Monday, December 24, 2012

FOREMOST နှင့် မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်း ပူးပေါင်း နို့သောက်သုံးမှု မြှင့်တင်ရေး စီစဉ်လျက်ရှိ

Posted by drmyochit Monday, December 24, 2012, under | No comments

Foremost နှင့် မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်းပူးပေါင်း ၍ နို့သောက်သုံးမှု မြှင့်တင်ရေး အစီအစဉ် ပြုလုပ်သွားမည်ဟု သိရ သည်။ အဆိုပါ နို့သောက်သုံးမှု မြှင့်တင်ရေးအစီအစဉ်တွင် ကျောင်း သုံးကျောင်း ရှိ ကျောင်းသားဦးရေ ၁ဝဝဝ ကို အပတ်စဉ် နို့ တိုက်ကျွေးနိုင် ရန် Foremost မှ ဆောင်ရွက် သွားမည်ဟု သိရ သည်။ 

နို့နှင့်နို့ထွက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ နို့သောက်သည့် အလေ့ အထများ ရရှိစေရန် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

အခြေခံ ကျောင်းသားများနို့တိုက်ကျွေးမှု အစီအစဉ်တွင် ပြည်ပမှ တင်သွင်းလာသည့် နို့မှုန့်၊ နို့များ တိုက်ကျွေးခြင်း ကို လက်မခံသဖြင့် Foremost မှ မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ တိုက်ကျွေးခြင်း ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှသိရသည်။ 

လက်ရှိ နို့တိုက်ကျွေးမှု အစီအစဉ်တွင် ၂ဝဝဝ ပြည့်နှစ်က စတင်၍ ကမ္ဘာ့ နို့တိုက်ကျွေးရေး နေ့အဖြစ် သတ်မှတ်ပြီး တိုက်ကျွေးခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များအသင်းမှ အခြေခံ ကျောင်းပေါင်း ၂၁ ကျောင်း တွင် ကျောင်းသား ၂၁၄ဝ ကျော်ကို အပတ်စဉ် နို့တိုက်ကျွေးကြောင်း သိရသည်။

ယခု Foremost မှ ကျောင်းသားဦးရေ ၁ဝဝဝဝ တိုးချဲ့ကာ နို့တိုက်ကျွေးမည့် အစီ အစဉ်ကြောင့် ကျောင်း သားပေါင်း ၃၁၄ဝ ကျော်ကို အပတ်စဉ်နို့တိုက်ကျွေး သွားနိုင် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှသိရသည်။ နို့သောက်သုံးမှု အစီအစဉ် အဖြစ် ကျောင်းသားများကို အပတ်စဉ် နို့ တိုက်ကျွေး မှုတွင် ယခုစာသင်နှစ် မကုန်မီတိုက်ကျွေး သွားမည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်