စက်တင်ဘာ ၂၈ ဖါးကန့် KIA တပ်ရင်း ၆
၏ အမှတ်စဉ် (၁၀) အခြေခံစစ်တင်တန်းဆင်းပွဲ ကျင်းပနေပုံ။ ဓါတ်ပုံ - KNG ကချင်သတင်းဌာန
KIA တပ်မဟာ(၅) ရင်း(၃)လက်အောက်ခံ ကောင်ရာစခန်းမှူးသည်
အင်အား(၁၅)ဦးသည် ၀ရာယန်ရွာ အ နီး နမ့် မလီချောင်း တစ်ဖက် ကမ်းမှ ချမ်းရင် ခူးကုမ္ပဏီ ငှက်ပျော်စိုက်ခင်းသို့
အောက်တိုဘာလ(၆)ရက်နေ့ မနက်ပိုင်း တွင် ရောက်လာပြီး စိုက်ခင်းလုပ်သား ရခိုင်လူမျိုး(၁၆)ဦး
ရှမ်းလူမျိုး(၁)ဦး စုစုပေါင်း (၁၇)ဦး တို့ အား KIA တပ်သားသစ်အဖြစ် လာရောက်ဖမ်းဆီးသွားကြောင်း
သိရပါတယ်။
အဆိုပါဖမ်းဆီးခံရသော ရခိုင်တိုင်းရင်းသားများအား
ကောင်ရာစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အဖမ်းခံရ သူ များမှ ရခိုင်လူမျိုး(၈)ဦးအား အသက်(၅၀)ကျော်နေ၍
ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရပါတယ်။
ကျန်ရခိုင်လူမျိုး(၈)ဦးနှင့် ရှမ်းလူမျိုး(၁)ဦးတို့အား
လက်ရှိအချိန်တွင် ကောင်ရာစခန်း၌ပင် ထိန်းသိမ်းထားပြီး စခန်းတွင်းပစ်ကျင်းတူးခြင်း၊
စခန်းခြံစည်းရိုး ကာခိုင်းခြင်း၊ အိမ်သာကျင်းတူးခိုင်းခြင်းစသော စခန်းပြင် ဆင်ရေး လုပ်ငန်းများနှင့်
စခန်းရဲ့ ကိစအ၀၀များအား ခိုင်းစေထားကြောင်းနှင့် တပ်မဟာတွင် အောက်တို ဘာလ (၁၅)ရက်နေ့တွင်
ဖွင့်လှစ်မည့် စစ်အခြေခံလေ့ကျင့်ရေးသင်တန်းအား တက်ရောက်စေ မည်ဖြစ်ကြောင်း သိရပါတယ်။
စက်တင်ဘာလ(၂၈)ရက်နေ့တွင်သင်တန်းဆင်းခဲ့သည့်
ဖားကန့်မြို့နယ် KIA တပ်မဟာ(၂)၊ တပ်ရင်း(၆) နယ်မြေရှိ တပ်စခန်းတစ်ခုတွင် ဖွင့်လှစ်ခဲ့သော
အခြေခံစစ်သင်တန်းတွင်လည်း ရခိုင်လူမျိုး (၂၉)ဦး ပါဝင်ကြောင်း သိရပါတယ်။ ထိုသတင်းဆက်အား
ဒီနေရာတွင် ဖတ်ရှုနိုင်ပါတယ်။
KIA တွင် လက်ရှိအချိန် အင်အား(၉၀၀၀)ကျော်ရှိရာ
(၁၅၀၀)ခန့်မှာ ရှမ်းပြည်မြောက်ပိုင်းနေ ရှမ်းလူမျိုး များဖြစ်ပြီး KIA မှာ ဗမာလူမျိုးများလည်းပါဝင်ပါတယ်။
ယခုအခါတွင် KIA သည် တပ်သား သစ် စုဆောင်းရေး စီမံချက်အရ KIA ထိန်းချုပ်နယ်မြေများတွင်
လူသစ်ဖမ်းဆီးခြင်းများအား တစိုက်မက်မက် ဆောင်ရွက် လာခဲ့ပါတယ်။
KIA တပ်သည် အပစ်အခတ် မပျက်သေးခင်ကာလတွင်
တပ်ဖွဲ့ဝင်အင်အား ၆၀၀၀နှင့် ၇၀၀၀ ကြားတွင်သာရှိ သော်လည်း အပစ်အခတ်ရပ်စဲထားခြင်း
ပျက်ပြားပြီးနောက်ပိုင်းတွင် တပ်အင်အား ၉၀၀၀ မှ ၁၀၀၀၀ ကျော်အထိ တိုးလာ ကြောင်း တရုတ်
- မြန်မာနယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောမှ ပြောကြားခဲ့ပါတယ်။
Time in Rangoon


0 comments:
Post a Comment