Monday, December 24, 2012

ဖားကန့်ကျောက်စိမ်းတွင်းက တစ်နိုင်တစ်ပိုင် လုပ်စားသူတွေကို ဒေသခံရဲက နှင်ထုတ်

Posted by drmyochit Monday, December 24, 2012, under | No comments

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ မှော်စီစာ ကျေးရွာ ပတ်ဝန်းကျင်က ကျောက်စိမ်း လုပ်ကွက် တစ်ချို့ရဲ့ စွန့်ပစ်မြေ စာပုံတွေမှာ တနိုင်တပိုင် ရွှေတူးဖော်လုပ်ကိုင်နေသူ တွေကို ဒီကနေ့မ နက်က ဖားကန့်မြို့နယ် လုံးခင်းအခြေစိုက် ရဲဝန်ထမ်း ၂၀ လောက်က လုပ်ကွက်တွေထဲကနေ မောင်းထုတ် ခဲ့ပြီး စုစုပေါင်း သိန်း ၂၀၀ လောက် တန်ဖိုးရှိတဲ့ ရေစုပ်စက် ၁၁ လုံးကို မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့  စုံစမ်း သိရ ပါတယ်။

ဒီကနေ့ ဖြစ်ရပ်ဟာ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာနားက ရတနာစိမ်း ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ နဲ့ စံတော်ဝင် ကုမ္ပဏီ လုပ်ကွက်နှစ်ခုကြားက စွန့်ပစ်မြေစာပုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ကျောက်စိမ်း လုပ်ကွက် စွန့်ပစ်မြေစာပုံတွေမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူ ဒေသခံတစ်ဦးက RFA ကိုအခုလို ပြောပါ တယ်။

"မနက် ၈ နာရီလောက်က လုံးခင်းအခြေစိုက် ရဲအယောက်နှစ်ဆယ်က လူတွေကိုမောင်းထုတ်ပြီးတော့ စက် ၁၂ လုံးကို မီးပုံရှို့တယ်။တစ်ချို့ရဲတွေက တစ်ချို့တဲတွေကဆီက အကျီင်္ အဝတ် အစားနဲ့ မှတ်ပုံ တင်တွေ ကို သိမ်းလိုက်တယ်။တဲကိုမီးမရှို့စေချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး ပိုက်ဆံတောင်းတယ်။ညနေ သုံးနာရီမှ ပဲ ပြန်သွားတယ်ဗျ"

မှော်စီစာကျေးရွာ ပတ်ဝန်းကျင် အခြေစိုက် ကျောက်တူးဖော်ရေး ကုမ္မဏီတွေက မလိုချင်တော့တဲ့ စွန့်ပစ်မြေစာ ပုံတွေမှာ တနိုင်တပိုင် လုပ်ကိုင်နေသူ အနည်းဆုံး နှစ်သောင်းကျော်လောက် ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်