Friday, October 12, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုးရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့ရှိ STX သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်လေ့လာ

Posted by drmyochit Friday, October 12, 2012, under | No comments


From :သမ္မတရုံး




နေပြည်တော် အောက်တိုဘာ ၁၁
ကိုးရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိ နေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ(၁၀)ရက် နံနက်ပိုင်းတွင် ဘူဆန်မြို့ရှိ STX သင်္ဘော တည်ဆောက်ရေး လုပ်ငန်းကို သွားရောက် လေ့လာသည်။


ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် အဖွဲ့ဝင်များ လိုက်ပါလျက် ဒေသ စံတော်ချိန် နံနက် (၉)နာရီတွင် ဆိုးလ်မြို့ မှ အထူး ရထားဖြင့်  ထွက်ခွာ ခဲ့ရာ ဘူဆန် မြို့သို့ နံနက် (၁၀)နာရီ တွင် ရောက်ရှိကြသည်။

ထိုမှ တစ်ဆင့် STX သင်္ဘော တည်ဆောက်ရေး လုပ်ငန်းသို့ ရောက်ရှိကြရာ ကုမ္ပဏီ အစည်း အဝေး ခန်းမ၌ STX Group ကုမ္ပဏီဥက္ကဋ္ဌ Mr.Kang Duk Soo က ကုမ္ပဏီ၏ လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် မြန်မာ နိုင်ငံ တွင် သင်္ဘောကျင်း လုပ်ငန်းနှင့် လျှပ်စစ် စွမ်းအင် ကဏ္ဍတို့တွင် လာရောက် လုပ်ကိုင် လိုကြောင်း ရှင်းလင်း တင်ပြသည်။

နိုင်ငံတော် သမ္မတ ကလည်း မြန်မာ နိုင်ငံတွင် ဆောင်ရွက်လျက် ရှိသည့် အထူး စီးပွား ရေးဇုန် (၃)ခုတွင် လာရောက် ရင်းနှီး မြှပ်နှံရေး၊ ကျေးရွာ မီးလင်း ရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ရရှိရေး၊ အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးရေးနှင့် သင်္ဘောကျင်း လုပ်ငန်း များတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး တို့ကို ကမ်းလှမ်းခဲ့ရာ STX Group ကုမ္ပဏီ ဥက္ကဋ္ဌက မြန်မာ နိုင်ငံသို့ လာရောက်၍ အသေး စိတ် လေ့လာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည် တင်ပြပါသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် သင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင် နှင့် ဘူဆန်မြို့ရှိ Pusan New Port International Terminal တို့ကို မော်တော်ယာဉ် များဖြင့် လှည့်လည် ကြည့်ရှု လေ့လာ ကြသည်။

အဆိုပါ သင်္ဘောတည် ဆောက်ရေး လုပ်ငန်းကို ၁၉၆၂ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကိုရီးယား သမ္မတ နိုင်ငံ၊ တရုတ် နိုင်ငံနှင့် ဥရောပတို့တွင် အခြေပြု၍ ကုန်တင် သင်္ဘောများ၊ ကမ်းလွန် ရေနံ တူးဖော်ရေး လုပ်ငန်း သုံး သင်္ဘောများ၊ ဇိမ်ခံ သင်္ဘော များနှင့် ရေတပ်သုံး စစ်သင်္ဘော များကို တည်ဆောက် ထုတ်လုပ် လျက်ရှိ သည်။ ကုမ္ပဏီ၏ ရင်းနှီး မြှုပ်နှံ မှုမှာ ၀မ်ငွေ (၁၄.၅) ထရီ လျံရှိပြီး ကိုရီး ယားသမ္မတ နိုင်ငံတွင် စတုတ္ထ အကြီးဆုံး သင်္ဘော တည်ဆောက်သည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရှိရပြီး ၎င်း ကုမ္ပဏီ အနေဖြင့် ဘူဆန်နှင့် ဂျင်ဟေး တို့တွင် နှစ်ပေါင်း(၄၀)အတွင်း သင်္ဘော အစင်းပေါင်း (၇၀၀) ခန့် တည်ဆောက် ပေးခဲ့ပြီးဖြစ်သည်။ STX Group ကုမ္ပဏီအနေဖြင့်  သင်္ဘော တည်ဆောက်ရေး လုပ်ငန်းအပြင် စွမ်းအင် ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ အကြီးစား စက်မှု လုပ်ငန်း ကဏ္ဍနှင့် ပြန်လည် ပြည့်ဖြိုး မြဲစွမ်းအင် ကဏ္ဍ စသည် တို့တွင်လည်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော် သမ္မတ နှင့်အဖွဲ့ဝင် များသည် မွန်းလွဲပိုင်းတွင် ဆိုးလ်မြို့အင်ချွန်း လေဆိပ်သို့ အထူး လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိကြပြီး ညနေပိုင်းတွင် မြန်မာ နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ဘန်ကောက်မြို့ မှတစ်ဆင့် ပြန်လည် ထွက်ခွာကြသည်။

နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များအား ကိုရီးယား သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတ နိုင်ငံ သံအ မတ်ကြီး Mr. Kim Hae Yong ၊ ကိုရီးယား သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးညွှန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံးနှင့် စစ်ရုံးတို့မှ ၀န်ထမ်း များနှင့် မိသားစု များက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။

နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြစဉ် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့ အာရှ ရေးရာ ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန် ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း၊ စစ်သံမှူး ဗိုလ်မှူးကြီး ဦးဝင်းမောင်၊ သံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများ၊ မိသားစုများက ကြိုဆို နှုတ်ဆက် ကြသည်။

  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်