Monday, December 24, 2012

မြို့တော်ဝန်သေဆုံးသွားတဲ့ပါကစ္စတန်နောက်မြောက်ဒေသအသေခံ ဗုံးပေါက်ကွဲမှု

Posted by drmyochit Monday, December 24, 2012, under | No comments

ယမန်နေ့ ၂၂ ရက်နေ့က ပါကစ္စတန် အနောက်မြောက်ဒေသ မြို့တော်ပီ ရှဝါမြို့တော်တွင် အသေခံ ဗုံးခွဲ သူ တစ်ဦး၏ လက်ချက်ကြောင့်…အနည်းဆုံး လူရှစ်ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်…။

တာလီ ဘန်ဆန့်ကျင်ရေးခေါင်းဆောင် မြို့တော်ဝန် ဘာရှာ အာမက် ဘီလော(Bashir Ahmad Bilour) သည်လည်းသေ ဆုံးသူများ ထဲတွင်ပါဝင်သည်။

အဆို ပါပေါက် ကွဲမှုသည် Awami National Party(ANP) ခေါင်းဆောင်၏နေအိမ်တွင်ဖြစ်ပွားခဲ့ပြီး ထိုပါတီ သည်နိုင်ငံတော် အုပ်ချုပ်ရေး တပ်ပေါင်းစု ၏အဖွဲ့ဝင် လည်းဖြစ်သည်။

ပါကစ္စတန် တာလီဘန် များက အဆို ပါဖောက် ခွဲမှုသည် ၄င်းတို့ပြုလုပ်ခြင်းဖြစ်ကြောင်းကြေငြာခဲ့သည်။

တာလီဘန် များသည် Khyber Pakhtunkhwa ခရိုင်တွင်အာဏာရှိသောANP ပါတီအဖွဲ့ဝင်များကို မကြာခဏ ပစ်မှတ်ထားနေ သည်။ ပါကစ္စတန် ပီရှဝါမြို့တွင် ANP ပါတီ၏ အစည်း အဝေး အတွက် လူ၁၀၀ ခန့်စုဝေး ခဲ့ကြသည်။

သေဆုံး ခဲ့သည် Mr.Bilour သည် မိန့်ခွန်းပြောကြားပြီး ပြန်လည် ထွက်ခွာ သွားစဉ် ပေါက်ကွဲမှုဖြစ် ပွားခဲ့ခြင်းဖြစ် သည်ဟု ANP ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ Nazir Khan က မီဒီယာများ သို့ပြောကြား ခဲ့သည်။

မီးခိုးငွေ့များ မီးလောင်စများ သေဆုံးသူများ ဒဏ်ရာရသူများနှင့်ပြည့်နှက်နေခဲ့သည်ဟု ၄င်းကပြောကြား သည်။သေဆုံးသူ အသက် ၆၉ နှစ်ရှိတာလီဘန်ဆန့်ကျင်ရေးခေါင်းဆောင် Mr.Bilour သည် ရင်ဘတ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာများကြောင့် ဆေးရုံပေါ်တွင်သေဆုံးခဲ့သည်။

ရဲအရာရှိတစ်ဦးမှ Mr.Bilour ၏အတွင်းရေးမှုး၊အခြား ANP အရာရှိများနှင့် ရဲသားတစ်ဦး သေဆုံး သူများထဲ တွင်ပါ ၀င်ကြောင်း Angence-France-Preese သတင်းဌာနသို့ပြောကြားသည်။ဆေးရုံနှင့်ရဲများ ၏ပြော ကြားချက် အရ အနည်းဆုံး လူ၁၈ဦးလည်း ပေါက်ကွဲမှုတွင် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

News Source;BBC
Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်