Friday, October 12, 2012

အိပ်မရဘူး အော်မနေနဲ့ ဒီpostလေးဖတ်ပြီးလုပ်ကြည့်ဦး။အားအင်တိုးပြီး တက်ကြွလာမယ် သူငယ်ချင်းရေ

Posted by drmyochit Friday, October 12, 2012, under | No comments


From : ဒေါက်တာခင်မိုးမိုး

လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ အိပ်ရေး မဝတာကြောင့် နေ့ခင်း ပိုင်းမှာ အိပ်ငိုက်နေ တာကို ရုန်းကန် နေရ တယ်လို့ National Sleep Foundation မှာ ဖော်ပြ ထားပါတယ်။ အောက်ပါတို့ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပြီး စွမ်းအင် ပြည့်ဝစွာနဲ့ နိုးထ လာနိုင်တဲ့ နည်းလမ်းပါလို့ သိပ္ပံနည်းကျ နောက်ဆုံး ပြုလုပ် တဲ့ လေ့ လာမှုအရ တွေ့ရှိ ထားပါတယ်။

၁။ လှပတဲ့ မြင်ကွင်းတွေ ကြည့်တာကြောင့် မြန်မြန် အိပ်ပျော်နိုင်ပါတယ်။ 

သိုးကောင်တွေကို ရေတွက်တာဟာ မြန်မြန် အိပ်ပျော်နိုင် တယ်လို့ ထင်မှတ်နေ ပါသလား။ Oxford တက္က သိုလ်မှ လေ့လာ မှုအရ အိပ်မပျော် တတ်သူတွေဟာ ရေတံခွန်၊ ပင်လယ်လှိုင်း ဒါမှမဟုတ် တခြားသော သဘာဝ ရှုခင်းတွေရဲ့ ဓာတ်ပုံကို မြင်ယောင်ကြည့်ရင် သိုးကောင် ရေတွက်နေ သူတွေထက် မိနစ် ၂၀ ပိုမြန် ဆန်ပြီး အိပ်ပျော် တယ်လို့ သိရပါတယ်။

လျှို့ဝှက်ချက်

သင် ပူပန်နေတဲ့အရာတွေ ဒါမှမဟုတ် စိုးရိမ်စိတ်တွေကို ဖယ်ရှားနိုင်ဖို့ တစ်ခုခု ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စိုးရိမ်စိတ်ကြောင့် သင့်ကို နိုးထစေနိုင်တဲ့ ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိလာနိုင်လို့ပါလို့ လေ့လာမှုကို ဦးဆောင်သူ Allison Hawey က ပြောပါတယ်။ သဘာဝရှုခင်းကို ကြည့်ရှုရတာဟာ ပျော်ရွှင်စရာ ကောင်းပြီး Relax ရစေတာမို့ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေ လျော့ကျသွားနိုင်ပါတယ်။

၂။ အစားအစာထုတ်ကုန်မှ စာညွှန်းတွေ ကြည့်တာကြောင့် နှာပိတ်တာ သက်သာနိုင်ပါတယ်။

သင်ဟာ နှာပိတ်နေ တာကြောင့် အိပ်ပျော်ရ ခက်ခဲနေ ပါသလား။ သင် နှာ ပိတ်တာဟာ အစာနဲ့ ဓာတ်မ တည့်လို့ ဖြစ်နိုင် ပါတယ်။ အချိုမှုန့် လိုမျိုး Food Additives တွေကြောင့် ဓာတ်မတည့်မှု အများဆုံး ဖြစ်တတ် ပါတယ်။ သင်စားတဲ့ အစာထဲက အဲဒီအစာတွေ ရှောင်လိုက် တာနဲ့ နှာပိတ်တာ သက်သာပြီး အိပ်ပျော်နိုင် ပါတယ်။ သင်နေ့စဉ် စားနေတဲ့ အစားအစာတွေကို ဒိုင်ယာရီ ရေးမှတ်ထားပါ။ နှာပိတ် တဲ့နေ့မှာ ဘာအစာ စားမိလဲ ဆိုတာကို သိရှိနိုင်ပြီး အဲဒီအစာကို ရှောင်လိုက်ရုံပါပဲ။

၃။ ဝိုင်အနီတစ်ခွက် သောက်တာကြောင့် မြန်မြန် အိပ်ငိုက်နိုင်ပါတယ်။

အရက်သောက်တာ များလွန်းတာကြောင့် တစ်ရေး နိုးထလာပြီး ပြန်အိပ်မပျော်တာ ဖြစ်တတ်ပေမယ့် ညစာနဲ့အတူ ဝိုင်အနီတစ်ခွက် သောက်ပေးရင် သင်ရဲ့ အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်း မယ်လတိုနင် အဆင့်ဟာ ၁၀ ရာခိုင်နှုန်း ပိုမို မြင့်တက်လာစေနိုင်တဲ့အတွက် လွယ်လွယ်ကူကူ အိပ်ပျော်သွားနိုင်တယ်လို့ အစားအစာနဲ့ စိုက်ပျိုးရေးသိပ္ပံ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

