Monday, December 24, 2012

ကချင်မြေမှ စစ်သားတစ်ယောက်ရဲ့ တီးတိုးရွတ်သံ

Posted by drmyochit Monday, December 24, 2012, under | No comments

ကျွန်တော်က ရွာတစ်ခုမှာ လူလားမြောက် ခဲ့တဲ့ကောင်၊ အဖေက မရှိတောဘူး။ အမေရယ်၊ ညီ ၂ယောက်နဲ့ ညီမ တစ်ယောက် ရှိတယ်။ တောမှာနေပြီး လယ်လုပ်၊ စပါးထမ်း ထမင်းဝပေမယ့် မြို့တက်ပြီး အလုပ် လုပ်ချင် လို့ အသိဆိုင်မှာ စားပွဲထိုး ၀င်လုပ်တယ်။ စစ်သားတွေနဲ့ မိတ်ဆွေဖြစ်တယ်။ နောက်တော့ ကျွန်တော် လည်း စစ်သားဖြစ် သွားတယ်။ ရဲဘော်သစ် သင်တန်း၊ လယ်လုပ် စပါးထမ်းလာတဲ့ ကျွန်တော့် အတွက် အဲလောက် မခက်ခဲဘူး။ ဇွန်း ခရင်း နဲ့ ထမင်းစား ခိုင်းတာကို စိတ်အညစ်ဆုံးပဲ။ အဲဒီတော့ လစ်ရင် လက်နဲ့စားတယ်။ ဆရာကြီးတွေ၊ အရာရှိေ တွ ရှေ့ကျရင် ဇွန်းခရင်းနဲ့ စားတယ်။ဘ ယ်ညာ ဘယ်ညာ စစ်ရေးပြနဲ့ လက်ချောင်းလေးကွေးရင် ကျည်ဆံထွက်တာ၊ သေနတ်ဖြုတ်တာ၊တပ်တာကို ကျွန်တော် တတ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် ဒို့တာဝန် အရေး (၃)ပါး တွေ၊နိုင်ငံတော်ကြီးကို ကာကွယ်တာတွေကို ကျွန်တော် အဲလောက် စိတ်မ၀င်စားခဲ့တာတော့ အမှန် ပါပဲ။


တပ်ကို ရောက်တယ်။ ဖက်ထိပ် လုပ်တယ်။ ကျွန်တော်တို့ မလုပ်ရင် ဘယ်သူမှ လုပ်မယ့်သူမှ မရှိတာ။လစာ ရ တယ်။ ဘဏ်စုငွေ ထည့်တယ်။ သက်သာဆိုင်မှာ စားတယ်။ အကြွေးဆပ်တယ်။ ဒါနဲ့ပဲ စုမိတယ်ဆိုတာက ကျွန်တော့် အတွက် ဘဏ်စုငွေပဲ ရှိတယ်။ မိဘကို သတိရလို့တော့ တပ်ရောက်ပြီး ၂ နှစ်အတွင်းမှာ တစ် ခါေ တာ့ စာရေးဖူးတယ်။ ဘဏ်စုငွေထဲက ၅ သောင်းထုတ်ပြီး ပို့ပေးခဲ့ဖူးတယ်။ ဒါ ကျွန်တော့် တစ်သက် မှာ အမေ့ ကို ပေးဖူးတဲ့ အများဆုံး ပိုက်ဆံပါပဲ။ မသေ၊မပြတ်ခဲ့ရင် လစာတွေ အသား တင် စုမိလို့ ရှေ့ တန်း သွားရ ရင်တော့ ကျွန်တော် ပျော်တယ်။ နောက်တန်း ပြန်ရောက်လို့ အပြင်ထွက်ရင် ကျွန်တော့်ယူနီဖောင်း အကောင်း မရှိဘူး။ သပ်သပ်ရပ်ရပ် လည်း မရှိဘူး။ ကျွန်တော့်မှာ အဲဒါတွေ လုပ်ပေးမယ့် မိန်းမလည်း မရှိဘူး။ တစ်ချို့ကတော့ ဒီစစ်သားတွေ ညစ်ပတ် တာပဲ လို့ပြောမှာပေါ့။ ညစ်ပတ်လဲ မတတ်နိုင်ဘူးဗျာ။ တစ်နေ့ ၁၈ နာရီ။ တစ်ခါတစ်လေ ၂၄ နာရီ အပြည့် ၀တ်နေမှတော့ ဘယ်လို သပ်ရပ်တော့မလဲ။ရှေ့တန်းမှာတော့ သိပ်မသိသာပါဘူး။

