Monday, December 24, 2012

တည်ထားကိုးကွယ်မည့် ဝေရော စန ကျောက်စိမ်း စေတီတော်သည် အရွယ်အစား ကြီးမားသည့် အတွက် ကမ္ဘာ့အံ့ဖွယ် ဖြစ်လာနိုင်

Posted by drmyochit Monday, December 24, 2012, under | No comments

မန္တလေးတိုင်း ဒေသကြီး အောင်မြေ သာစံ မြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည့် အမရ ပူရ မြို့နယ် မြင်းမှူး ကျေးရွာအုပ်စု ဆင်ရွာ ကွင်း အတွင်း တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ကျောက်စိမ်းစတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး နာယကအဖွဲ့ ဥက္ကဋ္ဌ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးမြင့်မောင် က ယခု တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီတော်သည် ကမ္ဘာတွင် မရှိသေး ပါကြောင်း၊
ယခုမှသာ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ အရွယ်အစား ပမာဏ ကြီးမားသည့် အတွက် ကျောက်စိမ်း စေတီမှာ မြန်မာ နိုင်ငံတွင် သာမက ကမ္ဘာ့အံ့ဖွယ် ဖြစ်လာနိုင် ပါကြောင်း၊ မြန်မာ နိုင်ငံအတွက် ဂုဏ်ယူရမည့်စတီတော်ကြီး ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် တည်ထား ကိုးကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် တက်ရောက် လာကြသူများ အနေဖြင့် အကြံဥာဏ် ကောင်းများ ပေးကြ စေလိုကြောင်း၊ ပူးပေါင်း ပါဝင်ဆောင် ရွက်ရာတွင် ဝန်ကြီးဌာန အနေဖြင့် သော် လည်း ကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့်သော် လည်းကောင်း ဝိုင်းဝန်း ကုသိုလ် ယူကြစလိုကြောင်း၊ စေတီတော် တည်ဆောက်ရေး လုပ်ငန်းများ အဆင်ပစေရန် အတွက် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ဝိုင်းဝန်း အကြံပြု ဆွေးနွေး ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး နာယက အဖွဲ့ဝင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကကျာက်စိမ်းစေတီ တည်ထား ကိုးကွယ်ရန် အလှူရှင် အနေဖြင့် ရည်ရွယ် ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ စေတီပြီး စီးပါက တိုင်းဒေသကြီး အတွက် ဂုဏ်ကျက်သရေ ဆောင်လာမည် ဖြစ်ကြောင်း၊ တက်ရောက် လာကြသူများ အနေဖြင့် စေတနာ သဒ္ဓါတရား ထက်သန်စွာ အလှူပြု ခွင့်ရသည့် အချိန်တွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ စေလိုကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍ ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး ဦးစီး ကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်က ကျောက်စိမ်း စေတီနှင့်ကျာက်စိမ်း ဓမ္မာရုံ တည်ထား ကိုးကွယ်ရန် အတွက် ကျောက်စိမ်း စုဆောင်းထား ရှိမှု၊ စေတီ တည်နေရာ၊ အရွယ်အစား၊ ဥာဏ်တော် အမြင့်ပေနှင့် စေတီဆိုင်ရာ အချက် အလက်များ၊ ပါရှိမည့် ပန်းချီ ပန်းပု လက်ရာများ၊ အလှူရှင်များမှ အလှူငွေ၊ ကျောက်စိမ်း များနှင့် အခြားလှူဖွယ်ပစ္စည်းများ လာရောက်လှူဒါန်းမှု အခြေအနေ၊ စေတီအောင်မြင်စွာ တည် ထားကိုး ကွယ် နိုင်ရေးအတွက် လိုအပ် ချက်များနှင့် ဆက်လက်ဆောင်ရွက်သွား မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးတင်ပြကြကာပည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဝေရောစန ကျောက်စိမ်းစေတီတော် ပုံစံငယ်ကို ကြည့်ရှုကြည်ညိုခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်