Monday, December 24, 2012

မြန်မာနိုင်ငံကို အုပ်ချုပ်လိုကြောင်း မိုက်ကယ်အဲရစ်၏ ဇနီး ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted by drmyochit Monday, December 24, 2012, under | No comments

ကိုယ်ကျိုးစွန့်ကြောင်း၊ မိမိကိုယ်ကျိုးအတွက် ဘာမှမလုပ်ခဲ့ကြောင်း၊ အာဏာ မမက်မောကြောင်း ဝါဒဖြန့် ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရရှိရေးအတွက် သမ္မတဖြစ်ချင်ကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၂၃ ရက်နေ့ တွင် ပြောလိုက်ပါတယ်။

ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်၏ မယားဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မနေ့က တနင်္သာရီတိုင်း ခရီးစဉ်နောက်ဆုံး မြို့ဖြစ်တဲ့ ကျွန်းစုမြို့ အမှတ် ၄ ရပ်ကွက် မြို့သစ်အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲ မိန့်ခွန်းမှာ မြန်မာနိုင်ငံကို အုပ်ချုပ်လိုကြောင်း ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။

ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီတိုင်းကို ၂ ရက်ကြာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကော့သောင်း နဲ့ မြိတ်မြို့တွေမှာ ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပြီး၊မနက်ဖြန်မှာ မြိတ်မြို့ ကနေ ရန်ကုန် ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် တွင်းသားနှစ်ဦး ရှိပြီး နှစ်ဦးလုံးမှာ မြန်မာစကားမ တတ်သည့်အပြင် မြန်မာနိုင်ငံ တွင်လည်း နေထိုင်ခြင်း မရှိကြပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံအား အုပ်ချုပ်ရန် ဆန္ဒပြင်းပြ လျှက် ရှိပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်