ကေအိုင်အေက ရထားလမ်းတွေ မိုင်းခွဲတယ်။ ဆက်သွယ်ရေး တိုင်တွေ ဖျက်ဆီးတယ်။ မြစ်ကြီးနား ထောင်ကို ဖောက်တယ်။ အဲဒီတော့ တပ်က ကချင်ပြည်နယ်မှာ ကေအိုင်အေကို တိုက်ဖို့ ရှေ့တန်း ထွက်ရ တယ်။ မြန်မာ ပြည် အလယ်ပိုင်းက စစ်သား မြန်မာပြည်မြောက်ဖျားမှာ စစ်ဆင်ရေး ထွက်ရတာ ဆိုတော့ ဘယ်ထွက် ချင်မ လဲဗျာ။ တပ်ခွဲမှူးကတော့ ရှင်းရှင်းပဲ ပြောတယ်။ ဒီနယ်မြေမှာ သောင်းကျန်းသူ မရှိတော့ ရင် ငါတို့ နောက်တစ် ခါ ဒီ ကို လာစရာ မလိုတော့ ဘူးပေါ့ကွာတဲ့။ စစ်သားဖြစ်မှတော့ တိုက်ပွဲတွေ တိုက်ရတာကို ကျွန်တော် မစိုးရိမ်ပါဘူး။ တစ်နေ့တော့ ကျွန်တော်တို့ကို တန်းစီ တယ်။ ကာကွယ်ရေး ဦးစီးချုပ်ရုံးက အမိန့်ကို ပြောပြတယ်။ မိမိမှ စတင်ပစ်ခတ်ခြင်း မပြုရတဲ့။ သူမ ပစ် ကိုယ်မပစ်ဆိုမှတော့ ကျွန်တော်တို့ စစ်သားတွေ အကြိုက်အမိန့်ပေါ့။ မတော်တဆ ကျည်ဆံထွက်မှာ စိုးလို့ သေနတ်ကို အသင့်မလုပ်၊ကျည်မထိုးဘဲ သွားလို့ ဆရာကြီးကတောင် နာရင်းအုပ်တာ ခံလိုက်ရသေး တယ်။ တစ်နေ့ လုံခြုံရေး လှည့်ကင်းထွက်နေတုန်း ကျွန်တော့်နောက်က မောင်ဝင်း ခေါင်းကို သေနတ်မှန်တယ်။ အရှေ့တောင် ကုန်းက လှမ်းပစ်တာဆိုပြီး ဆရာကြီးက အော်ပေမယ့် တပ်ခွဲမှူးဆီက ဟေ့ကောင်တွေ၊ ၀ပ်၊ ဆိုတာ ကလွဲပြီး မထွက်လာဘူး။ အရင်ဆို တစ်လုံးလောက် လှမ်းထုလိုက် ဆိုပြီး အမိန့်ပေးမယ်။ ကျွန်တော် တို့ ဆီ က နည်းနည်း ပြန်ပစ်မှာ သေချာတယ်လေ။ တပ်ခွဲမှူး မျက်နှာက တည်နေတယ်။ နောက်တော့ စက် သမား နဲ့ ထိခိုက်မှုကို တပ်ရင်းမှူးဆီကို ပြန်ပြောတယ်။ကျွန်တော်တို့လဲ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ငြိမ်သက်လို့ပါပဲ။


