Friday, October 12, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာအီမြောင်ဘတ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

Posted by drmyochit Friday, October 12, 2012, under | No comments


From : သမ္မတရုံး

နေပြည်တော် အောက်တိုဘာ ၁၁ 

ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယား သမ္မတ နိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ကအောက် တိုဘာ (၉) ရက် ဒေသ စံတော်ချိန် ညနေ (၆) နာရီခွဲ တွင် ဆိုးလ်မြို့ရှိ သမ္မတ အိမ်တော်၌ ဂုဏ်ပြု ညစာဖြင့် တည်ခင်း ဧည့်ခံသည်။ 

အဆိုပါ ဂုဏ်ပြု ညစာ စားပွဲသို့ ပြည်ထောင် စုဝန်ကြီးများ၊ တိုင်းဒေ သကြီး ဝန်ကြီး ချုပ်များ၊ ဒုတိယ ဝန်ကြီး များနှင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ ကိုရီးယား သမ္မတနိုင်ငံမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီး များနှင့် စီးပွားရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် အမှုဆောင်များ တက်ရောက်ကြသည်။ 
အခမ်း အနားတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆုတောင်း ပတ္ထ နာပြုသည်။ 


ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကပြောကြား ရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတ နိုင်ငံတို့ သည် (၁၉၇၅) ခုနှစ်မှ စတင်၍ သံတမန် ဆက်ဆံရေးကို ထူထောင် ခဲ့ပါကြောင်း၊ ယင်းသို့ ထူထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြားဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင် ငံပြည်သူ များအကြား တွင်လည်း ချစ်ကြည် ရင်းနှီးမှုများ ဖြစ်ထွန်း လာကာ ယဉ်ကျေးမှုနှင့် စီးပွားရေး ဆိုင်ရာ ကူးလူး ဆက်ဆံမှု များ တိုးတက် များပြား လာခဲ့ ပါကြောင်း။ 

ကိုရီးယား သမ္မတ နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် (၁၀)စုနှစ် များအ တွင်းတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီဆောင်ရွက် မှုများ၊ လူသား အရင်း အမြစ် ဖွံ့ဖြိုးတိုး တက်ရေး၊ အကျိုးတူ ပူးပေါင်းဆောင် ရွက်မှု များနှင့် ရင်းနှီးမြှုပ် နှံမှုများ ပြုလုပ် ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကူညီ ပံ့ပိုးပေးခဲ့ သည့်အတွက် မြန်မာပြည် သူများ ကိုယ်စား ကျေးဇူး တင်ရှိပါကြောင်း။ 


်ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အဖြစ် ပေါ်ထွန်း လာခဲ့ပြီးနောက် ပိုင်းမှာ ကိုရီးယား သမ္မတ နိုင်ငံ အနေဖြင့် မိမိတို့ နိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံ ကဏ္ဍ များတွင် ပူးပေါင်း ကူညီ ဆောင်ရွက် မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည့် အတွက် ကျေးဇူးတင် ရှိပါကြောင်း။ 

အဆွေတော် သမ္မတကြီး မစ္စတာ အီမြောင်ဘတ် အနေဖြင့် နှစ်ပေါင်း (၂၉) နှစ် အတွင်း မြန်မာ နိုင်ငံသို့ ပထမ ဆုံး တရားဝင်ချစ်ကြည်ရေး ခရီး အဖြစ် လာရောက် ခဲ့ပြီး မိမိ အနေဖြင့် လည်း ယခုကိုရီးယား သမ္မတ နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးအဖြစ် လာရောက်နိုင် ခဲ့ပါကြောင်း၊ မိမိတို့၏ ခရီးစဉ် များ သည် နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းတွင် ကမ္မည်းမော်ကွန်း ရေးထိုးနိုင်မည့် ခရီးစဉ်များ ဖြစ်ကြ ပါကြောင်း၊ ဤခရီးစဉ် များမှ တစ်ဆင့် မိမိတို့ နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင် ရွက်မှု များ ဆတက် ထမ်းပိုး ဆက်လက် ဖွံ့ဖြိုး တိုးတက် သွားစေ လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ 


