Friday, October 12, 2012

တောင်ပိုင်းမှာ သေဆုံးခဲ့ရတဲ့ ABSDF ကျောင်းသားရဲဘော် ဋ္ဌေးနိုင် မိသားစုရဲ့…(၃)

Posted by drmyochit Friday, October 12, 2012, under | No comments





From : မေသင်္ကြန်ဟိန်(မြစ်မခ)

အပိုင်း(၄)

ကျနော် မိုးသီးဇွန်ကို ယုံကြည် မိခဲ့တယ် ။
 
အဲဒါဟာ ကျနော့်ကိုယ် ကျနော် တသက်လုံး မိကိုယ်ကို နောင်တ ရစေမဲ့ ယုံကြည်မှု အမှား တွေကို အချိန် ကြာလာ တာနဲ့ အမျှ သိလာ ရတယ် ။ ကျွန်တော် ခံစား ရတဲ့ နောင်တ ဆိုတဲ့ အတွေး မျိုးကို မိုးသီး ဇွန်ကို ယုံကြည်ခဲ့ သူတွေ ခံစား ရမယ် ဆိုတာ နားလည် ပါတယ် ။

 ဒီနေရာမှ ကျနော် တခုလောက် ဖြတ်ပြီး ပြောချင်တယ်။ ကျနော်တို့ ညီအကို တောခို ခဲ့ကြတာက မြန် မာပြည် ဒီမို ကရေစီ ရေးအတွက် ခဏ ရှောင်နေခဲ့ ကြတာပါ။ ခဏရှောင် နေပြီးရင် အိမ်ပြန်မယ် ဆိုတဲ့ စိတ်နဲ့ ရည်ရွယ် ချက်ရှိခဲ့ ကြတယ်။

မှတ်မှတ် ရရ ရန်ကုန်မှာ အာဏာ သိမ်းပြီး နောက်တနေ့ နေ့လည် လောက်မှာ   လှိုင်မြို့နယ် လမ်းမကြီး တ လျှောက် လူသေ အလောင်း တွေကို ကျော်ဖြတ်ပြီး တက္ကသိုလ် ရိပ်သာ လမ်းကို ဆင်ရေတွင်း နောက်ဖက်က ပတ်ပြီး သွားလိုက် ကြတယ် ။

အမေစုကို ခြံဝနားမှာ တွေ့လိုက် ရတယ် ။ အမေစုက မြို့ထဲက အခြေ အနေတွေ မေးတော့ ပြောပြ လိုက် တယ် ။ အခြေ အနေ မကောင်းရင် ထိုင်းနိုင်ငံကို ရှောင်မယ်လို့  အသိ ပေးလိုက်တယ် ။

အမေစုက ဘန်ကောက် အထိ ရောက်အောင် သွားပါ ။ ကိုမျိုးသိမ်း ကိုတွေ့ အောင်ရှာပြီး အကူ အညီ တောင်းပါ လို့မှာ လိုက်တယ်။ အပြန် လမ်းမှာ ကျောင်းသားတွေ စုနေတဲ့ ၁၃ ရပ်ကွက် ထဲက ဘုန်းကြီးကျောင်း ကို တစ်ချက် ဝင်လိုက်တော့ နယ်စပ်ကို သွားဖို့  အမာခံ ကျောင်းသားတွေ ပြင်ဆင်ပြီးပြီ။ ထောက်လှမ်းရေး တွေ လိုက်ဖမ်း နေကြပြီလို့ ပြောကြတယ် ။အဲဒါနဲ့ အိမ်နား ဝန်းကျင် အခြေ အနေကို ကြည့်ပြီး အိမ်ထဲ ဝင်ပြီး အဝတ် အစား အပိုယူ လိုက်တယ် ။ အမေ့ကို ရှောင်နေမှ ဖြစ်တော့မယ် အမေ ခဏ ဘဲလို့ ပြော လိုက်တယ် ။

ကျနော် ထင်ထား တာက ၃ လ လောက်ဘဲ ကြာမယ် ထင်ထားတာ ။ တကယ်တော့ ၃ လလောက် ဆိုတာ နှစ် ၂၀ ကျော် ကြာတာတောင် အိမ် မပြန်နိုင် သေးတဲ့ ဘဝ ရောက်သွားတယ်။