မောင်ဝင်းကို တွင်းတူးမြုပ်ပြီး ပြန်တမ်းထုတ်တော့ ကျွန်တော်လုံးဝ စိတ်မကောင်းဘူး။ ပိုဆိုးတာက ကိုယ့် ဆီ က လုံးဝ ချက်ချင်း ပြန်မပစ်နိုင်တာကို ပိုစိတ်မကောင်းဖြစ်ရတယ်။ ဒီကောင်တွေက ရန်သူလေဗျာ။ ရန်သူ ကို တိုက်ရမှာ စစ်သားအလုပ် မဟုတ်ရင် သေနတ်ဘာလို့ ကိုင်တော့မှာလဲ ဆိုပြီးလဲ တွေးနေ မိ တယ်။ တပ်ခွဲမှူးက အားလုံးကို ပြောတယ်။ လူကြီးတွေ ငြိမ်းချမ်းရေးအတွက် စကားပြော နေကြပြီ။ ငါတို့ကြောင့် ငြိမ်းချမ်းရေး မပျက်အောင်တော့ ငါတို့ ထိန်းပေးရမယ်တဲ့။ ဒါဆို ကျွန်တော်တို့ ဘာလို့ ဒီမှာနေမ လဲဗျာ။ လူကြီးတွေ စကားပြောကြ။ ကျွန်တော်တို့လဲ မသေနိုင်တဲ့ စခန်းထဲမှာ ထိုင်စောင့် ကြတာပဲ လုပ်မှာပေါ့။

တစ်ရက် တစ်ရက်မှာ တပ်ရင်းက ဟိုနားက ချောင်းပစ်လို့ တစ်ယောက်ကျ ပြန်ပြီ။ ဒီနားက တစ်ယောက် ကျ ပြန်ပြီနဲ့ သတင်းတွေ ကြားနေရတယ်။ ကိုယ့်အလှည့် ဘယ်တော့ ရော က်မလဲဆိုတာ စိတ်ပူပြီး လုံခြုံေ ရး လှည့် နေရတဲ့ အလုပ်ကို ကျွန်တော် တော်တော်စိတ်ပျက်လာတယ်။ ရှေ့တန်းကို ရောက်နေတဲ့ ကျွန်ေ တာ် တို့ တပ်ကို လည်း ပြန်ဆုတ်မယ့် အမိန့်က ရောက်မလာသေးဘူး။ စားစရာ ဆန်လဲ မရှိတော့ဘူး။ အရွက်ေ တွကို စားကြည့် တယ်။ မသေရင် ပြုတ်ပြီး စားတယ်။ အဲလိုစားရင်းနဲ့ ဆရာအောင်မင်း မျက်စိ မမြင်တော့ လို့ ကျွန်တော်တို့ တော်တော် စိတ်ပူခဲ့ရသေးတယ်။ ကံကောင်းပြီး နောက်နေ့မှာ ပြန်မြင်လို့ တော်သေးတာပေါ့။ ကျွန်တော်တို့တပ် စခန်းချတဲ့ နေရာကို ကေအိုင်အေက လာပစ်တယ်။ လူက ၄၀၀ လောက် ရှိတယ်။ လက်နက် ကြီး သံတွေ ဆူညံပြီး ကျွန်တော့်အနားမှာ ကျတာ တစ်လုံးပြီး တစ်လုံး ဆူညံနေတာပဲ။ ကျွန်တော် တို့ လည်း မဲမဲမြင်ရာ ပြန်ပစ်ကြတာပေါ့။ တပ်ခွဲမှူးက အချက်ပြတယ်။ ဒါ ကျွန်တော်တို့ စီစဉ် ထား တဲ့ အတိုင်း ပြန်ဆုတ်မယ့် အစီအစဉ်လေ။ အစီအစဉ်အတိုင်း ဆရာကြီး သန်းဝင်းတို့ အရင်ဆုတ်တယ်။ ကျွန်တော်တို့ကတော့ ပစ်ပေးထား၇တာပေါ့။ စိန်သန်း မင်းသွားတော့..သွားတော့ ဆိုတဲ့ အသံကြားမှ ကျွန်တော်လည်း အနောက်ကို ပစ်ရင်း ဆုတ်ရ တာပဲ။ အဲဒီအချိန်မှာ ကျွန်တော့်နားကို လက်နက်ကြီး ကျတယ်။ ဂျိမ်းဆိုတဲ့ အသံနဲ့ ကျွန်တော့် ကျော တစ်လျှောက် ပူထူသွားသလို ကျွန်တော့်ခန္ဒာကိုယ် တစ်ခုလုံးလဲ လွင့်ထွက်သွားတယ်။ ဒါပေမယ့် ကျွန်တော့် သေနတ်က မလွတ်သေးဘူး။ ကျွန်တော် ဆက်ပစ်နေတယ်။ 

