Thursday, March 21, 2013

မိတ္ထီလာအရေးအခင်း စုံစမ်းရေးကော်မရှင်ဖွဲ့

Posted by drmyochit Thursday, March 21, 2013, under | No comments



မနေ့က မိတ္ထီလာမြို့ ရွှေဆိုင် တစ်ခုမှာ အရောင်း အဝယ် စကား များကြ ရာက စတင်ဖြစ် ပွားခဲ့တဲ့ အဓိ ကရုဏ်း ဟာ ဒီကနေ့ အထိ ဆက်လက် ဖြစ်ပွား ခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ဖို့ မန္တလေး တိုင်းဒေ သကြီး အစိုးရ အဖွဲ့က စုံစမ်း စစ်ဆေးရေး အဖွဲ့ကို အရေးပေါ် ဖွဲ့စည်း လိုက်ပါတယ်။

ဒီအဖွဲ့မှာ ဥက္ကဌအဖြစ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မျိုး၊ အဖွဲ့ဝင်တွေ အဖြစ် တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီး ထွန်းနိုင်၊ မိတ္ထီလာ ခရိုင် ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်မြင့်နဲ့ အတွင်းရေးမှူး အဖြစ် မိထ္ထီလာ ခရိုင် အုပ်ချုပ် ရေးမှူး ဦးတင်မောင်စိုးတို့ ပါဝင်ပါတယ်။

ဖြစ်စဉ် အသေးစိတ် အစီရင် ခံစာကို သီတင်း တစ်ပတ် အတွင်းမှာ ပြန်လည် တင်ပြ ရမယ်လို့ မန္တလေး တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြ ထားပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်