Friday, October 12, 2012

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဥရောပသမဂ္ဂ (EU) ကရရှိ

Posted by drmyochit Friday, October 12, 2012, under | No comments

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဥရောပ သမဂ္ဂ နိုင်ငံများ(EU) ကရရှိ သွားပြီဖြစ်သည်။ ဥရောပ နိုင်ငံများတွင် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် နှစ်ပေါင်း ၆၀ကျော် ဆောင်ရွက်ခဲ့ခြင်း များအတွက် ချီးမြှင့်လိုက်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ပထမ ဆုံး ရရှိသူမှာ ဟင်နရီဒူး နန့်ဖြစ်သည်။

၁၉၀၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့က ရရှိခဲ့ပြီး၊ ၁၉၁၉ ခုနှစ် တွင်မူ အမေရိကန်သမ္မတ သောမတ်စ် ၀ုဒ်ရိုး ၀ီလဆင်ကရရှိခဲ့ပြန်ကာ၊ ၂၀၀၉ ခုနှစ်တွင်မူ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ရရှိခဲ့သည်။
ငြိမ်းချမ်းရေးနို ဘယ်ဆုရရှိသည့် ပထမဆုံး မြန်မာ နိုင်ငံသားမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး ၁၉၉၁ ခုနှစ်က ရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ခန့်မှန်း စာရင်းဝင် များတွင် မြန်မာ သမ္မတ ဦးသိန်းစိန် သည် လည်း တစ်ဦး ပါဝင်ခဲ့သည်။ ယခုနှစ်အတွက် နိုဘယ်ဆုရှင်များကို အောက်တိုဘာ(၈)ရက်နေ့က စတင် ကြေညာ ခဲ့ခြင်း ဖြစ်ပြီး ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ နှင့် စာပေ နိုဘယ် ဆုရှင်များ ကိုကြေညာ ခဲ့ပြီးဖြစ် သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ချီးမြှင့်ငွေမှာ ဆွီဒင်ကရောင်း ၁၀သန်း(ကန်ဒေါ်လာ ၁.၄ သန်းကျော်)ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်