လျှို့ဝှက်ချက်

အနီရောင်စပျစ်သီး အခွံမှာ မယ်လတိုနင်တွေ များစွာ ပါဝင်ပြီး အချဉ်ဖောက် (အရက်) ပြုလုပ်စဉ်မှာ ထွက်ရှိလာတာကြောင့်ပါ။ ဒါ့အပြင် အနီရောင်စပျစ်သီးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းဟာ ဦးနှောက်မှ မယ်လတိုနင် အမြင့်မားဆုံး ထွက်လာအောင်လည်း လှုံ့ဆော်နိုင်ပါတယ်။

၎။ Thank You ဆိုတဲ့ စကားနှစ်လုံးကြောင့် အိပ်ပျော်သွားနိုင်ပါတယ်။

အိပ်ရာထဲမှာ လဲလျောင်းပြီး မိမိကျန်းမာရေး၊ သူငယ်ချင်း၊ တိရစ္ဆာန် ဒါမှမဟုတ် ရာသီဥတုကောင်းတာ (မိုးမရွာတာ) အတွက်ကို ကျေးဇူးတင်ဖို့ စဉ်းစားတတ်သူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး စွမ်းအင်ပြည့်ဝစွာနဲ့ နိုးထလာတတ်တာမို့ နေ့ခင်း အလုပ်လုပ်ချိန်မှာ တခြား ကျေးဇူးတင်ဖို့ မစဉ်းစားတတ်သူတွေထက် စွမ်းအင် ပိုပြည့်ဝနေတယ်လို့ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ သိရတာကို Psychosomatic Medicine ဂျာနယ်မှာ ဖော်ပြထားပါတယ်။

လျှို့ဝှက်ချက်
ကျေးဇူးတင်ဖို့ စဉ်းစားလိုက် တာကြောင့် dopamine လိုမျိုး စိတ်အေး ချမ်းမှု ရရှိစေတဲ့ ဟော်မုန်း ထုတ် လုပ်မှု မြင့်တက် လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင် ပါတယ်။ ဒါ့အပြင် မကောင်းမြင်တဲ့ အတွေးတွေ လည်း ပျောက်ကွယ် သွားပါတယ်။ မကောင်းမြင် တတ်ရင် မကြာခဏ တစ်ရေးနိုး တတ်တယ်လို့ သုတေ သန ပြုသူတွေက ရှင်းပြပါတယ်။


၅။ ငြိမ်သက်စွာ နေထိုင်တာကြောင့် အိပ်မပျော် ဖြစ်စေနိုင်သည့် စိတ်ဖိစီးမှုတွေ ပျောက်ကင်းနိုင်ပါတယ်။

မနက်ပိုင်း ၁၀ မိနစ်နဲ့ ညဘက် ၁၀ မိနစ်ခန့်ကို ငြိမ်သက်စွာ ထိုင်နေပြီး သင့်ဦးခေါင်းမှ အတွေးအားလုံးကို မေ့ဖျောက် ထားလိုက်ပါ။ ဒီလို တရားထိုင်တဲ့ နည်းလမ်းဟာ အိပ်မပျော်စေနိုင်တဲ့ အဓိကအချက် ဖြစ်တဲ့ စိတ်ဖိစီး မှုကို လျှော့ချနိုင်ပြီး အနှိပ်ခံ တာထက် ပိုမို ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

လျှို့ဝှက်ချက်

တရားထိုင်တာကြောင့် ဖိစီးမှုအတွက် ခံစားမှုကို တာဝန်ယူတဲ့ ဦးနှောက်အစိတ်အပိုင်း လုပ်ဆောင် ချက်တွေ လျော့ သွားပါတယ်။

၆။ ရေခဲရည် အသုံးပြုတာကြောင့် မြန်မြန် အိပ်ပျော်စေနိုင်ပါတယ်။

Pittsburgh တက္ကသိုလ်မှ သုတေသီတွေက အိပ်မပျော်တတ်သူတွေကို ရေခဲရည်ထည့်ပြီး အထူး ပြုလုပ် ထားတဲ့ ဦးထုပ်ကို နှာဖူးပေါ်မှာ တင်ပေးလိုက်တာကြောင့် အံ့သြဖွယ်ရာ ကောင်းလောက်အောင်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

လျှို့ဝှက်ချက်

အိပ်မပျော်တတ်သူတွေရဲ့ ဦးနှောက်ရှေ့ပိုင်း နေရာမှာ ပုံမှန်လူတွေထက် စိုးရိမ်စိတ် များစေတတ်တဲ့ လုပ်ဆောင် ချက်တွေ ပိုမို ထုတ်လုပ်တဲ့အတွက် အဲဒီနေရာကို အေးအောင်ထားပေးရင် လုပ်ဆောင် ချက်တွေ နှေးကွေးသွားနိုင်တာကြောင့်လို့ ဆိုပါတယ်။ အဲဒီဦးထုပ်ကို ဝယ်လို့ မရသေးတာမို့ အဲဒီအစား မျက်နှာ သုတ်ပဝါ အသေးကို ရေခဲစိမ်ပြီး နဖူးပေါ် တင်ထား လိုက်ပါ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်