Friday, October 12, 2012

လာမည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများအား ရောင်စုံ ကာလာဖြင့် စတင် ထုတ်ဝေ သွားမည်

Posted by drmyochit Friday, October 12, 2012, under | No comments



From : MRTV4
လက်ရှိ ပြည်တွင်းမှာ ထုတ်ဝေ လျက်ရှိတဲ့ နိုင်ငံပိုင် သတင်းစာများ ဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာနဲ့ ကြေးမုံ သတင်းစာကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ပြီး ရောင်စုံ ကာလာနဲ့ ထုတ်ဝေ သွားတော့မှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ထုတ်ဝေရာ မှာလည်း မြန်မာ့အလင်း သတင်းစာနဲ့ ကြေးမုံ သတင်းစာကို တစ်ပတ် ခြားစီ ရောင်စုံ ကာလနဲ့ ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။
ဒီလို ထုတ်ဝေရာမှာ သတင်းစာများ မှာပါရှိတဲ့ စာမျက်မှာ ၁၆ မျက်နှာကို ရောင်စုံ ကာလာနဲ့ ထုတ်ဝေ သွားမှာ ဖြစ်ပြီး ကြော်ငြာစာ မျက်နှာ ၄ မျက်နှာ ကိုတော့ အဖြူ၊ အမဲနဲ့သာ ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။ အခုလို မြန်မာ့ အလင်း သတင်းစာနဲ့ ကြေးမုံ သတင်းစာကို ရောင်စုံ သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေ မှုကို ယခုလ ၁၈ ရက်နေ့က စတင်ပြီး ဒီဇင်ဘာ လလယ်ပိုင်း အထိ တစ်ပတ်ခြားစီ စမ်းသပ် ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှု တွေအပြင် ဒီဇင်ဘာလ နောက်ပိုင်း မှာတော့ ပုံမှန်နေ့စဉ် ရောင်စုံ သတင်းစာများ အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် တို့မှာ ထုတ်ဝေ ဖြန့်ချိ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ နိုင်ငံပိုင် သတင်းစာ များကို တစ်စောင်ကို ၅၀ ကျပ်နှုန်းနဲ့ ရောင်းချ လျက်ရှိပြီး ရောင်စုံ သတင်းစာ အဖြစ် ထုတ်ဝေ လျက်ရှိတဲ့ စမ်းသပ် ကာလ အတွင်း မှာလည်း ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲ လက်ရှိ ဈေးနှုန်း အတိုင်းသာ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်