ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဒိုးကုန်းကျေးရွာ အုပ်စု ပေါက်ပင်ကွင်း ကျေးရွာ၌ ဒီဇင် ဘာ ၁၇ ရက် နံနက် ၁ဝ နာရီက မီးယပ်နှင့် သားဖွား သင်တန်း ဆင်း ဒေါ်မိဌေးက ကလေးအမြွှာ သုံးဦး ယော က်ျားလေး နှစ်ဦး၊ မိန်းကလေး တစ်ဦးတို့ကို အောင်မြင်စွာ မွေးဖွား ပေးခဲ့ ကြောင်း သိရသည်။
မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ သောင်းဒန်ဦးက မြို့နယ် ဆေးရုံသို့ ခေါ်ယူ၍ မိခင်နှင့် ကလေး သုံးဦး တို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသည့် အပြင် မိခင်နှင့် ကလေး စောင့်ရှောက်ေ ရး အသင်းနှင့် ကျန်းမာရေး ဝန်ထမ်းများကလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ပေးပြီး ဧရာဝတီ ဖောင်ဒေး ရှင်းမှ ဆုငွေကျပ် ၅ဝဝဝဝ ချီးမြှင့် သည်။
ယင်းမိသားစု၏ ဖခင် ဦးခင်မောင် မြင့်၊ မိခင် ဒေါ်နီလာထွေးတို့တွင် ကျား နှစ်ဦး၊ မ တစ်ဦး၊ အမြွှာ နှစ်ဦး၊ ယခု အမြွှာ သုံးဦး အပါအဝင် ကလေးရှစ်ဦး ရှိပြီး မိခင် ဖခင်နှင့် ဆိုလျှင် မိသားစုဝင် ၁ဝ ဦး ရှိကြောင်း သိရ သည်။
မြ၀တီ
Time in Rangoon


0 comments:
Post a Comment