Friday, October 12, 2012

ဖားကန့်ဒေသမှ စွန့်ခွာကျောင်းသား မူလတန်းအဆင့်ထိ ပါဝင်လာ

Posted by drmyochit Friday, October 12, 2012, under | No comments



ဖားကန့်ဒေသမှ ကျောင်းသားများစွန့်ခွာမှုမှာ တဖြည်းဖြည်းများပြားလာပြီး မူလတန်းနှင့် အလယ်တန်း အ ဆင့်ပါ ပါဝင် လာပြီဟု ဖားကန့်ဒေသပညာရေး စာရင်းများ အရ သိရသည်။
စစ်ရေး ပဋိပက္ခဖြစ်ပွားခဲ့သော သြဂုတ် ၂ဝ ရက်မှ အောက် တိုဘာ ၁ဝ ရက်နေ့အထိ တစ်လ ခွဲအတွင်း ဖားကန့် ဒေသမှ ကျောင်းပြောင်း လက်မှတ်ရယူသူတို့မှာ ၆ဝဝ   ကျော်ရှိသွားခဲ့ကြောင်း၊စတင် ဖြစ်ပွားစ တွင်အ ထက်တန်း အဆင့် ကျောင်းသား ၁ဝဝ ကျော်တို့ပြောင်း ရွှေ့သွားကြသော်လည်း စက်တင် ဘာလဆန်း ပိုင်းမှ စကာ မူလ တန်း နှင့် အလယ်တန်းအဆင့် ကျောင်း သားများပါ ပြောင်းရွှေ့ခဲ့ကြသည်။ မူလတန်းနှင့် အလယ် တန်း အဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄၁၄ ဦးရှိသွားပြီဟု ပညာရေး စာရင်း တို့အရ သိရသည်။ကချင်ပြည်နယ် အစိုးရမှ ရရှိ သော စာရင်းများအရ ကျောင်း ပြောင်းလက် မှတ်ရယူကာ မြစ်ကြီး နား၊ မိုးကောင်းနှင့် မိုးညှင်းမြို့များ သို့ ပြောင်းရွှေ့တက်နေကြပြီဟု သိရသည်။
ဖားကန့်မှ ပြောင်းရွှေ့ ကျောင်းသား ဖခင်တစ်ဦးက ”ဘယ်လို စိတ်ချ လက်ချနဲ့ကျောင်းကိုလွှတ်ရဲမှာ လဲဗျာ၊ ကိုယ့်သား သမီးကို  အတိမ်း အစောင်း အဖြစ်မခံနိုင်ပါဘူး။ ပိုက် ဆံရှိလို့ရယ်လို့တော့ မဟုတ်ပါဘူး၊ ဇွတ်ထားရတာပါ”ဟု ပြောသည်။လက်ရှိ စာရင်းများ အရ စစ်ပွဲများ စတင်ဖြစ်ပွားရာ ဖားကန့် မြို့စွန်ရှိ မူလတန်းနှင့် အလယ်တန်း ကျောင်း ရှစ်ကျောင်းမှ ကျောင်း သား ၁၅ဝဝ တို့မှာ ဖားကန့်မြို့ပေါ် ရှိ ကျောင်းတို့တွင် ပညာသင်ကြား နေကြရာ အခြေ အနေ ကောင်းမွန် လာသောကြောင့် မိမိတို့ ကျောင်း များသို့ ပြန်လည်ထွက်ခွာကြရန် ပြင်ဆင်နေကြသည်ဟုလည်း ဖားကန့် ဒေသခံကျောင်းဆရာတစ် ဦးက ပြောသည်။
ဖားကန့်မြို့ တောင်ဘက် ၁ဝ မိုင်အကွာရှိ ဝှေခါရွာတွင် ပြီးခဲ့သော အောက်တိုဘာ ၄ ရက်က စ၍ တိုက်ပွဲဖြစ်ပွားနေရာ ထိုဒေသရှိ ကျောင်းသားတို့မှာ လက်ရှိအချိန် တွင် နီးစပ်ရာသို့ ပြောင်းရွှေ့တက် နေကြသည်ဟုလည်း ၄င်းက ဆက် ပြောသည်။ဖားကန့်မြို့ပေါ်မှ ကျောင်း သား၊ ကျောင်းသူ ၆ဝဝ ကျော်အပြင် ဒေသခံကျေးဇူးတော်   ဘော်ဒါ ဆောင်တစ်ခုမှာလည်း လုံခြုံရေး အခြေအနေကြောင့် မြစ်ကြီးနား သို့ပြောင်းရွှေ့ခဲ့သည်။

end

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်