အမေက သားကြီး တယောက်ထဲ မသွားနဲ့ သားငယ်ကို အဖေါ်ခေါ် သွားဆိုပြီး အိပ်ယာထဲက အိပ်ပျော်နေ တဲ့ ဌေးနိုင် ကို သွားနိုး လိုက်တယ် ။

အဲဒီနေ့က အိပ်ရာ ထဲကနေ နိုးထ လာတဲ့ ဌေးနိုင်က ကိုကြီးက တက္ကသိုလ် ကျောင်းသား မဟုတ်ဘူး ။ အန္တ ရာယ်ရှိတယ်။ ကျွန်တော့ သူငယ်ချင်း မောင်မောင်ကျော် သွားနှင့်နေပြီ။ ကျွန်တော် လိုက်မယ် ဆိုပြီး အဝတ် တထည် ကိုယ်တခုနဲ့  လိုက်လာခဲ့ ရှာတယ်။

ကျနော်တို့ ပဲခူး အထိကတော့ တစုတည်း သွားကြတာပေါ့ ။ ပဲခူးကနေ ဖားအံကို တက်ကြတဲ့ အခါ ကြတော့ ကား၂ စီး ကွဲသွားတယ် ။စုံရပ်က မောင်မောင်ကျော် တို့ နဲ့  ချိန်းထားတဲ့ ထိုင်းနိုင်ငံ မယ်တော် ဘုန်းကြီးကျောင်း ပေါ့ ။ ကျနော်နဲ့  ဌေးနိုင်တို့ က တအုပ်စု ။ ငြိမ်းချမ်း တို့ က တအုပ်စု ကွဲသွား ကြတယ် ။

ဖားအံက အထွက် စစ်ဆေးရေး ဂိတ်အဝင်မှာ ကားသမားက ရပ်ပြီး တောလမ်းနဲ့ လမ်းလျှောက်ဖို့ ပြော တယ် ။ ကျနော်တို့ ရင်စို့ တောင်တွေ တက်ကြ ရတာပေါ့။ မြင်မြင့်စန်းဆို မောပန်း လွန်းလို့ သတိပါ လစ် တယ် ။ ကိုဌေးနိုင်က အားကစား သမားဆိုတော့ ထမ်းရတာပေါ့ ။

တောင်တက် ထားကြ ရှေ့မှာ အဆင်း ရှိတယ် ဆိုပြီး တက်လိုက် ရတာ ၂ ရက်လောက် ကြာသွား တာလဲ ရှိ တယ်။ ရွာတွေက ကျိုးဖိုးလေး တွေဆိုပြီး ( ကျောင်းသား) ကျနော်တို့ကို ထမင်းကျွေးတယ် ။ ခရီး တလျှောက် လုံး ကိုဌေးနိုင်က စိတ်ဓါတ် ခွန်အား ပေးပြီး ဦးဆောင် ခဲ့တာပါ။

KNU နယ်မြေထဲ ဝင်တော့ ဒေါက်တာ စင်သီယာတို့ အုပ်စုနဲ့ တွေ့ ပြီး မကြာခင် ဗိုလ်ေ၈ျာ်နီတို့ လာကြို တယ် ။
တပတ်လောက် ကြာတော့ KNU စခန်းက ဝမ်ခကို စရောက်တယ် ။ နောက်တော့ KNU က ဗိုလ်လှဝေက ကျောင်းသားတွေ စုစည်း ပေးထားတဲ့ သီဘောပိုး စခန်းကို ပို့ပေး လိုက်တယ် ။

သီဘောပိုး ဆိုတာ ထိုင်းနိုင်ငံ နယ်စပ် ရွာကြီးတခုပါ ။ မှောင်ခို ကုန်သည်တွေ ခေတ္တ တည်းခိုရာ အရပ် ဖြစ် တယ်။ အိမ်ငယ် လေးတွေမှာ ပြည်တွင်းက လာကြတဲ့ ကျောင်းသား လူငယ်တွေ အုပ်စုလိုက် ပြွတ်ပြီး နေကြရတယ် ။

