Friday, October 12, 2012

ပြောင်ပြောင်တင်းတင်းလူ့အခွင့်အရေးချိုးဖောက်နေမှု

Posted by drmyochit Friday, October 12, 2012, under | No comments




ဓါတ်ပုံ-JINGPAW KASA 

KIA တပ်မဟာ(၅) မှ ဗိုလ်မှူး ခေါင်လွန်းမှ ခေါင်းဆောင်ပြီး KIA တပ်သား (၂၀) ဦးခန့်သည် အောက်တို ဘာ (၉) ရက်နေ့ လည်ပိုင်းတွင် မြစ်ဆုံ အရှေ့ဘက် မေခမြစ်ကမ်းဘေးရှိ သဲဝိုင် အနီးတစ်ဝိုက်ရှိ တောင်ယာ လုပ်ကိုင်နေ သူများနှင့် ရွှေကျင်နေသူများမှ စုစုပေါင်း(၂၁) ဦး အား လူသစ် အဖြစ် ဖမ်းဆီး သွားပြီး ထိုဖမ်း ဆီးသွားသူများတွင် အမျိုးသမီး (၅) ဦးပါ ၀င်ကြောင်း သိရသည်။
 
ထိုသို့ အတင်းအဓမ္မလူသစ်အဖြစ်ဖမ်းဆီးနေရခြင်းမှာ KIA တပ်မဟာများအား လိုင်ဇာဌာနချုပ်မှ တစ်လ လျှင် တစ်မဟာ တစ်ခုအတွက် လူသစ် (၂၅၀) ယောက်အား ရသည့်နည်းဖြင့် ရှာဖွေ သင်တန်းပေးရန် ညွှန်ကြား ထားသောကြောင့်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် KIA တပ်များသည် လူသစ် ရရှိရေး အတွက် ရွာအလိုက်ခွဲ တမ်းတောင်းခံခြင်း၊ တောင်ယာတဲများ၊ ရာဘာခြံများ ၊ ကျေးရွာများနှင့် မြို့အစွန်များတွင် ၀င်ရောက်ဖမ်းဆီးခြင်းများဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်