ကိုရီးယားသမ္မတနိုင်ငံသည် အဆွေတော် သမ္မတကြီး အပါအဝင် ကိုရီးယားခေါင်းဆောင် များ၏ ဦးဆောင် ဦးရွက်ပြုမှုဖြင့် ကိုရီးယားပြည် သူတစ်ရပ် လုံး၏ ကြိုးပမ်းမှု များကြောင့် အချိန်တို ကာလအတွင်း ဘက်စုံ ဖွံ့ဖြိုး တိုးတက် မှုနှင့် အောင်မြင် မှုများ ရရှိခဲ့ ပါကြောင်း၊ ယင်းသို့ အောင်မြင်မှုများ ရရှိခဲ့ခြင်းအပေါ် မိမိ အပါ အဝင် မြန်မာပြည်သူ များအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူ ပါကြောင်း၊ တိုးတက်အောင်မြင် ဖြစ်ထွန်း မှုများ ရရှိခဲ့သည့် အတွေ့အကြုံများ ကိုလည်း မြန်မာ နိုင်ငံသို့ မျှဝေပေးမည် ဖြစ်ကြောင်း သိရှိ ရသည့် အတွက်လည်း မြန်မာပြည်သူ တစ်ရပ်လုံး ကိုယ်စား ကျေးဇူးတင် ရှိပါကြောင်းကို ပြောကြား လိုပါကြောင်း။ 

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အပါအဝင် ကဏ္ဍပေါင်း စုံတွင် ပြုပြင် ပြောင်း လဲမှုများ ကြိုးပမ်းဆောင် ရွက်နေ ပါကြောင်း၊ အနောက် နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ထားရှိခဲ့သည့် စီးပွားရေး အရေးယူ ပိတ်ဆို့ မှုများကိုလည်း ဖြေလျော့ပေးခြင်းများ၊ ပယ်ဖျက်ပေးခြင်းများ ပြုလုပ် လာကြပြီ ဖြစ် ပါကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံမှ ထုတ်လုပ် သည့် ကုန်ပစ္စည်း များအပေါ် အကောက် ခွန်နှုန်း လျှော့ပေါ့ သတ်မှတ် ပေးခြင်း ကိုလည်း မကြာမီ ပြန်လည် ကျင့်သုံးတော့ မည် ဖြစ်ပါကြောင်း။ 



မိမိတို့နိုင်ငံတွင် သယံဇာတပစ္စည်းများ ပေါကြွယ်ဝပြီး လုပ်သားအင်အားလည်း လုံလောက်စွာ ရှိနေသည့် အတွက် မြန်မာနိုင်ငံ ကထွက် ရှိသည့် သယံဇာတများကို အသုံးပြုပြီး ကုန်ချောထုတ်လုပ်သည့် စက်ရုံများ၊ အလုပ်အကိုင် နေရာများစွာ ဖန်တီးပေးနိုင်မည့် ကုန်ထုတ်လုပ်ငန်းကြီးများ၊ စက်ရုံ၊ အလုပ်ရုံများကို လာရောက် ရင်းနှီးမြှုပ်နှံကြပါရန် ဖိတ်ခေါ် ပါကြောင်း၊ အဆွေတော် သမ္မတကြီး အပါအဝင် ကိုရီးယား မိတ်ဆွေများအနေဖြင့်လည်း မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံ အားပေးသွားမည်ဟု ယုံကြည်ပါကြောင်း။ 


နိဂုံးချုပ်အနေဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ယဉ်ကျေးမှု ဆိုင်ရာ ဆက်ဆံ မှုများ၊ အတွေ့အကြုံဖလှယ်မှုများနှင့် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ကြခြင်းဖြင့် ချစ်ကြည် ရင်းနှီးမှု ရရှိပြီးဖြစ်သည့် နှစ်နိုင်ငံ ဆက်ဆံရေးကိုပိုမိုတိုးတက် ခိုင်မာစေရေးအတွက် ကြိုးပမ်းဆောင် ရွက်သွားကြပါရန် တိုက်တွန်း အပ်ပါကြောင်း။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုများ အဓွန့် ရှည်ကြာစွာ ဆက်လက်တိုးတက် ဖြစ်ထွန်းခိုင်မာစေရေးအတွက် လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးနှင့် ကိုရီးယားပြည်သူများ ပိုမိုသာယာဝပြော စေရန်အတွက် လည်းကောင်း၊ အဆွေတော်သမ္မတကြီး မစ္စတာ အီမြောင်ဘတ်၏ လုပ်ငန်း ဆောင်တာများ အောင်မြင်ဖြစ်ထွန်းပြီး ကိုယ်စိတ်ကျန်းမာချမ်းသာစေရေး အတွက် လည်းကောင်း မိမိနှင့်အတူ ဆုမွန်ကောင်းများ တောင်းပါရန် ဖိတ်ခေါ် အပ်ပါကြောင်းဖြင့် ပြောကြားပြီး ဆုတောင်းပတ္ထနာပြုသည်။ 

ယင်းနောက် နှစ်နိုင်ငံအကြီးအကဲများသည် ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်