ကျနော်နဲ့ ပါလာတာက တက္ကသိုလ် ကျောင်းသား ငယ်တွေများတယ်။ လူငယ်တွေ ဘယ်လောက် များလဲ ဆိုရင် မနက် ၈ နာရီက တန်းစီတာ နေ့ လည် ၁ နာရီ လောက်မှ ထမင်းစားဖို့  အလှည့် ရောက်တယ် ။
အဲဒီမှာ  ကျနော်တို့  အဖွဲ့ တွေ ဆုံးဖြတ်ချက် တခုချတယ် ။ မယ်တော် ဖုန်းကြီး ကျောင်းကို ဖြစ်တဲ့ နည်းနဲ့  သွားဖို့  ။

တော်တော် ခက်ခဲတဲ့ အလုပ်ပါလား ။ ကရင်ဂိတ် ကိုဖြတ်ဖို့ KNU ထောက်ခံစာ လိုတယ်။  ထိုင်းဂိတ်က စစ်ဆေးရင် ပြဖို့  KNU လက်မှတ် လိုတယ် ။ လူတိုင်း ကိုမပေးဖူး ။

ဈေးဝယ် သွားတဲ့ လူတွေ ကတော့ လွယ်တယ် ။ ကျွန်တော်တို့ အုပ်စု ခရီးလမ်း အခြေအနေ ထိုင်းစကား တလုံး နှစ်လုံး လေ့လာ ရတယ် ။ နောက်ဆုံး ရတဲ့ အချက်အလက်တွေ စုဆောင်းပြီး ကျနော့်ကို ထိုင်း နိုင်ငံ ထဲဝင်ဖို့ တာဝန် ပေးလိုက် တယ်။ တိုင်းပြည် အတွက် ဘဲဗျာ ။ ဗိုလ်ချုပ်တောင် တရုပ်ပြည်က တဆင့် ၈ျပန်ရောက် သေးတာဘဲ ။

ထိုင်းနိုင်ငံထဲ ဈေးဝယ်ပြီး ပြန်လာတဲ့ လူတယောက် ဆီက KNU လက်မှတ် ကို မမြင်ဖူးလို့ ကြည့်ပါ ရစေဆိုပြီး တောင်းထား လိုက်တယ် ။

မဆလခေတ် တက္ကသိုလ် ကျောင်းသား ဆိုတာ ဥာဏ်နီ ဥာဏ်နက် အလွန်များ သားဘဲ ။ ရလာတဲ့ လက်မှတ် ကို မနက် စောစော နှင်းရည်နဲ့ ဖျက်တယ် ။ ပန်းချီ ဆရာသား ရဲမင်းက လက်ရေး တုနဲ့ ရက် စွဲပြင်တယ် ။ ငါးသေတ္တာ တဘူးကို လူတအုပ် ၂ ရက် မျှဝေ စားသောက် ရတဲ့  အခြေအနေပါ ။ ကျနော့်ရဲ့ ရွေလက် စွပ်ကို ဌေးနိုင်ကို ချွတ်ပေး လိုက်တယ် ။ ကျနော်တို့ အဖွဲ့ ကို ဌေးနိုင် လက်ထဲ အပ်ပေး လိုက် တယ်ပေါ့။

အဲဒီ နောက်တော့ ရမယ်တော် ဘုန်းကြီး ကျောင်းကို ဘတ်စကားနဲ့ လမ်းညွန် အသံ အတိုင်း ရောက်သွား တယ် ။ငြိမ်းချမ်း တို့အုပ်စုနဲ့ ပြန်တွေ့တယ်။ မောင်မောင်ကျော် ရောက်လာတယ်။ ရှေ့ရေး အတွက် တိုင်ပင် ကြတာပေါ့ ။ ၂ ညဘဲ အိပ်ရ သေးတယ် ။