ကျွန်တော့် သွေးတွေ ဆူပွက်နေတယ်။ လာစမ်းကွာ။။ တက်လာစမ်းဆိုပြီး ကျွန်တော် အော်ပြီး ဆက်ပစ် နေ တယ်။ အချိန်တွေ ဘယ်လောက်ကြာသွားတယ် မသိဘူး။ သေနတ်သံက ကျွန်တော့် တစ်ယောက်ထဲဆီက နေ ထွက်နေတယ် ဆိုတာ သိတော့မှ ကျွန်တော် နောက်ကို လှည့်ကြည့် မိတော့တယ်။ ကျွန်တော် တွေ့လိုက်ရတာက ကျွန်တော့်အလောင်းနဲ့ ကျွန်တော့် သေနတ်ကို ကောက်ယူပြီး ထွက်သွားတဲ့ ကေအိုင်အေတွေ။ ဘုရား၊ ဘုရား.. ကျွန်တော် သေခဲ့ပြီလား။ ကျွန်တော့် လက်နက် ရန်သူ့လက်ထဲ ရောက် သွား ပြီလား။ ကျွန်တော် မသေသင့်သေး ဘူးလေ။ ကျွန်တော့် အသက်ငယ်ငယ်လေး ရှိသေးတယ်။ ကျွန်တော့် အမေကို ပိုက်ဆံတွေ ပို့ပေးရ အုံးမယ်လေ။ ကျွန်တော် ရွာကို ပြန်လည် ရအုံးမယ်လေ။ အမေ့ကို ဖက်မယ်။ ပြီးရင် ကျွန်တော့်လစာတွေကို ကန်တော့ရ အုံးမယ်လေ။ ကျွန်တော် ငိုနေမိတယ်။ ကျွန်တော့်ရဲ့ သေဆုံးတဲ့ ရုပ်အလောင်းဘေးမှာ ထိုင်ပြီး ကျွန်တော် ငိုနေမိတယ်။ ကျွန်တော်ဟာ ဒီနေရာမှာ သေနတ်သံတွေ မကြားရဖို့ ဒီကိုလာတာပါ။ ဒီနယ်မြေ ငြိမ်းချမ်းဖို့ ကျွန်တော် လာခဲ့တာပါ. .အခုတော့ ကျွန်တော့်အသက်ပါ ဒီနယ်မြေအတွက် ပေးဆပ်လိုက် ရပြီပေါ့.. ကျွန်တော့် ပုခုံးကို တစ်ယောက်ယောက် လာကိုင်သလို ခံစားရလို့ ကြည့်လိုက်တော့ ကျွန်တော့ တပ်ခွဲမှူး၊ သူ့နောက်မှာ ဆရာကြီး အောင်ထွေးနဲ့ မင်းသူ။ ဒါဆို ဒီနေရာမှာ ကျွန်တော် တစ်ယောက်ထဲ မဟုတ်တော့ဘူးပေါ့။

တပ်ခွဲမှူးက ကျွန်တော့် ပုခုံးကို အသာလေးပုပ်ပြီး ဘေးမှာ ထိုင်ချလိုက်တယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ မပြောကြတော့ပါဘူး။ ကျွန်တော်တို့ ဒီအတိုင်းပဲ ထိုင်နေကြတယ်။ တစ်ရက်ပြီး တစ်ရက် နောက်ဆုံး ဒီနေရာမှာ လက်နက်ကိုင်တွေ မရှိတော့တဲ့ တစ်နေ့အထိ၊ ကျွန်တော်တို့ရဲ့ ၀ိဥာဉ်တွေကို ကောင်းရာ ဘုံဘ၀ရောက်စေကြောင်း လာပြီး ဆုတောင်းပေးကြမယ့် နေ့အထိပေါ့ဗျာ…
oppositeyesသတင်းဌာနမှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်