Friday, October 12, 2012

၂၀၁၃-၁၄ ဘောလုံးရာသီကြို မြန်မာနိုင်ငံသို့ ချယ်လ်ဆီးအသင်း လာရောက်ကစားမည်

Posted by drmyochit Friday, October 12, 2012, under | No comments


From : planet

အင်္ဂလန် ပရီးမီး ယားလိဂ် ကလပ် အသင်း ချယ်လ်ဆီးသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော် ယမကာ ကုမ္ပ ဏီ International Beverage Trading Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ် တစ်ရပ် ချုပ်ဆို လိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ IBTCနှင့် ၎င်းထုတ် လုပ်သော Grand Royal ဝီစကီ တို့သည် ချယ်လ်ဆီး၏ မိတ်ဖက် စပွန်ဆာ အမှတ်တံ ဆိပ်များ အဖြစ် အကျုံး ဝင်လာ မည် ဖြစ်သည်။

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်း ချယ်လ်ဆီးသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော် ယမကာ ကုမ္ပ ဏီ International Beverage Trading Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ် တစ်ရပ် ချုပ်ဆို လိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ IBTCနှင့် ၎င်းထုတ် လုပ်သော Grand Royal ဝီစကီတို့သည် ချယ်လ်ဆီး၏ မိတ်ဖက် စပွန်ဆာ အမှတ်တံဆိပ်များအဖြစ် အကျုံး ဝင်လာမည် ဖြစ်သည်။ ချယ်လ်ဆီးသည် အဖျော် ယမကာနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် ဒုတိ ယမြောက် အဓိက စပွန်ဆာ စာချုပ် တစ်ရပ်ကို ချုပ်ဆိုခြင်း လည်း ဖြစ်လာသည်။

(၂၀၁၁-၂၀၁၂ ဥရောပချန်ပီယံ ချယ်လ်ဆီးဘောလုံးအသင်း)

လက်ရှိ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ပိုင်ရှင်ဖြစ်သော ချယ်လ်ဆီးအသင်းသည် IBTC၏ လူသိ ထင်ရှားသော ကြော်ငြာ ကဏ္ဍ တစ်ခုအဖြစ် ပါဝင် ကူညီမည် ဖြစ်သည်။ ယခုစပွန်ဆာ စာချုပ် ကိစ္စတွင် ကြားဝင် ဆောင်ရွက်ပေး ခဲ့သည့် Sport Revolution အေဂျင် စီ၏ စီမံရေးရာ ဒါရိုက်တာ အန်တိုနီ မာကူ က "ကျွန်တော် တို့ဟာ ခုလိုမျိုး ထင်ရှားတဲ့ အကျိုးတူ အခွင့်အရေး တစ်ရပ်မှာ အကျိုးဆောင်ပေးခွင့် ရတဲ့  အတွက် ပျော်ရွှင် မိပါတယ်။ Grand Royal ဝီစကီဟာ ဒေသတွင်း ဘောလုံးကဏ္ဍကို နှစ်ရှည်လများ ထောက်ပံ့ပေးခဲ့ ပြီးသားပါ။ ခုချိန်မှာတော့ အာရှတိုက်မှာ ပရီးမီးယားလိဂ်ရဲ့ လွှမ်းမိုးမှု ပိုကျယ်ပြန့် လာတာ ကို အခြေခံပြီး စပွန် ဆာ စာချုပ် တစ်ရပ် ချုပ်ဆိုဖြစ်တာပါ"ဟု ရှင်းလင်း ပြောဆို ခဲ့သည်။
Goal.com၏ ဖော်ပြချက်အရ ချယ်လ်ဆီး အသင်းသည် (၂၀၁၃-၁၄) ဘောလုံးရာသီကြို ကာလများတွင် မြန်မာနိုင်ငံသို့ ခြေစမ်းပွဲ လာကစားမည်ဟု သိရသည်။ ချယ်လ်ဆီးသည် IBTCနှင့် စာချုပ်ခဲ့သလို ကာလရှည် စပွန်ဆာ လက်တွဲဖော်ဖြစ်သော Shigha ဘီယာနှင့်လည်း (၂၀၁၇)ခုနှစ်ထိ သက်တမ်း တိုး စာချုပ် တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း သိရှိ ရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်