ထိုင်းပုလိပ် တပ်ဖွဲ့ က နံနက် ၇နာရီလောက် မြန်မာ ဘုန်းကြီး ကျောင်းကို ဝိုင်းပြီး လူတွေ ဖမ်းပါ တော့ တယ် ။ ကျနော်က အိမ်သာ ထဲမှာ ဆိုတော့ လွတ်သွား တာပေါ့ ။ ဘာလုပ် ရမှန်း မသိလို့  ကြောင်ပြီး ရပ်ကြည့် နေတုံး ဖမ်းထား တဲ့ကျောင်းသား တွေကို အချုပ် ကားတွေ ပေါ်တင်ပြီး မောင်းထွက် သွားပါလေ ရောဗျာ။ ထိုင်း စကား လဲမတတ်။ ဘယ်မှလဲ မသွား တတ်တာနဲ့ လာတဲ့ လမ်းအတိုင်း မြန်မာပြည် နယ်စပ် ဖက်ကို လမ်းလျှောက် ပြန်ပေါ့ဗျာ ။

အဲဒီမှာ နေက လည်းပူ ။ ရေက လည်းဆာ ။စိတ်ညစ်ပြီး စိတ်ဓါတ် တွေကျနဲ့ ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့  သွားနေ တုန်းမှာ ကျနော့် နောက်ကနေ ဟိုင်းလက် နောက်ပွင့် အနီးတစီး  ထိုးရပ် လိုက်တယ် ။

ကားပေါ်က လူကြီးတယောက်က ဘုန်းကြီး ကျောင်းထဲက ပုလိပ်ကားတွေ တွေ့ တယ် ။ ဘာဖြစ်တာလဲတဲ့  မြန်မာလို ပီပီ သသကြီးနဲ့  မေးလာတယ်။
 
ကျောင်းသား တွေကို ထိုင်းပုလိပ် ဝင်ဖမ်းသွားတယ်လို့ ကျနော်က ပြန်ဖြေတော့  အဲဒီလူကြီးက မင်း ကကော လို့ရှာ ရှည်ပြီး လာမေး ပြန်တယ် ။

စိတ်ညစ် နေတုန်း ဒေါသ ထွက်ထွက်နဲ့  တော်လှန်ရေး လုပ်မလို့ ဗျ လို့ ဘုဂလန့် ဖြေလိုက်တယ် ။သူက … ဟာ ဒါဆို အတော်ဘဲ ဆိုပြီး ငါတို့ လဲတော်လှန်ရေး လုပ်မလို့  လိုက်မ လားဆိုတော့ ။ လိုက်မယ် ဆိုပြီး ကားပေါ် တက်လိုက် သွားလိုက်တာ ။

တည လုံးလုံး မောင်းလိုက်တာ မဲ့အောင်ဆောင် ရောက်သွားတယ်။ နောက်တော့ ကရင်နီလို ခေါ်တဲ့ ဟွေစေတီ ကျောင်းသား စခန်းကို ရောက်သွားတယ် ။ စောင်းဆရာ ကိုနေဝါတို့ အုပ်စု ဖြစ်နေ တာကိုး ။

အပိုင်း(၅)

၁၉၈၈ နိုဝင်ဘာလမှာ KNPP ပါတီက ကျွန်တော့ကို ဟွေစေတီ ကျောင်းသား ကိုယ်စားလှယ် အဖြစ် KNU နယ်မြေက အစည်း အဝေးကို လွတ်လိုက်တယ် ။ အစည်း အဝေး ပြီးတော့ ကျနော်ညီ ရှိတဲ့ သီဘောပိုးကို လိုက်စုံစမ်း တော့ တပ်ရင်း ၂၀၅ ဖြစ်လာမဲ့ ကျောင်းသား စခန်းမှာ သွားတွေ့ တယ် ။

ကိုဌေးနိုင်က တပ်ရေး ဗိုလ်ကြီး ဖြစ်နေပြီ ။ ညီအကို ၂ယောက် ဆုံကြတော့ ဝမ်းသာ အားရ ပေါ့ဗျာ ။ ကျနော် ထိုင်းထဲကို ဝင်သွားပြီး တခြား ကျောင်းသားတွေ အဖမ်းခံ ရပြီး ပြန်ပို့ တဲ့ အထဲမှာ ကျနော် ပြန်ပါ မလာဖူးလေ ။ တခြား အဖွဲ့ ဝင်တွေက ဘုရားသုံးဆူ စခန်းပြောင်းတာ လိုက်သွား ကြတယ် ။ ဌေးနိုင် ဝင်းဦး အေးသိန်းထွေး ရဲမင်း တို့ ကကျွန်တော့ကို စောင့်နေ ကြတယ် ။


