Friday, October 12, 2012

ဒိုဟာ- ရန်ကုန် ခရီးစဉ်ကို အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ နေ့စဉ် ပြေးဆွဲပေးမည်

Posted by drmyochit Friday, October 12, 2012, under | No comments


ဒိုဟာ- ရန်ကုန် ခရီးစဉ်ကို အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ နေ့စဉ် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ကာ တာ လေကြောင်းလိုင်းမှ သိရသည်။ ယင်းလေကြောင်း လိုင်းသည် အာဆီယံ နိုင်ငံများ ဖြစ်သည့် ကွာလာလမ်ပူ၊ ဘာဂီ၊ ဟိုချီမင်း၊ ဂျကာတာ၊ ဗန်ကောက်၊ ဟနွိုင်း၊ စင်ကာပူ၊ မနီလာနှင့် ဖူးခက် လေဆိပ် များကို ဆင်းသက်လျက် ရှိရာ ရန်ကုန် လေဆိပ်သည် ဒသမမြောက် ဆင်းသက်သည့် လေဆိပ်ဖြစ်ကြောင်း သိရသည်။
ကာတာ လေကြောင်း လိုင်းသည် ဒိုဟာ- ရန်ကုန် ခရီးစဉ် အတွက် Business Class(၁ဝ၂)ခုံ ပါဝင်သည့် Airbus A 319 လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲပေးမည် ဖြစ်သည်။
ကာတာ လေကြောင်းလိုင်းကို ၁၉၉၄ ခုနှစ်က ဒေသ တွင်း လေကြောင်းလိုင်း တစ်ခုအဖြစ် စတင်ပျံသန်း ပြေးဆွဲခဲ့ပြီး ၁၉၉၇ ခုနှစ်မှ စတင်ကာ နိုင်ငံတကာ လေကြောင်း လိုင်း အဖြစ် ပျံသန်း ပြေးဆွဲခဲ့သော လေကြောင်းလိုင်း တစ်လိုင်းဖြစ်ကြောင်း၊ ရန်ကုန်- ဒိုဟာ ခရီးစဉ်မှ ဥရောပ၊ အရှေ့ အလယ်ပိုင်း ဒေသ၊ အာဖရိကနှင့် အမေရိက တိုက်များသို့ပါ ချိတ်ဆက် ပြေးဆွဲရန် အစီအစဉ် ရှိကြောင်း လည်း သိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်