Friday, October 12, 2012

ဖားကန့်ဒုက္ခသည်စခန်းများ ပိတ်သိမ်းကြပြီ

Posted by drmyochit Friday, October 12, 2012, under | No comments



ဖားကန့်မြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းများ အားလုံးကို အောက်တို ဘာလ(၁၀) ရက်နေ့မှ စတင် ပိတ် လိုက်ပြီ ဖြစ်ကြောင်း ဖားကန့် မြို့နယ် လူမှု ကူညီရေး အသင်း များက သိရှိ ရသည်။

ဖားကန့်မြို့ နယ်ရှိ ဒုက္ခသည် စခန်းများတွင် ရှိသော စစ်ဘေးရှောင် ဒုက္ခသည် များအား လုံးကို ပြန်လွှတ် လိုက်ပြီ ဖြစ်ကြောင်း၊ အ၀င် လုံးဝ လက်မ ခံတော့ကြောင်းနှင့် ဖားကန့်နှစ်ခြင်း အသင်းတော် တွင်သာ ဒုက္ခ သည်များ ကျန်ရှိတော့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် နယ်မြေပြန်လည်တည်ငြိမ်လာမှုနှင့်အတူ တောင်သူလယ်သမားများအတွက် လုပ်ကိုင် စားသောက်စရာများ ပြန်လည်ရှိလာသောကြောင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆန်းကြွယ်ကယ်ဆယ်ရေးဘုန်းကြီကျောင်းမှ ဒုက္ခသည်(၅)ရာကျော်အားအောက်တိုဘာ(၈)ရက်နေ့တွင် ၄င်းတို့၏နေရပ်များ သို့ ပြန်လည်ခွင့်ပြုခဲ့ပြီး၊ မြို့ဦးစေတီကယ်ဆယ်ရေးကျောင်းမှဒုက္ခသည်(၇)ရာကျော် အားအောက်တိုဘာ(၁၀)ရက်နေ့တွင် အပြီးပြန်လွှတ်ခဲ့ကြောင်း NLD ပါတီမှကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူ တို့က ဆိုသည်။

“နယ်မြေကလည်း ပြန်ငြိမ်သွားပြီ၊ သူတို့ကိုခေါ်ထားတာလည်း တစ်လကျော်သွားပြီ၊၊ နေ့လည်ပိုင်းအပြင်မှာ အလုပ်ထွက်လုပ် ၊ ညနေကြတော့စခန်းပြန်လာပြီး ထမင်းလာစားဆိုမဟုတ်သေးဘူးလေ၊ နောက်လုပ်ကိုင် စားစရာတွေလည်း ရှိလာပြီလေ ဒါကြောင့်မို့ သူတို့ကို ပြန်လွှတ်တာပါ” ဟုဖားကန့်မြို့နယ်NLD ပါတီ ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌ ကိုမြင့်အောင်က ပြောသည်။

ထိုကဲ့သို့ ပြန်လွှတ်ရာတွင် ဒုက္ခသည်များအား ငွေကျပ်(၅)ထောင်နှင့်ဆန်(၂)ပြည်စီထည့် ပေးလိုက်ပြီိး နယ်ဝေး ဒုက္ခသည်များကို ဒုက္ခသည်စခန်းများ၌ မထားပဲ ဖားကန့်မြို့နယ်ရှိ လူမနေသော အိမ်များတွင် ယာယီထားရှိ ကြောင်းသိရသည်။

“ဒုက္ခသည်တွေကို အကုန်ပြန်လွတ်တာပါ၊ အနီးအနားကသူတွေတော့ ပိုက်ဆံငါးထောင်နဲ့ ဆန်နှစ်ပြည်စီ ထည့်ပေးလိုက်ပါတယ်၊ နယ်ဝေးတွေကတော့ လူမနေတဲ့ အိမ်တွေမှာခဏထားတယ်’’ဟု ဖားကန့်NLD ပါတီက ဦးဟန်မြင့်ကပြောသည်။

ဖားကန့်မြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် လူဦးရေ(၄)သောင်းကျော်ရှိသော်လည်း ဒုက္ခသည်စခန်းသို့ လာရောက်သောလူဦးရေမှာ(၁)သောင်းကျော်သာရောက်ရှိသည်ဟု သိရှိရသည်။

ဒုက္ခသည်စခန်းများကို အများဆုံးလာရောက် ကူညီပေးသောလူမှုရေးအသင်းများမှာပါရမီလူမှုကူညီရေး အသင်း၊ ဂရုဏာလူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်းနှင့်တာမခံ၊ဟောင်းပါး၊ ဆယ်ဇင်းရွာများက အဓိက လာရောက်ကူညီပေးကြောင်း ဒေသခံတို့က ဆိုသည်။

ယခုလက်ရှိ၌ ဖားကန့်မြို့နယ်တွင် ဒုက္ခသည်စခန်း(၃၀)ကျော်ရှိပြီး၊ လူဦးရေ (၁)သောင်းကျော် ရှိသည်။

မြစ်မခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်