ကျနော်က ကရင်နီ ကျောင်းသား ကိုယ်စားလှယ် အဖြစ် လာတာဆို စခန်း ပြန်ရ တာပေါ့ ။
 
ကျောင်းသား တပ်တော် ၃၀၃ အဖြစ် ပြန်လည်ဖွဲ့ စည်းရတာပေါ့ ။ တော်လှန်ရေး လုပ်နေကြတာဘဲ ။ ကျနော်တို့ ရ ညီအကို လည်း အခြေအနေ ပေးရင် တွေ့ ကြမယ်ပေါ့ ။

၁၉၈၉ ဧပြီလမှာ KNU ဌာချုပ်ကို သင်တန်း တက်ဖို့  ရှေ့ တန်းကို ကြေးနန်း ဝင်လာတယ် ။ ကျနော်လည်း ရှေ့ တန်းက ၃၀၃ ကျောင်းသား တပ်တွေ စစ်ဆေးပြီး KNU ဌါနချုပ်ကို သတင်းပို့ ပြီး ( ပြည်တွင်း ခြင်္သေ့ စစ်ဆင် ရေး ) အထူး သင်တန်း တက်ရတယ် ။

သင်တန်းမှာ စီမံချက် ရေးဆွဲရေး ဘာသာရပ် အတွက် ဆုရတယ် ။ဒီအတွက် ကျောင်းသား တပ်မတော် ဌာနချုပ် ရှိတဲ့ (ဝလေ စခန်း) ကို တာဝန် ထမ်းဆောင်ဖို့ အမိန့် ကျတယ် ။

ကိုဌေးနိုင်ကို အတွင်းရေးမှုး စည်းကမ်း ထိမ်းသိမ်းရေး အဖြစ် ပြန်ဆုံကြတယ် ။ နောက်တော့ ဝလေ စခန်းကျ သွားတယ် ။ဗဟိုကော်မတီက မဲဆောက်မှာ ရုံးဖွင့်တော့ ညီအကို ၂ ယောက် အတူတူပြန်ဆုံကြတယ် ။ ကျနော်က ဖလူးဝင်လိုက် ဝမ်ခ ဝင်လိုက်နဲ ပေါ့ ။့  ညီအကို ၂ယောက်  ဒုတိယ အကြိမ် ညီလာခံ ကိုယ်စား လှယ်တွေ ရွေးကြတော့ ကျနော် ကရင်နီမပြန်တော့ဖူး ။

သန်းဝင်း၊ ဌေးနိုင် နဲ့ကျနော်တို့အုပ်စုတွေကလည်း လူ့ ဘောင်သစ် ဥက္ကဌ အရှိန်နဲ့  မိုးသီးကို ဥက္ကဌတင်ပေးလိုက်တယ် ။
 
ညီအကို ၂ယောက် အတူတူနေဖြစ်အောင် သန်းဝင်း အခြေစိုက်တဲ့ မိုးကဲစခန်း ၂၀၆ ကို အတူတူ စာရင်းရွေ့ ကြတယ် ။ အဲဒီတုံးက တပ်ရင်းမှုး သန်းနိုင်နဲ့  ဦးမျိုးချစ်တို့ ပေါ့ .။

ဖလူးစခန်းလဲ ဆက်ကြသွားတော့ ၂၀၆ တပ်ရင်း တခုလုံး ကျောက်ခက်စခန်းကိုရွေ့ ကြရတာပေါ့ ။ ကျွန်တော်က လိုအပ်တဲ့ အကူအညီတွေ ရှာဖို့ မဲဆောက် မှာ ကျန်ခဲ့ရတယ် ။နောက်တော့ ဌေးနိုင်တို့ သန်းဝင်းတို့ က ဝင်းကရှေ့ တန်း စခန်းကို သွားကြပြီ ။

  မိုးကဲစခန်းနားက သစ်စက်မှာ ဗကသ က ကိုသူရိန်နဲ့ တွေ့ တယ် ။ ပြည်တွင်းပြန်ဝင်ဖို့  ကိုဌေးတင့် အကူအညီလိုတယ် ။ ဘန်ကောက်ကို ငွေတက်ယူရမယ် ။

