု ယင်းဝန်ထမ်းက ပြောဆိုသွားသည်။ 

Source: Nation
Planet Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်