Friday, October 12, 2012

ဖားကန့်တွင် တစ်ရက်တည်း တိုက်ပွဲ(၅)ကြိမ်ဖြစ်ပွားခဲ့

Posted by drmyochit Friday, October 12, 2012, under | No comments



ကချင်ပြည်နယ် ဖားကန့်မြို့ နေရာ(၅)ခု၌ အစိုးရ တပ်နှင့် ကေအိုင်အေ တပ်ရင်း (၆) လက်အောက်ရှိ တပ်မဟာ (၂)တို့ အကြား တိုက်ပွဲ (၅)ကြိမ် ဖြစ်ပွားခဲ့ သည်ဟု ကေအိုင်အို ဒု-နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်း လွန် ဒေါင်းထံက သိရှိရသည်။

“(၉)ရက်နေ့က ဖားကန့်မှာတိုက်ပွဲကအများကြီး ဖြစ်တယ်။ ဖားကန့်လမ်းက ပဇောက်ကွေ့၊ နန့်တိန်ချောင်း ဒေသ ချောင်းဖျား မွန်ဂါရွာဟောင်းနား၊ လယ်ပြင်နဲ့လုံးခင်းကြား၊ နောက်ရုံ တောင်နဲ့ ကျောက် စိမ်း မော်တို့မှာ ဖြစ်ခဲ့တယ် ဆိုပြီး ကေအိုင်အိုက report တင်တယ်”ဟု ဂျိမ်းလွန် ဒေါင်းက ပြော သည်။


မနက် ၁ နာရီကျော်၌ ပဇောက်ကွေ့မှ စတင်ဖြစ် ခဲ့သည့် အစိုးရ တပ်နှင့် ကေအိုင်အေ တပ်မဟာ(၂) လက် အောက်ခံKIA ပြည်သူ့စစ်၊ မျိုးချစ် ရဲဘော် အဖွဲ့အကြား အဆိုပါတိုက်ပွဲ ၅ ပွဲတွင် ကေအိုင်အေ ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိသော်လည်း အစိုးရ တပ်မှ ကျဆုံး၊ ဒဏ်ရာရှိ သည်ဟုKIA တိုက်ပွဲ အစီရင် ခံစာအရ သိရ ကြောင်းဆိုသည်။

“တိုက်ပွဲ ဖြစ်တဲ့(၅) နေရာလုံး အရဆိုရင် စစ်အစိုးရ ဘက်က (၁၂)ဦးသေတယ်။ သူတို့ကိုတော့ လယ်ပြင် ကျေးရွာမှာ မြုပ်တယ်တဲ့။ ဒဏ်ရာ ရတဲ့သူ ကတော့ (၉)ဦးလောက် ရှိတယ်။ အဲ့အထဲမှာ ဗိုလ်မှူး နှစ်ဦးပါတယ်။ တစ်ဦးက ခြေထောက် ထိသွားပြီး နောက်တစ်ဦးက မျက်စိ ထိထားတယ်။”ဟု ထိုင်း အခြေစိုက် ဂျိမ်းလွန်ဒေါင်းက ပြောသည်။

စစ်အစိုးရဘက်မှခ.လ.ရ(၂၈၁)၊(၂၈၂)၊(၃၀၉)၊(၃၈၁)၊(၃၈၂)နှင့်(၈၉)တပ်တို့သည် ကေအိုင်အို တပ်မဟာ (၂) ၏ ထိန်းချုပ် နယ်မြေ အတွင်း ၀င်ရောက် လာခြင်းကြောင့် ကေအိုင်အေ တပ်မှ ဆီးကြို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

လုံးခင်း ဒေသခံ တစ်ဦးကမူ ယင်းတိုက်ပွဲ များကြောင့် ဒေသခံ အရပ်သား တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ကြားသိ ရကြောင်း ပြောသည်။ “ဒဏ်ရာ ရတဲ့ လူက(၂)ဦး လို့လဲကြားတယ်။သုံးဦး လို့လည်း ပြောကြ တာပဲ၊ ကျွန်တော် သိတဲ့ နှစ်ဦး ကတော့ လယ်ပြင် ကျေးရွာက တစ်ယောက်ရယ်၊ လယ်ပြင် နဲ့၂မိုင်လောက် အကွာ လုံးခင်းရွာ ကို လက်နက်ကြီး ကျလို့တစ်ယောက် ဒဏ်ရာရ သွားပြန် တယ်။”ဟု လုံးခင်ကျေးရွာခံ ဦးအောင်ထွန်းဦး ကပြောသည်။

အောက်တိုဘာလ(၈)ရက်နေ့ကလည်း ကေအိုင်အိုအစိုးရ၏ တပ်မဟာ(၄)နယ်မြေဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်း ဒေါဖုန်ယန် တိုက်နယ် လွယ်ဂျယ်တောင် နှင့်မြစ်ကြီးနားဗန်းမော် လမ်းကြားတွင် စစ်အစိုးရနှင့် ကေအိုင်အေတို့ အကြား တိုက်ခိုက်မှုများ ဖြစ်ခဲ့သေး သည်ဟု ဒုနိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းလွန် ဒေါင်းက ပြော သည်။

ယခင်စစ်အစိုးရနှင့် သဘောတူထားသည့် ၁၉၉၄ ခုအပစ်ရပ်သဘောတူညီချက်မှာ ၂၀၁၁ခု ဇွန်လက ပျက်သွားပြီး နောက်တိုက်ပွဲ ပေါင်း၁,၀၀၀ ကျော် ရှိသွားပြီဟုလည်း ကေအိုင်အေက ပြောထားသည်။

မြစ်မခမီဒီယာ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်