ဦးတင်မြင့်ဦးတို့ အုပ်စုဆီမှာတဲ့ ။ ။ အရက်ဖြူတပိုင်းသောက် ။ ကျန်တဲ့ တပိုင်းကို ခေါင်းပေါ်က လောင်းချပြီး ဘန်ကောက် မဲဆောက် ကားပေါ်က မူးပြီးလိုက်သွားလိုက်တယ် ။ ကိုသူရိန်က ထောက်လှမ်းရေးက လက်မှတ်ရှိတော့ ရဲမကြောက်ရဖူးလေ ။

ကိုသောင်းဝင်းတို့ အိမ်ရောက်သွားတယ် ။ ဥိးတင်မြင့်ဦးတို့ ဆီက အကူအညီ ငွေကြေး ပလုံဖြစ်သွားတယ် ။ ဘာဆက်လုပ်ရမှန်းမသိဖြစ်လို့ ဘုရားကျောင်းတွေလိုက်ပြီး အကူအညီတောင်းရတယ် ။ ၄ ရက်ကျော် အိမ်အပြန် ဘယ်သူမှ မရှိတော့ဖူး ။ အနှစ် ၂၀ ကျော်ကြာမှ သိရတာ အဲဒီအိမ်ကို နေ့ ခင်းက ရဲဝင်ဖမ်းသွားလို့  အားလုံးပါသွားတယ်တဲ့ ။

စနန်းမလွမ်ကွင်း မှာ ထမင်းငတ်ပြီး ၂ ရက်လောက် တော်တော် ဒုက္ခရောက်သွားတယ် ။ နောက်တော့ ဝရ ဇိမ်စာစောင်ဖြစ်လာမဲ့  အသကကျောင်းသားငယ်တွေ နေတဲ့ အေပက်နောက်က အိမ်ကိုရောက်သွားတယ် ။ ထိုင်းစကားသင် ။ ယူအန်လျောက်ရင်း ရဲမင်းနဲ့ ပြန်တွေ့ တယ် ။ နောက်တော့ KNU အဖွဲ့ နဲ့ ပြန်ချိတ်မိပြီး ခါးပတ်ခေါင်း ဆွဲကြိုး ရွေရည်စိမ်လုပ်ငန်း သင်ကြတယ် ။

 စာရေးဆရာ မောင်စင်ကြယ် အိမ်မှာ ABSDF ရုံး ဘန်ကောက် မှာ လာဖွင့်တယ် ။ ဌေးနိုင်နဲ့ ပြန်တွေ့ တယ် ။ ဌေးနိုင် ဘန်ကောက်ကို ၂ ကြိမ်တက်လာတယ် ။

  အမှန်တရားကို ဦးဆောင်နေတဲ့ တရားသူကြီးက အချိန် အတိအကျ နဲ့ စီရင်ချက်ချဖို့  သက်သေလုပ်ဖို့  ကျွန်တော့ အသက်ကို လွတ်ထားပေးလားအသိပါဖူးဗျာ။ ကျနော် ဆိုတဲ့ ကောင်က တောထဲမှာ တိုက် ပွဲတွေမှာ ကျည်ဆံက ဗုံးဒဏ်က လွတ်လာခဲ့တယ် ။

ဌေးနိုင် အဖမ်းခံရစဉ်ကလည်း ထ္မင်းငတ်နေတဲ့ မြန်မာပြည်သားတွေ မျက်နှာနဲ့  ကိုကိုဦး စကားယုံခဲ့တယ် ။ကျနော် တောထဲပြန်ဆင်းရင်လဲ အသတ်ခံရမှာဘဲ ။ဌေးနိုင်ကို ကယ်ဖို့ ဆင်းသွားတဲ့ လှဝင်းလဲ အသတ် ခံလိုက် ရတယ်လေ ။

 မဟာချိုင် အဝေးပြေးကားလမ်းမကြီး မှာ ၁၀ ဘီးကား ၂ ခါ အတိုက်ခံရတယ် ။မောင်းနေတဲ့ဆိုင် ကယ်တွေ ကြေမွ စုတ်ပြတ်သွားတယ် ။


 ရှေ့ဆက်ဖော်ပြပေးပါမည်။
 မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်