Monday, December 24, 2012

"မန်းတွင် အရစ်ကျစံနစ်ဖြင့်Taxi ကားများ ၀ယ်ယူနိုင်"

Posted by drmyochit Monday, December 24, 2012, under | No comments

မန္တလေး၊ ဒီဇင်ဘာ ၂၄

မန္တလေးမြို့တွင် Taxi ကားများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။ ၀ယ်ယူလိုလျင် အာမခံပေးသူ နှစ်ယောက်လိုအပ်မည်ဖြစ်ပြီး ၀ယ်မည့်သူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရပ် ကွက်ထောက် ခံစာ၊ ရဲစခန်း ထောက်ခံစာများလိုအပ်ပြီး အာမခံပေးမည့်သူနှစ်ယောက်အတွက်လည်း အဆိုပါ အချက် အလက် များလိုအပ်မည် ဖြစ်ကြောင်း Taxi ကားအရစ်ကျရောင်းပေးမည့် Best Auto ကားအရောင်းဌာနမှ ဒုလက်ထောက်မန်နေဂျာ ဦးလှကျော်စွာကပြောသည်။

"Taxi ကားတွေကို အရစ်ကျနဲ့ရောင်းပေးသွားမှာပါ။ နှစ်နှစ်နဲ့ဝယ်ချင်တယ်ဆိုလည်း နှစ်နှစ်အရစ်ကျ၊ သုံးနှစ်နဲ့ ၀ယ်ချင် တယ်ဆိုလည်း သုံးနှစ်အရစ်ကျနဲ့ ရောင်းပေးသွားမှာပါ။ ကနဦးပေးသွင်းငွေ ၃၅သိန်းပေး သွင်း ပြီးရင် ကားကို စပေးလိုက်မယ်။ ပြီးရင် နေ့စဉ် ၁၃၀၀၀ကျပ် နှုန်းပေးသွင်းရမှာဖြစ်ပါတယ်။ ဒုတိယ အရစ် အနေနဲ့ တစ် နှစ်အတွင်း သိန်းသုံးဆယ်ကိုပေး သွင်းရမှာဖြစ် ပါတယ်။ သိန်းသုံးဆယ် ပေးသွင်းပြီး ရင်တော့ နေ့စဉ်ပေးသွင်း ငွေက သောင်းတစ်ထောင်ကျပ်ပဲ ပေးသွင်းရတော့မှာ ဖြစ်ပါတယ်။ သုံးနှစ်ပြည့် တဲ့ အချိန်မှာ ကားတစ်စီးပိုင်နိုင် အောင် စီစဉ်တာမျိုးပါ´´ဟု ဦးလှကျော်စွာက ပြောသည်။

ရောင်းချပေးမည့် ကားအမျိုးအစားများမှာ တိုင်းဒေသကြီး၏ ခွင့်ပြုချက်ဖြင့် တင်သွင်းထားသော ကားအမျိုး စားများဖြစ်ပြီး Toyota Probox, Nissan AD Van, Toyota Belta ကားအမျိုးစားများဖြစ်ကာ သုံး နှစ်အရစ်ကျဖြင့် ပေးသွင်းမည်ဆိုလျှင် ကျပ်သိန်း ၁၈၀ခန့် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ ကားတန်ဖိုး ကျေမှသာလျှင် ကားပိုင်ဆိုင်ကြောင်းအထောက်အထားများရရှိမည် ဖြစ်ပြီး သုံးနှစ်အရစ် ကျဖြင့်ပေး ၀ယ်လို သူများ သုံးနှစ်အတွင်း ပေးချေရန်ပျက်ကွက်ခဲ့ပါက ကုမ္ပဏီဘက်မှ လေးနှစ်အထိ ပေးချေနိုင်အောင် စီစဉ်ပေး သွား မည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက ကားပိုင်ဆိုင်ရန် အခွင့်လမ်းနည်းသွားမည်ဖြစ်ကြောင်း Best Auto မှ ဒုလက်ထောက်မန်နေဂျာ ဦးလှကျော်စွာမှ ပြောသည်။

"Taxi လုပ်ငန်းအနေနဲ့ ကျွန်တော်တို့အောင်မြင်ပါတယ်။ ရန်ကုန်မှာဆို ငါးခုမြောက် Taxi sale and Service Centre ကို ဖွင့်လှစ် နိုင်ခဲ့ပါပြီ။ မန်းလေးမှာကတော့ အခုမှစပြီး ဆောင်ရွက်တာပါ။ အခုလက်ရှိ ရန်ကုန်မှာ တော့ အစီး တစ်ရာကျော် ပြေးဆွဲနေပါပြီ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

"အရစ်ကျစံနစ်နဲ့ ၀ယ်နိုင်တာတော့ မဆိုးပါဘူး။ ဒါပေမယ့် မန္တလေးက ဆိုင်ကယ်မြို့တော်လေဗျာ။ ဒီမှာ Taxi ဆွဲတဲ့အခါ နန်းရှေ့ကနေ ဘုရားကြီးတစ်ကြောင်းငှားတယ်ဆိုရင် ဘုရားကြီးကနေ ဒီဘက်ကို တစ်ကြောင်း ပြန်ရဖို့မလွယ်ဘူး။ Taxi သမားတွေ တစ်ရက်တစ်သောင်းဝင်ဖို့မလွယ်ဘူးဗျ။ ၀င်တယ်ဆို ရင်တောင် ပုံမှန်မရှိ ဘူး"ဟု မန်းလေးမြို့မှ Taxi သမားတစ်ဦးက သုံးသပ်သည်။

Best Auto ကားအရောင်းဌာနမှ ကားများကို ၀ယ်ယူလိုလျှင် ကုမ္ပဏီတည်ရှိရာ ၇၁လမ်း၊ ၂၈×၂၉ လမ်းကြား ရှိ အရာင်းဌာနသို့ သွားရောက်စုံစမ်းနိုင်ကြောင်းသိရသည်။

PLP

Popular Myanamr News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်