Friday, October 12, 2012

ရန်ကုန်မြို့ကကောင်းကင်ပေါ်တွင် ဖြစ်ပေါ်သောအလင်းတန်းများနှင့်ပတ်သတ်၍ မြန်မာပြည်သူများ ဒီလိုတွေးကြသည်

Posted by drmyochit Friday, October 12, 2012, under | No comments


From : Tun Paing Soe


တမန်နေ့ ညက ရန်ကုန် တိုင်းဒေ သကြီး လှည်း တန်းမြို့ နယ်အ နီးတစ် ၀ိုက်တွင် ဖြစ်ပေါ် ခဲ့သော ကောင်းကင်ပေါ်က အလင်း တန်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်း ကြည့်ရာမှာ-
အရပ်သားတဦး။ ဘာကြောင့်လဲတော့ မသိဘူး.. တော်တော်ကြောက် စရာကောင်း ပါတယ်။ ကြောက်လွန်း လို့ ကျနော်တို့ မိသားစု ဘုရားစာတွေပဲ ထိုင်ရွတ်နေကြတယ်။
မိုးဇလမှ ၀န်ထမ်းတဦး။ ဟုတ်ကဲ့.. ဒါက ရာသီဥတုကြောင့် တိမ်တွေထဲက လျှပ်စစ်သံလိုက်ကွင်းတွေ အချင်းချင်း ပွတ်မိပြီး ဖြစ်တာပါ။
ပယောဂဆရာ တဦး။ ဒါဟာ နိုင်ငံအတွင်းမှာ ကံဆိုးမှုတွေ ကျရောက်တော့မယ့် နိမိတ်ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေက မြူးတူးပျော်ပါးနေတာ ဖြစ်ပါတယ်။
တတ်သိပညာရှင်။ ဒါဟာ အနောက်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ UFO ရဲ့ အလင်းတန်းတွေပါ။ ဟိုတလော တုန်းက လည်း ကျနော်တို့ နိုင်ငံကို UFO တွေ ရောက်လာသေးတယ်လေ။
လက်နက်အရေးကျွမ်းကျင်သူ။ ဒါက ရှင်းနေတာပဲ။ အစိုးရက နျူကလီးယား လက်နက်ကို စမ်းသပ်နေ တာပါ။ ဒါမှမဟုတ်ရင်လဲ ကချင်တိုက်ပွဲအတွက် ဓာတုလက်နက်တွေကို စမ်းသပ်တဲ့ သဘောဖြစ် ပါလိမ့် မယ်။
နိုင်ငံရေးသမားတဦး။ ဒီလိုအဖြစ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံမှာ အစိုးရက ပွင့်လင်းမြင်သာမှု အားနည်းသေးတယ်လို့ ပြောရမှာပေါ့ခင်ဗျာ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ကြိုတင်သတင်းထုတ်ပြန်မှုတော့ ရှိသင့်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်