Monday, December 24, 2012

စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ သုခကာရီအသင်းမှ နှလုံးစမ်းသပ်စက် နှင့် မြွေဆိပ်ဖြေဆေးများလှူဒါန်း

Posted by drmyochit Monday, December 24, 2012, under | No comments

စစ်ကိုင်းမြို့သုခကာရီကျန်းမာ ရေးနှင့် လူမှုကူညီရေးအသင်းမှ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ နှလုံး စမ်းသပ် စက်နှင့် မြွေဆိပ်ဖြေ ဆေးလှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကိုင်း မြို့လေး ကျွန်းမြေအုတ် ကျောင်းတိုက်၌ ကျင်းပပြုလုပ် သည်။ အခမ်းအနား၌ အသင်း ကြီး၏ နာယကလေး ကျွန်းမြေ အုတ် ကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မပ်္ပီယာ လင်္ကာရကစစ်တိုင်းပြည်သူ့ဆေးရုံ ကြီး၌ လိုအပ်လျက် ရှိသည့် (ECG) နှလုံးစမ်းသပ်စက်နှင့် မြွေ ကိုက်လူနာများအရေးပေါ် အသုံးပြုကုသနိုင်ရန်အတွက် မြွေ ဆိပ်ဖြေဆေး များလှူဒါန်းပေးရခြင်း ရည်ရွယ်ချက်တို့ကို သြ၀ါဒစကား ပြောကြားသည်။

အသင်းကြီး၏ နာယကဦးဇော်ဝင်းနှင့် ဦးကြည်ညွှန့် တို့က (ECG) နှလုံးစမ်းသပ်စက် နှင့် မြွေဆိပ်ဖြေဆေး များကိုပေး အပ်လှူဒါန်းကြရာဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်ကလက်ခံ ရယူပြီး ကျေးဇူးတင် စကားပြော ကြားသည်။စစ်ကိုင်းမြို့ပြည်သူဆေးရုံ ကြီး၌ နှလုံးရောဂါဝေဒနာရှင် များကိုအရေးပေါ် စမ်းသပ် ကုသ နိုင်ရန် ECG နှလုံးစမ်းသပ်စက် လိုအပ်နေမှုအား သုခကာရီအသင်း မှ လှူဒါန်းပေးခြင်းဖြစ်ကြောင်း (ECG) နှလုံးစမ်းသပ်စက်၏ တန်ဖိုး မှာကျပ် (၁၂) သိန်းဖြစ်ပါကြောင်း ထို့အတူ မြွေကိုက်ခံကြရသည့် လူနာ များ ကို ဖြေဆေးအလွယ် တကူမရရှိသဖြင့်အသက်ဆုံးရှုံး သည့်အခြေအနေများ မရှိကြစေ ရန် အရေးပေါ်မြွေ ဆိပ်ဖြေဆေး အလုံး ၄၀ ကို မတည်လှူဒါန်းပေး ထားခြင်းဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ပြော ပြသည်။

ဆေးရုံအုပ်ကြီးဒေါက်တာ သက်အောင်ကစစ်ကိုင်းပြည်သူ့ ဆေးရုံကြီးသို့လစဉ်မြွေကိုက်လူနာ အယောက် ၃၀ ၀န်းကျင်လာ ရောက်ကုသမှုခံယူကြကြောင်း၊ စက်တင်ဘာလ၊ အောက်တိုဘာ လနှင့် နိုဝင်ဘာလ များတွင် လူနာ အများဆုံးရောက်ရှိသည်ကိုတွေ့ ရကြောင်း၊ ယခုသုခကာရီအသင်း ကြီးမှ မတည်လှူဒါန်း ထားသည့် မြွေဆိပ်ဖြေဆေးများမှာ အိန်္ဒိယ နိုင်ငံထုတ် Asv (viper) India ဖြစ် ပြီးဖြေဆေးတစ်လုံးလျှင် ၁၇၀၀၀ ကျပ်တန်ဖိုးရှိပါကြောင်း၊ ငွေကြေး တတ်နိုင်သူများကို အရေးပေါ် ဖြေဆေးစိုက်ထုတ်ကုသပေး၍ ပြန်လည်ဆေးဖြည့် တင်းသည့်စနစ် ဖြင့် ကုသပေးမည့်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး၍ ငွေကြေးမတတ် နိုင်သည့် လူနာ များကိုအသင်း၏ ထောက်ခံချက်ဖြင့်အခမဲ့သို့မဟုတ် ဆေးတန်ဖိုးတစ်ဝက်စိုက်ထုတ်လှူ ဒါန်းခြင်း များဖြင့် ကုသပေးရန် စီစဉ်ထားကြောင်း ပြောကြား သည်ဟု သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်